spot_img
Wednesday, February 11, 2026
More
    spot_img
    Home၂၀၁၅ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၁၅ ရွေးကောက်ပွဲ သတင်းမွန်ပြည်နယ် NLD ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်း

    မွန်ပြည်နယ် NLD ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်း

    -

    NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်(Internet)
    NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်(Internet)
    လယီဂွန်း – ၂၀၁၅ ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် မွန်ပြည်နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ကိုယ်စားလှယ်လောင်း ၄၃ ဦး ပြည်ထောင်စု

    ရွေးကောက်ပွဲကော်မရှင်သို့ အမည်စာရင်းတင်သွင်းခဲ့ကြောင်း လွတ်လပ်သောမွန်သတင်းအေဂျင်စီက စိစစ်တွေ့ရှိရသည်။

    ကိုယ်စားလှယ်လောင်းများတွင် ပြည်သူ့လွှတ်တော် ၁၀ ဦး၊ အမျိုးသားလွှတ်တော် ၁၂ ဦး၊ တိုင်းနှင့်ပြည်နယ်လွှတ်တော် ၂၁ ဦးပါဝင်ယှဉ်ပြိုင်မည်ဟု စိစစ်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

    မော်လမြိုင်မြို့နယ်မဲဆန္ဒနယ်မြေ၌ ပြည်သူ့လွှတ်တော် ဦးနိုင်သောင်းညွန့်၊ အမျိုးသားလွှတ်တော် အမှတ်-၁ နယ်မြေ ဦးအေးမင်းဟန်၊ အမှတ်-၂ နယ်မြေ ဒေါ်နွယ်နွယ်အောင်၊ ပြည်နယ်-၁ ဦးမင်းထင်အောင်ဟန်၊ ပြည်နယ်-၂ ဒေါက်တာထိန်းလင်းတို့ ၅ဦး ပါဝင်ကြောင်း သိရသည်။

    ကျိုက်မရောမြို့နယ်ယ်မဲဆန္ဒနယ်မြေ၌ ပြည်သူ့လွှတ်တော် ဦးစောကျော်ဝင်းမောင်၊ အမျိုးသားလွှတ်တော် အမှတ်-၃ နယ်မြေ ဦးခင်ဇော်ဦး၊ ပြည်နယ်-၁ ဒေါ်ခင်မျိုးမြင့်၊ ပြည်နယ်-၂ ဦးနီလတ် ၄ ဦးတို့ပါဝင်သည်။

    ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်မြေ၌ ပြည်သူ့လွှတ်တော် ဒေါ်ခင်ဌေးကြွယ်၊ အမျိုးသားလွှတ်တော် အမှတ်-၄ နယ်မြေ ဦးလင်းတင်ဌေး၊ ပြည်နယ်-၁ ဦးစောလင်းအောင်၊ ပြည်နယ်-၂ ဒေါ်ကြည်ကြည်မြ၊ ၄ ဦး ပါဝင်သည်ကို တွေ့ရသည်။

    သံဖြူဇရပ်မြို့နယ် မဲဆန္ဒနယ်မြေ၌ ပြည်သူ့လွှတ်တော် ဦးဉာဏ်ဟိန်း၊ အမျိုးသားလွှတ်တော် အမှတ်-၅ နယ်မြေ ဒေါ်မြတ်သီတာထွန်း၊ ပြည်နယ်-၁ ဒေါ်တင်အိ၊ ပြည်နယ်-၂ ဦးထွန်းဌေး တို့ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။

    မုဒုံမြို့နယ် မဲဆန္ဒနယ်မြေ၌ ပြည်သူ့လွှတ်တော် ဦးစောထွန်း၊ အမျိုးသားလွှတ်တော် အမှတ်-၆ နယ်မြေ ဦးဖေတင်၊ ပြည်နယ်-၁ ဒေါ်မြသိင်္ဂ ီမော်၊ ပြည်နယ်-၂ ဦးမျိုးထွန်း တို့ပါဝင်သည်။

    ရေးမြို့နယ် မဲဆန္ဒနယ်မြေ၌ ပြည်သူ့လွှတ်တော် ဒေါက်တာအောင်ထွန်းခိုင်(ခ)ဦးချိန်ဝင်း၊ အမျိုးသားလွှတ်တော် အမှတ်-ရ နယ်မြေ ဦးမြသောင်း(ခ)ဦးဗိုလ်သောင်း၊ အမှတ်-၈ နယ်မြေ ဦးမျိုးဝင်း၊ ပြည်နယ်-၁ ဒေါ်နော်နုနုဝါ၊ ပြည်နယ်-၂ ဦးချစ်တင် တို့ ၅ဦး ပါဝင်ကြောင်း သိရသည်။

    သထုံမြို့နယ် မဲဆန္ဒနယ်မြေ၌ (ပြည်သူ့လွှတ်တော်) ဒေါ်မာမာခိုင်၊ အမျိုးသားလွှတ်တော် အမှတ်-၉ နယ်မြေသထုံ ဒေါက်တာဇော်လင်းထွဋ်တို့ ၂ ဦး ပါဝင်သည်။

    ပေါင်မြို့နယ် မဲဆန္ဒနယ်မြေ၌ ပြည်သူ့လွှတ်တော် ဒေါ်မိကွန်ချမ်း၊ အမျိုးသားလွှတ်တော် အမှတ်-၁၀ နယ်မြေ ဦးစိုးသီဟ(ခ)မောင်ထူး၊ ပြည်နယ်-၁ ဦးထွန်းမင်းအောင်နှင့် ပြည်နယ်-၂ ဦးဇော်ဇော်ထူး တို့ ၄ဦး ပါဝင်သည်ကို တွေ့ရသည်။

    ကျိုက်ထိုမြို့နယ် မဲဆန္ဒနယ်မြေ၌ ပြည်သူ့လွှတ်တော် ဒေါက်တာခင်ဆောင်၊ အမျိုးသားလွှတ်တော် အမှတ်-၁၁ နယ်မြေ ဦးလှမြင့်(ခ)ဦးလှမြင့်သန်း၊ ပြည်နယ်-၁ ဦးဝဏ္ဏကျော်နှင့် ပြည်နယ်-၂ ဒေါက်တာအေးဇံ တို့ ၄ဦး ပါဝင်သည်။

    ဘီးလင်းမြို့နယ် မဲဆန္ဒနယ်မြေ၌ ပြည်သူ့လွှတ်တော် ဦးတင်ကိုကိုုဦး(ခ)အတွတ်၊ အမျိုးသားလွှတ်တော် အမှတ်-၁၂ နယ်မြေ ဒေါ်သီရိရတနာနှင့် ပြည်နယ်-၁ ဒေါက်တာခင်နိုင်ဦး၊ ပြည်နယ်-၂ ဦးမင်းမင်းဦး ၄ဦး ပါဝင်ကြောင်း သိရသည်။

    ထို့အတူ မွန်ပြည်နယ်လွှတ်တော်တိုင်းရင်းသားကိုယ်စားလှယ်လောင်းအဖြစ် ဗမာတိုင်းရင်းသား ဦးရွှေမြင့်၊ ကရင်တိုင်းရင်းသား စောအောင်မြင့်ခိုင်၊ ပအိုဝ်းတိုင်းရင်းသား ဒေါ်စံဝင့်ဝိုင် တို့ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။

    အဆိုပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ကိုယ်စားလှယ်လောင်းများအမည်စာရင်းသည် သြဂုတ်လ ၁၃ ရက်နေ့ပါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဝဘ်ဆိုက်ဖေါ်ပြချက်ကို အခြေခံထားခြင်းဖြစ်ပြီး အမည်စာရင်းနောက်ဆုံးတင်သွင်းမည့် သြဂုတ်လ ၁၄ ရက်နေ့အတည်ပြုစာရင်းများကို မတွေ့ရှိရသေးသဖြင့် ကိုယ်စားလှယ်လောင်းအရေအတွက် အပြောင်းအလဲများဖြစ်ပေါ်နိုင်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks