spot_img
Saturday, January 24, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်မြို့တွင် ခြေလက်တုအခမဲ့ပြုပြင်ပေး

    သံဖြူဇရပ်မြို့တွင် ခြေလက်တုအခမဲ့ပြုပြင်ပေး

    -

    ခြေတုလက်တုများကို ပြန်လည်ပြင်နေစဉ်
    ခြေတုလက်တုများကို ပြန်လည်ပြင်နေစဉ်
    မင်းစိုင်းမွန် – မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ဆေးရုံ၌ ခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာန(ဘားအံ)မှ ယနေ့(စက်တင်ဘာ ၈ ရက်)တွင် ခြေတု၊ လက်တု

    အသုံးပြုနေသူများအား အခမဲ့ပြုပြင်တပ်ဆင်ပေးခဲ့သည်ကို တွေ့ရှိရသည်။

    မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ လုပ်ငန်းပူးပေါင်းဆောင်ရွက်သော ဘားအံခြေတု လက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနမှ နယ်လည့်အစီအစဉ်ဖြင့် ပြုလုပ်ပေးခြင်းဖြစ်သည်။

    ခြေတုလက်တုပြန်လည်သန်စွမ်းရေးဌာန(ဘားအံ) ကွင်းဆင်းတာ၀န်ခံ ကိုစိုးထိုက်က “ခြေတုစီးတဲ့ လူတွေက ခြေထောက်လည်းအတုပဲ၊ ဖဝါးလည်းအတုပဲ၊ ဒီဟာတွေက ၄လ၊ ၅ လလောက်စီးရင် ပျက်စီးသွားတယ်၊ ဖဝါးပျက်တာတို့ ကြိုးပြတ်တာတို့ဆိုရင် သူတို့က ဘားအံကိုလာပြီး ပြန်လုပ်ရတယ်၊ သူတို့အတွက် စား၀တ်နေရေး အခက်အခဲရှိတယ်၊ ဒါကြောင့်ပျက်သွားရင် အသစ်လာမလဲတော့ဘဲ အပျက်အတိုင်း စီးနေကြတယ်။ ဒါကြောင့်ကျွန်တော်တို့က ဒီမှာရှိတဲ့ခြေတု စီးနေတဲ့သူတွေ စား၀တ်နေရေး အဆင်ပြေရအောင်၊ သွားရေးလာရေး အဆင်ပြေရအောင်၊ သူတို့လည်း အချိန်ကုန်သက်သာရအောင်၊ နယ်လှည့်ပြုပြင်ပေးတာ ဖြစ်တယ်” ဟု ပြောသည်။

    သံဖြူဇရပ်မြို့နယ်တွင် ခြေတုတပ်ဆင်ထားသည့် လူနာအရေအတွက် ၁၀၉ ဦးခန့်ရှိသည့်အနက် အခြားမြို့နယ်သို့ ပြောင်းရွေ့သွားသူဦးရေ ၄၀ဦးခန့် ရှိကြောင်း၊ ခြေတုလာရောက်ပြုပြင်သူများထဲတွင် မသန်းစွမ်း အားကစားသမား တစ်ချို့လည်း ပါ၀င်ကြောင်း တွေ့ရသည်။

    ခြေတုတပ်ဆင်ထားရသူ စက်ဘီးစီးပြိုင်သမား ဦးမောင်ထူးက “ ၁၉၈၅ တုန်းက ပေါ်တာဆွဲတာပါသွားတော့ ခြေထောက်က မိုင်းထိပြီးပြတ်သွားတာ အနှစ် ၃၀ လောက်ရှိပြီးပေါ့၊ ဒါပေမယ့် အခုခြေထောက်ကောင်းတဲ့သူတွေနဲ့ စက်ဘီးပြိုင်နေတယ်၊ သန်စွမ်းတဲ့ သူတွေနဲ့ ပြိုင်တာ တတိယရဖူးတယ်၊ မသန်စွမ်းတဲ့သူတွေနဲ့ပြိုင်တာကတော့ ရွေတံဆိပ်ရဖူးတယ်၊ ခြေထောက်ကို အရင်ကလည်း ဘာအံမှာ သွားပြင်ဖူးတယ်၊ အခုသူတို့ ဒီအထိလာပြင်ပေးတော့ ၀မ်းသာပါတယ်” ဟု ဆိုသည်။

    မိမိအနေဖြင့် မသန်စွမ်းသော်လည်း လာမည့် ၁၃ ရက်နေ့ သံဖြူဇရပ်၌ ကျင်းပမည့် ၄ရ မိုင်စက်ဘီးပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဟုလည်း ဦးမောင်ထူးက ဆိုသည်။

    ခြေတုလာရောက်ပြုပြင်သူများတွင် ယာဉ်မတော်တဆမူကြောင့် ခြေတုတပ်ဆင်ထားရသူ အများအပြားကိုလည်း တွေ့ရှိခဲ့သည်။

    “ဆိုင်ကယ်မှောက်ပြီးတော့ ဖြတ်လိုက်ရတာ၊ အခုဆိုရင်တစ်နှစ်လောက်ရှိပြီး၊ အခုဆိုရင်ခြေအိတ်၊ ခြေအတုတပ်ပေးတယ်၊ အခုလိုလုပ်ပေးတော့ လမ်းလျှောက်လို့လည်း ရသွားတယ်လေ၊ ၀မ်းလည်း၀မ်းသာပါတယ် ” ဟု ခြေတုလာရောက်ပြုပြင်သူ ဦးအောင်ကျော်ထွန်းက ပြောသည်။

    ဘာအံ ခြေတုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနမှ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနသာင်္ရီတိုင်း၊ ကယားပြည်နယ်၊ ပဲခူးတိုင်းအရှေ့ခြမ်းတို့တွင် ခြေတုလက်တု အခမဲ့ပြုပြင််မူများနယ်လှည့် ဆောင်ရွက် ပေးလှျက်ရှိကြောင်း သိရသည်။

    ထို့အပြင် ခြေလက်တုအကြီးစားပြင်ဆင်မူများ၊ အသစ်လဲလှယ်ရန်လိုအပ်သူများကို ဌာနသို့ ပြန်လည်ပေးပို့မည်ဖြစ်ကြောင်း၊ ယင်းနယ်လှည့်ခြေတုပြုပြင်ရေး အစီအစဉ်သည် မွန်ပြည်နယ်ရှိ မြို့နယ်တိုင်းတွင် သွားရောက်ပြုပြင်ပေးလှျက်ရှိပြီး မော်လမြိုင်မြို့နယ်နှင့် ချောင်းဆုံမြို့နယ်များသို့ သွားရောက်မည့် အစီအစဉ်ကျန်ရှိနေသေးသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts