spot_img
Wednesday, February 11, 2026
More
    spot_img
    Home၂၀၁၅ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၁၅ ရွေးကောက်ပွဲ သတင်းAMDP ကိုယ်စားလှယ်လောင်းအမည်စာရင်း ၃၃ ဦးသာတွေ့ရှိသေး

    AMDP ကိုယ်စားလှယ်လောင်းအမည်စာရင်း ၃၃ ဦးသာတွေ့ရှိသေး

    -

    ပြက္ခဒိန် AMDP(Copy)
    ပြက္ခဒိန် AMDP(Copy)
    မိဟံသာ – လာမည့် ၂၀၁၅ နိုဝင်ဘာလ ၈ ရက်နေ့ရွေးကောက်ပွဲအတွက် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ (AMDP) ကိုယ်စာလှယ်လောင်း ၃၅ ဦး အမည်စာရင်းတင်သွင်းထားသည်ဟုဆိုသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အင်တာနက်ဝဘ်ဆိုက် (သြဂုတ်လ ၁၃ ရက်နေ့စာရင်းအရ) လက်ရှိဖော်ပြချက်တွင် ၃၃ ဦးသာ တွေ့ရှိရသေးသည်။

    ရွေးကောက်ပွဲအတွက် အမည်စာရင်းတင်သွင်းသည့် နောက်ဆုံးရက် သြဂုတ် ၁၄ ရက်နေ့အပြီးသတ် အမည်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အင်တာနက်ဝဘ်ဆိုက်တွင် ယနေ့အထိ ဖော်ပြထားခြင်းမရှိပေ။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အင်တာနက်စာမျက်နှာဖော်ပြချက်အရ မွန်ပြည်နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေများတွင် ဒေါက်တာနိုင်လှအောင် (ကျိုက်မရော)၊ ဦးလှမောင်(ခ)နိုင်လှမောင် (ချောင်းဆုံ)၊ ဦးသန်းရွှေ (သံဖြူဇရပ်)၊ ဦးမင်းမြရှိန် (မုဒုံ)၊ နိုင်ချမ်းတွဲ့ (ရေး)နှင့် နိုင်မောင်မောင် (ပေါင်)တို့ ၆ ဦးပါဝင်သည်။

    မွန်ပြည်နယ် အမျိုးသားလွှတ်တော် ဆန္ဒနယ်မြေများတွင် အမှတ် ၃ နယ်မြေ (ကျိုက်မရော) ဒေါ်မြင့်မြင့်ဝေ၊ အမှတ် ၄ နယ်မြေ (ချောင်းဆုံ) ဦးရဲထွဋ်အောင်၊ အမှတ် ၅ နယ်မြေ (သံဖြူဇရပ်) ဦးရွှေလူး(ခ)မင်းရွှေလူး၊ အမှတ် ၆ နယ်မြေ (မုဒုံ) ဒေါ်သဇင်ထွေး(ခ)မိသဇင်၊ အမှတ် ၇ နယ်မြေ (ရေး) ဦးနိုင်အောင်ဘ(ခ)အံက်သာ၊ အမှတ် ၈ နယ်မြေ (ရေး) မိမြင့်သန်းနှင့် အမှတ် ၁၀ နယ်မြေ (ပေါင်)မှာ ဦးဗိုလ်ဝင်း ၇ ဦးကို တွေ့ရှိရသည်။

    မွန်ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေတွင် ဦးခင်မောင်ဆင့် (ကျိုက်မရော-၁)၊ ဦးစံတင် (ကျိုက်မရော-၂)၊ ဒေါက်တာအောင်နိုင်ဦး (ချောင်းဆုံ-၁)၊ ဦးဝင်းထွဋ်(ခ)ဦးမြဝင်း (ချောင်းဆုံ-၂)၊ ဦးကျန်ရစ် (သံဖြူဇရပ်-၁)၊ ဦးနိုင်ဦး (သံဖြူဇရပ်-၂)၊ ဦးကွန်းချမ်း (မုဒုံ-၁)၊ ဒေါက်တာမင်နွယ်စိုး (မုဒုံ-၂)၊ မိလဝီဟန် (ရေး-၂)၊ ဦးသက်ထွန်းမောင် (ပေါင်-၁)နှင့် ဦးချမ်းမြင့် (ပေါင်-၂) ကိုယ်စားလှယ်လောင်း ၁၁ ဦးပါဝင်သည်ဟု ဖော်ပြထားသည်။

    ကရင်ပြည်နယ် ပြည်သူ့လွှတ်တော်ဆန္ဒနယ်မြေတွင် ဦးမင်းပန်းအေး (ကော့ကရိတ်)၊ ကရင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် အမှတ် ၁၂ (ကြာအင်းဆိပ်ကြီး) ဒေါ်ကေသီခိုင် နှင့် ကရင်ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေတွင် မင်းဝဏ္ဍကြီး (ကော့ကရိတ်-၂)နှင့် မွန်တိုင်းရင်းသားကိုယ်စားလှယ် နိုင်မင်းတင်ထွန်းတို့ ဖြစ်သည်။

    တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ဆန္ဒနယ်မြေတွင် ဦးအောင်မျိုးခိုင် (ရေဖြူ)၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ အမှတ် ၄ ဦးနိုင်မင်းနိုင် (သရက်ချောင်း)၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် ဦးမောင်ကြိုင်(ခ)နိုင်ဝင်းမွန် (ပုလော-၂)၊ မိသန်းမြင့် (ရေဖြူ-၁)နှင့် ဦးခင်မောင်မြင့် (ရေဖြူ-၂)တို့ ပါဝင်ယှဉ်ပြိုင်မည်။

    သို့ရာတွင် AMDP ပါတီထုတ်ပြန်သောစာရင်းအရ ကရင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ အမှတ် ၁၀ (ကော့ကရိတ်မြို့နယ်) မှ မင်းမျိုးတင့်လွင်နှင့် မွန်ပြည်နယ်၊ ပြည်နယ်လွှတ်တော် ရေး (၁) ဦးသံကြိုးတို့သည် လက်ရှိအမည်စာရင်းတွင် ကိုယ်စားလှယ်လောင်းအမည်စာရင်းမပါရှိသော်လည်း သတ်မှတ်ရက်များတွင် အချိန်မီတင်သွင်းပြီးပြီဟု သိရှိရသည်။

    ၂၀၁၀ ရွေးကောက်ပွဲတွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီအနေဖြင့် ကိုယ်စားလှယ်လောင်း ၃၄ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသားလွှတ်တော် ၄ ဦး၊ ပြည်သူ့လွှတ်တော် ၃ ဦး၊ မွန်ပြည်နယ်လွှတ်တော် ၇ ဦး၊ ကရင်ပြည်နယ်လွှတ်တော် ၂ ဦး စုစုပေါင်း ၁၆ ဦး မဲအနိုင်ရရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks