spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်တွင် အရပ်သားအပစ်အခတ်ရပ်စဲရေး စောင့်ကြည့်လေ့လာရေးကော်မတီရုံးဖွင့်လှစ်

    ရေးမြို့နယ်တွင် အရပ်သားအပစ်အခတ်ရပ်စဲရေး စောင့်ကြည့်လေ့လာရေးကော်မတီရုံးဖွင့်လှစ်

    -

    အပစ်ရပ်စောင့်ကြည့်လေ့လာရေးကော်မတီရုံးဖွင့်လှစ်ပွဲ-ရေးမြို့(AK)
    အပစ်ရပ်စောင့်ကြည့်လေ့လာရေးကော်မတီရုံးဖွင့်လှစ်ပွဲ-ရေးမြို့(AK)
    လွတ်လပ်သော မွန်သတင်းအေဂျင်စီ – မွန်ပြည်နယ် အရပ်သား အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်လေ့လာရေး ကော်မတီ၏ ဦးစီးမှုဖြင့် ရေးမြို့နယ် ကော်မတီရုံး ဖွင့်ပွဲ

    ကို သြဂုတ်လ ၂၄ ရက်နေ့တွင် ရေးမြို့၊ သီရိခေမာရပ်ကွက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

    ပြည်နယ် ကော်မတီ၊ တွဲဖက်အတွင်းရေးမှူး မင်းစိုးနိုင် က “ဒီအပစ်အခတ်ရပ်စဲရေး စောင့်ကြည့်လေ့လာရေးလုပ်ငန်းစဉ်ဟာ လက်နက်ကိုင် အဖွဲ့အစည်းနှစ်ခုကြားမှာ လုပ်ရတဲ့အတွက် ခက်ခဲနက်နဲတယ်။ အမှားအယွင်း ရှိလို့ မရဘူး။ အောက်ခြေကျေးရွာမှာ ရှိတဲ့ လူထုတွေအားလုံး သဘောတရားတွေကို နားလည်မှ ကျွန်တော်တို့ လုပ်ငန်းစဉ် ရှေ့ဆက်လုပ်နိုင်မယ်။ ကျေးရွာလူထုတွေကို အမြင့်ဖွင့်သင်တန်းတွေ ဆက်တိုက်လုပ်သွားနိုင်ဖို့ မြို့နယ်ရုံး ဖွင့်ရခြင်း ဖြစ်တယ်” ဟု ပြောသည်။

    ရုံးဖွင့်ပွဲ အခမ်းအနားသို့ ရေးမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဦးစီးအရာရှိ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့၊ နာရေးကူညီမှုအသင်း၊ အလင်းအိမ်စာဖတ်အသင်းနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း ၃၀ ဝန်းကျင် တက်ရောက်ကြသည်။

    ရေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမိုးဇော်နိုင် က “အထက်အဖွဲ့အစည်းအချင်းချင်း လေ့လာနေတာထက် လက်ရှိမြေပြင်မှာ ဖြစ်နေတာကို စောင့်ကြည့်လေ့လာတဲ့အဖွဲ့က တင်ပြနိုင်မယ်ဆိုရင် ပိုပြီးကောင်းမှာ ဖြစ်သလို ဘက်ပေါင်းစုံကလည်း မြင်နိုင်လိမ့်မယ်” ဟု ဖွင့်ပွဲတွင် ပြောသည်။

    မွန်ပြည်နယ် အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်လေ့လာရေး ကော်မတီအနေနှင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ မွန်ပြည်နယ် မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့နယ်နှင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်များမှ သင်တန်းသားများကို ခေါ်ယူပြီး မြို့နယ် ၅ မြို့နယ်တွင် အမြင်ဖွင့်သင်တန်း ၁၄ ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်သည်ဟု ပြည်နယ်ကော်မတီ အတွင်းရေးမှူး မင်းအောင်ထူး က ပြောသည်။

    “ကျွန်တော်တို့က မွန်ပြည်သစ်ပါတီ တပ်ဖွဲ့နဲ့ အစိုးရတပ်တွေ စစ်ရေးအရ ထိတွေ့လေ့ရှိတဲ့ဒေသမှာ စောင့်ကြည့်လေ့လာမှု လုပ်နိုင်ဖို့ သင်တန်းဖွင့်ရင်လည်း အဲဒီဒေသက သင်တန်းသားတွေကို ဦးစားပေး ဖိတ်ပါတယ်။ ကျေးရွာအဆင့် ကော်မတီ ဖွဲ့နိုင်ဖို့လည်း ကြိုးစားသွားမယ်” ဟု သူက ပြောသည်။

    ကော်မတီ၏ လုပ်ငန်းစဉ်များ အကောင်အထည်ပေါ်နိုင်ရန်အတွက် ပြည်နယ်အစိုးရနှင့် မွန်ပြည်သစ်ပါတီသို့ ချဉ်းကပ်ခြင်း၊ ကျေးလက်ဒေသသို့ သွားရောက်ကာ အမြင်ဖွင့်သင်တန်းများ ပို့ချခြင်းနှင့် မြို့နယ်အဆင့် ကော်မတီကို ဖွဲ့စည်းခြင်းများ ပြုလုပ်ခဲ့ပြီး လက်ရှိတွင် မွန်ပြည်နယ် မုဒုံ၊ ကျိုက်မရော၊ သံဖြူဇရပ်၊ ရေးမြို့နယ်များနှင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် မြို့နယ်ရုံးများကို ဖွင့်လှစ်ထားပြီး ဖြစ်သည်ဟုလည်း သူက ပြောသည်။

    ကော်မတီ ဖွဲ့စည်းနိုင်ရန်အတွက် ၂၀၁၃ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများစသည်တို့မှ ကိုယ်စားလှယ် ၁၁၈ ဦး တက်ရောက်သည့် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို မော်လမြိုင်မြို့ရှိ ရွှေမြင့်မိုရ်ထွန်းဟိုတယ်တွင် ပြုလုပ်ခဲ့ပြီး၊ ၁၅ ဦး ပါဝင်သည့် ဖြစ်မြောက်ရေး ကော်မတီကို ဖွဲ့စည်းလှုပ်ရှားလာခဲ့ရာမှ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့တွင် မွန်ပြည်နယ် အရပ်သား အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်လေ့လာရေး ကော်မတီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks