spot_img
Wednesday, February 11, 2026
More
    spot_img
    Home၂၀၁၅ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၁၅ ရွေးကောက်ပွဲ သတင်းမွန်အမျိုးသားပါတီကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းမှုအခြေအနေ

    မွန်အမျိုးသားပါတီကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းမှုအခြေအနေ

    -

    မွန်အမျိုးသားပါတီ၏ နိုင်ငံရေးမူူဝါဒလမ်းစဉ်(Copy)
    မွန်အမျိုးသားပါတီ၏ နိုင်ငံရေးမူူဝါဒလမ်းစဉ်(Copy)
    လယီဂွန်း – လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မွန်အမျိုးသား

    ပါတီ (MNP) ကိုယ်စားလှယ်လောင်း ၄၉ ဦးအမည်စာရင်းတင်သွင်းခဲ့ကြောင်း လွတ်လပ်သောမွန်သတင်းအေဂျင်စီက စိစစ်တွေ့ရှိရသည်။

    ကိုယ်စားလှယ်လောင်းများတွင် ပြည်သူ့လွှတ်တော် ၁၁ ဦး၊ အမျိုးသားလွှတ်တော် ၁၃ ဦး၊ တိုင်းနှင့်ပြည်နယ်လွှတ်တော် ၂၅ ဦးပါဝင်ယှဉ်ပြိုင်မည်ဟု ပဏာမစိစစ်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

    မွန်ပြည်နယ် ပြည်သူ့လွှတ်တော် ဆန္ဒနယ်မြေများတွင် ဦးမင်းဇေယျာဦး(မော်လမြိုင်)၊ ဦးအုန်းဖေ(ကျိုက်မရော)၊ ဒေါက်တာစည်သူအောင်(ချောင်းဆုံ)၊ မိချောစုလတ်(သံဖြူဇရပ်)၊ မိကျင်သန်း(ခ) မိလေးမွန် (မုဒုံ)၊ နိုင်စိန်မြမောင်(ရေး)၊ မိကြည်ကြည်မွန်(ပေါင်)၊ ဦးအောင်ကြိုင်(ကျိုက်ထို) တို့ ၈ ဦးပါဝင်သည်။

    အမျိုးသားလွှတ်တော် မွန်ပြည်နယ်မဲဆန္ဒနယ်များ၌ အမှတ် ၁ နယ်မြေ(မော်လမြိုင်)တွင် မိနွယ်နွယ်လင်း၊ အမှတ် ၃ နယ်မြေ(ကျိုက်မရော)တွင် မိစန္ဒာနွန်၊ အမှတ် ၄ နယ်မြေ(ချောင်းဆုံ)တွင် ဦးထွန်းထွန်းနိုင်၊ အမှတ် ၅ နယ်မြေ(သံဖြူဇရပ်)တွင် နိုင်ဃောသိုက်(ခ) နိုင်ထောအိန်၊ အမှတ် ၆ နယ်မြေ(မုဒုံ)တွင် နိုင်ဗညာချမ်း၊ အမှတ် ရ နယ်မြေ(ရေး)တွင် နိုင်သီဟ၊ အမှတ် ၈ နယ်မြေ(ရေး)တွင် နိုင်အောင်လဝီမွန်၊ အမှတ် ၁၀ နယ်မြေ(ပေါင်)တွင် နိုင်ထောရွတ်တို့ ၈ ဦးပါဝင်ကြောင်း သိရသည်။

    မွန်ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေတွင် ဒေါ်လှလှရီ(မော်လမြိုင်-၁)၊ နိုင်မင်းကျော်(မော်လမြိုင်-၂)၊ ဦးဟရွဲ(ကျိုက်မရော-၁)၊ မိစန်းယုမွန်(ကျိုက်မရော-၂)၊ နိုင်စိုးမြင့်(ချောင်းဆုံ-၁)၊ နိုင်တင်လှုိင်ဦး(ချောင်းဆုံ-၂)၊ ဦးမင်းသီဟ(သံဖြူဇရပ်-၁)၊ နိုင်လယိတမ(သံဖြူဇရပ်-၂)၊ ဦးမောင်ဝမ်း(မုဒုံ-၁)၊ ဒေါက်တာမင်းကြည်ဝင်း(မုဒုံ-၂)၊ ဒေါက်တာမင်းစိုးလင်း(ရေး-၁)၊ ဦးမင်းကံလင်း(ရေး-၂)၊ ဦးမျိုးဝေ(သထုံ-၁)၊ ဒေါက်တာတင်မျိုးလွင်(သထုံ-၂)၊ ဦးမွန်စိန်အောင်(ပေါင်-၁)၊ ဦးဘထောက်(ပေါင်-၂)၊ ဦးစံသိန်း(ကျိုက်ထို-၁)၊ ဦးရင်သောင်း(ကျိုက်ထို-၂) ကိုယ်စားလှယ်လောင်း ၁၈ ဦး ပါဝင်သည်ကို တွေ့ရှိသည်။

    ကရင်ပြည်နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေတွင် ဦးသာတင်(ဘားအံ)၊ နိုင်ထွေးရှိန်(ကြာအင်းဆိပ်ကြီး) တို့ပါဝင်ယှဉ်ပြိုင်မည် ၂ ဦးဝင်ရောက်မည် ဖြစ်သည်။

    ကရင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များ၌ အမှတ် ၁-(ဘားအံ)တွင် နိုင်ထွန်းဖေ၊ အမှတ် ၁၀ (ကော့ကရိတ်)တွင် နိုင်သောင်းရှိန်၊ အမှတ် ၁၂ (ကြာအင်းဆိပ်ကြီး)ဦးအောင်ဆန်း တို့ ၃ ဦးပါဝင်သည်။

    ကရင်ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေတွင် ဦးဘသိန်း(ဘားအံ-၂)၊ ဦးမင်းပါးလေး(ကော့ကရိတ်-၂)၊ နိုင်အောင်မိန်(ကြာအင်းဆိပ်ကြီး-၁)၊ ဦးမင်းထွန်းလွင်(ကြာအင်းဆိပ်ကြီး-၂) ကိုယ်စားလှယ်လောင်း ၄ ဦးတို့အပြင် မွန်တိုင်းရင်းသားလူမျိုးကိုယ်စားလှယ်လောင်းအဖြစ် နိုင်ချစ်ဦး ပါဝင်ယှဉ်ပြိုင်မည်ဟု သိရသည်။

    တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ပြည်သူ့လွှတ်တော်၌ ဦးမင်းကျော်ဝင်း ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသည်။

    တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်မြေများတွင် ဒေါ်ထွေးထွေးလွင်(ရေဖြူ-၂)၊ ဒေါ်ပန်းရီ(ကော့သောင်း-၂) တို့ ကိုယ်စားလှယ် ၂ ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

    တနင်းသာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေများတွင် အမှတ် ၄ (ရေဖြူ) ဒေါ်မာမာအေး၊ အမှတ် ၁၁ (ကော့သောင်း) ဦးမောင်အေး တို့ဖြစ်သည်။

    အဆိုပါ မွန်အမျိုးသားပါတီ ကိုယ်စားလှယ်လောင်းများအမည်စာရင်းသည် သြဂုတ်လ ၁၃ ရက်နေ့ပါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဝဘ်ဆိုက်ဖေါ်ပြချက်ကို အခြေခံထားခြင်းဖြစ်ပြီး အမည်စာရင်းနောက်ဆုံးတင်သွင်းမည့် သြဂုတ်လ ၁၄ ရက်နေ့အတည်ပြုစာရင်းများကို မတွေ့ရှိရသေးသဖြင့် ကိုယ်စားလှယ်လောင်းအရေအတွက် အပြောင်းအလဲများဖြစ်ပေါ်နိုင်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks