spot_img
Monday, September 9, 2024
More
    spot_img
    Homeသတင်းမွန်အမျိုးသားအကျိုးသယ်ပိုးမည့်ပါတီကို ထောက်ခံမဲပေးရန် NMSP တိုက်တွန်း

    မွန်အမျိုးသားအကျိုးသယ်ပိုးမည့်ပါတီကို ထောက်ခံမဲပေးရန် NMSP တိုက်တွန်း

    -

    ဝံသမွန် – မွန်အမျိုးသားအကျိုးကို အမှန်တကယ် သယ်ပိုးမည့် ရွေးကောက်ပွဲဝင် မွန်နိုင်ငံရေးပါတီကို အားပေးထောက်ခံ မဲပေးကြရန် မွန်ပြည်သစ်ပါတီ(ဗဟို)က သြဂုတ်လ ၃၀ ရက်တွင်ကျရောက်သည့် ၆၈ ကြိမ်မြောက်မွန်တော်လှန်ရေးနေ့ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

    ကြေညာချက်ဖတ်ကြားသူ MNLA အမှတ်(၅) တပ်ရင်းမှူး ဒု- ဗိုလ်မှူးကြီး M စိုက်ချမ်းက “ ကျွန်သက်ရှည်ကြာခဲ့သည်နှင့်အမျှ အမြင်သဘောထား ပိိ်ုမိုကွဲပြားလာခြင်းကြောင့် အနာဂတ်အတွက် “ ကျွန်အမွေ” များကိုလက်ဆင့်ကမ်းသလို ဖြစ်ပေလိမ့်မည်။ ယနေ့ကာလတွင် ပုဂ္ဂိုလ်ရေးအကျိုးစီးပွားနှင့် မွန်တစ်မျိုးသားလုံးစည်းလုံးညီညွတ်ရေးတို့အကြား မည်သည့်အတွက်အလေးထား ရမည်ကို လေးလေးနက်နက် စီစစ်ခွဲခြားနိုင်ရန် လိုပါတယ်” ဟု
    ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူဒေသ၊ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ဂျပန်ရေတွင်းရွာ၌ ကျင်းပသော မွန်တော်လှန်ရေးနေ့အခမ်းအနားတွင် ယင်းသို့ကြေညာချက် ဖတ်ကြားခဲ့ခြင်း ဖြစ်သည်။

    မွန်အမျိုးသားများ နိုင်ငံရပ်ခြားတွင်အသက်မွေးဝမ်းကြောင်းရှာဖွေမှုများနေသည့်အတွက် မဲပေးခွင့်နည်းနေခြင်း၊ မွန်နိုင်ငံရေးပါတီ များပြားနေသည့်အပေါ်တွင် မွန်ပြည်သူများ အမြင်သဘောထားရှုပ်ထွေးနေခြင်း၊ လွှတ်တော်အတွင်း မွန်အမတ်များ နေရာများများရရှိုရေးနှင့်ပတ်သက်ပြီးများစွာ ထိခိုက်စေသည်ဟုလည်း ကြေညာချက်တွင် ဖော်ပြသည်။

    လာမည့် ၂၀၁၅ ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် မွန်နိုင်ငံရေးပါတီများဖြစ်သည့် မွန်အမျိုးသားပါတီ MNP၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP နှင့် အမျိုးသမီး (မွန်) ပါတီ ကိုယ်စားလှယ်လောင်းများအသီးသီး ဝင်ရောက်ယှဉ်ပြိုင်သည့်အခါ မွန်တိုင်းရင်းသားတို့၏ ဆန္ဒမဲများ ပြန့်နှံ့သွားမည့်အခြေအနေရှိနေကြောင်း လေ့လာတွေ့ရှိရသည်။

    မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်က “ မွန်တွေမှာ အခုနိုင်ငံရေးပါတီတွေက ၃ ခုဖြစ်နေတယ်၊ ရွေးကောက်ပွဲကလည်း မဖြစ်မနေလုပ်မယ်ဆိုတော့ မဲပေးကြရမှာပဲ၊ ကျနော်တို့ပေးလိုက်တဲ့ဆန္ဒမဲဟာ မွန်အမျိုးသားအကျိုးကို အမှန်တကယ် သယ်ပိုးနိုင်မယ့်သူတွေအတွက်ပဲ ဖြစ်သင့်တယ်၊” ဟု လွတ်လပ်သောမွန်သတင်း အေဂျင်စီကို IMNA နှင့် လွန်ခဲ့သောသီတင်းပတ် တွေ့ဆုံမေးမြန်းချက်တစ်ရပ်တွင် ပြောကြားခဲ့သည်။

    ယနေ့ မိမိတို့တောင်းဆိုနေသော မွန်အမျိုးသားအခွင့်အရေးဆိုသည်မှာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ဖြစ်ကြောင်း၊ ယင်းသို့ ဖန်တီးနိုင်ရန် နိုင်ငံရေးတွင်ပါဝင်လှုပ်ရှားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးအသိနိုးကြားဖို့လည်း လိုအပ်ကြောင်း သူက တိုက်တွန်းပြောကြားခဲ့သည်။

    လွှတ်တော်အတွင်း တိုက်ပွဲနှင့် လက်နက်ကိုင်တိုက်ပွဲတစ်ဆက်စပ်တည်းဟန်ချက်ညီညီ ဆက်စပ်လှုပ်ရှားရန်လည်း လိုသည်။ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု အမြန်ပေါ်ထွန်းရေးအတွက် ဘဝတူ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အများစု၏တပ်ပေါင်းစုဖြစ်သော (UNFC) နှင့် အတူ ပူးပေါင်းလက်တွဲ တိုက်ပွဲဝင်သွားရန်လည်း လိုအပ်ကြောင်း ၆၈ မွန်တော်လှန်ရေးနေ့၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

    အလားတူ ၆၈ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနားကို မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်၊ မော်လ မြိုင်ခရိုင်ဌာချုပ်၊ သထုံခရိုင်ဌာနချုပ်တွင်လည်းကောင်း၊ ထားဝယ်ခရိုင်ဌာနချုပ်တွင် စစ်ရေးပြအခမ်းအနားဖြင့် ကျင်းပခဲကြောင်း သိရသည်။

    ထို့အပြင် ရန်ကုန်၊ လမိုင်း၊ ပေါင်၊ သံဖြူဇရပ်မြို့နယ်နှင့် ကွယ်လွန်ခဲ့သော မွန်အမျိုးသားခေါင်းဆောင်များ ဂူဗိမာန်များရှိရာ မုဒုံမြို့နယ် ဝင်းစိန်တောရ ကျောက်တစ်ဆရာတော် ကျောင်းဝင်း တို့တွင်လည်း အခမ်းအနားများ ပြုလုပ်ခဲ့ကြသည်။

    ၁၉၄၈ ခုနှစ်(ကောဇာသက္ကရာဇ် ၁၃၁၀ ခုနှစ်၊ ဝါခေါင်လပြည့်နေ့) တွင် မွန်လူငယ်များ လက်နက်စွဲကိုင်ပြီး ဇာသပြင်ရဲစခန်းမှအစပြု၍ မော်လမြိုင်၊ သထုံခရိုင်တို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည့်နေ့ကို မွန်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    27,700SubscribersSubscribe
    spot_img

    Latest posts