Homeသတင်းNCA လက်မှတ်ရေးထိုးပြီးလျှင်လည်း လုံးဝအပစ်ရပ်သွားမည့်အခြေအနေမရှိနိုင်သေးဟု MPC ပြော

NCA လက်မှတ်ရေးထိုးပြီးလျှင်လည်း လုံးဝအပစ်ရပ်သွားမည့်အခြေအနေမရှိနိုင်သေးဟု MPC ပြော

-

ချစ်မင်းထွန်း – တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် NCA လက်မှတ်ရေးထိုးပြီးလျှင်လည်း လုံးဝ အပစ်ရပ်သွားမည့်အခြေအနေမရှိနိုင်သေးကြောင်း မြန်မာ

ငြိမ်းချမ်းရေးစင်တာ MPC တာဝန်ရှိသူများက ပြောသည်။

တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးပါက လုပ်ဆောင်သွားရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး စက်တင်ဘာ ၁၁ ရက်က ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်းရေးစင်တာ MPC တွင် သတင်းမီဒီယာများကို အထက်ပါအတိုင်း ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“အပစ်အခတ်ရပ်စဲရေး NCA ကို လက်မှတ်ရေးထိုးပြီးတာနဲ့ အောက်ခြေမှာ လုံးဝအပစ်အခတ်ရပ်စဲ သွားမယ်လို့ ကျွန်တော်တို့ မပြောပါဘူး။ ဒါကတော့ ရှိနေအုန်းမှာဘဲ ဘာကြောင့်လဲဆိုရင် NCA ကို လက်မှတ် ရေးထိုးပြီးမှ တိုက်ပွဲတွေကို ဘယ်လို ဖြေရှင်းကြမလဲဆိုတာကို ညိှနိှုင်းဆွေးနွေးရမှာဖြစ်ပါတယ်။ ဒါကြောင့် NCA ကို ကျွန်တော်တို့ အရင်ဆုံး လက်မှတ်ရေးထိုးကြဖို့ တိုက်တွန်းနေခြင်းဖြစ်ပါတယ်”ဟု မြန်မာငြိမ်းချမ်းရေးစင်တာ MPC အထူးအကြံပေး ဦးလှမောင်ရွှေက ပြောသည်။

လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုိင်အဖွဲ့များကိုယ်စား တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေးဆိုင်ရာ ညိှနှုိင်းရေးအဖွဲ့ NCCT နှင့် အစိုးရဘက် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC တို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA မူကြမ်းကို ၂၀၁၅ ခုနှစ် မတ် ၃၁ ရက်က ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်းရေးစင်တာ MPC တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန် ရှေ့မှောက်၌ နှစ်ဖက်ကိုယ်စားလှယ်များ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး ဖြစ်သည်။

ယင်းနောက် တိုင်းရင်းသားများဘက်က NCCT အစား လုပ်ပိုင်ခွင့်ပိုမိုရှိသော အဆင့်မြှင့်ညိှနှုိင်းရေးကိုယ်စား လှယ်အဖွဲ့ SD နှင့် အစိုးရဘက်မှ UPWC တို့ သြဂုတ် ရ ရက်နေ့တွင် ၉ ကြိမ်မြောက်ဆွေးနွေးခဲ့ကြအပြီး NCA မူချောအဆင့်ထိ သဘောတူ ညီမှုရရှိခဲ့ပြီးဖြစ်သည်။

“NCA ကို လက်မှတ်ရေးထိုးလိုက်တာနဲ့ အပစ်ရပ်သွားဖို့ မရှိဘူး၊ တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေ ကြအုံးမှာဘဲ၊ ဒါကလည်း တစ်ဖက် နဲ့ တစ်ဖက် နယ်မြေမသတ်မှတ်နိုင်တဲ့အတွက် ဖြစ်နေတာ၊ နယ်မြေသတ်မှတ်နိုင်ရင် မဖြစ်တော့ဘူး၊ ဒီလို သတ်မှတ်နိုင်ဖို့က NCA လက်မှတ်ထိုးပြီးမှ ဖြစ်နိုင်မယ်၊ ဒါမှ ဘယ်လို ဖြေရှင်းကြမလဲ ဘယ်လိုနယ်မြေသတ်မှတ်ကြမလဲ ညိှနှုိင်းပြီးတော့ တိုက်ပွဲတွေ ရပ်စဲနိုင်မှာဖြစ်ပါတယ်”ဟု NCA လုပ်ငန်း အကောင်အထည်ဖော်နိုင်ရေးညိှနှုိင်းရေး MPC ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးက ပြောသည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA မူချောအဆင့်အထိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များနှင့် အစိုးရတို့ကြား သဘောတူညီမှုရရှိထားပြီး ဖြစ်သော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ် စသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အခြေပြုလှုပ်ရှား သည့် ဒေသများတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလှျက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts