spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းဇင်းကျိုက်ရေတံခွန်တွင် လူသေဆုံးမူဖြစ်ပြီး သွားရောက်လည်ပတ်သူနည်းပါး

    ဇင်းကျိုက်ရေတံခွန်တွင် လူသေဆုံးမူဖြစ်ပြီး သွားရောက်လည်ပတ်သူနည်းပါး

    -

    ဇင်းကျိုက် ကျောက်သဘောင်္ရေတံခွန်(IMNA)
    ဇင်းကျိုက် ကျောက်သဘောင်္ရေတံခွန်(IMNA)
    စိုင်းမွန် – မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ဇင်းကျိုက်မြို့ ကျောက်သဘောင်္ရေတံခွန်တွင် လွန်ခဲ့သည့် ဒုတိယဝါဆိုလပြည့်နေ့(ဇူလိုင်လ ၃၁)ရက်နေ့တွင် လူငါးဦးသေဆုံး

    ခဲ့ပြီးနောက် အပန်းဖြေ လာရောက်လည်ပတ်သူနည်းပါသွားကြောင်း ဒေသခံများမှသိရသည်။

    အဆိုပါသေဆုံးသူအများစုမှာ ကျောက်အစွန်အဖျားဆီသို့ သွားရာမှ ပြုတ်ကျကာရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

    ဇင်းကျိုက်တောင်တွင် သီတင်းသုံးနေသော အရှင်ဦးဇောတိက “ဒီနှစ်ကတော့ ငါးဦးဆိုတော့ အရေအတွက်ကတော့ နည်းနည်းများသွားတာပေါ့၊ အရင်နှစ်တွေကတော့ ၂ဦး၊ ၃ဦး အဲဒါကတော့ပုံမှန်ပဲ။ နှစ်တိုင်းလိုလို လပြည့်ကျော်တစ်ရက်နေ့ဆိုရင် လပြည့်နေ့ထက်ကိုပိုပြီးတော့ စည်ကားတာ။ ဒီလပြည့်ကျော်တစ်ရက်နေ့လည်းကျရော လပြည့်နေ့ရဲ့ သုံးပုံတစ်ပုံလောက်ပဲလာတော့တယ်။ အင်တာနက်တွေပေါ်ပါသွားတော့ ကြောက်လန့်ပြီးတော့ မိဘတွေကနေ စိုးရိမ်ပြီး မလွှတ်တော့တာလားတော့ မသိဘူး။ အခုထိတော်တော်တော်လေးကို ခြောက်ကပ်သွားတာပေါ့” ဟု မိန့်သည်။

    ယခုနှစ်အတွင်း လူငါးဦးထက်မက သေဆုံးခဲ့ပြီးနောက်ပိုင်း လာရောက်လည်ပတ်သူနည်းပါးသွားကြောင်း၊ ယခုအခါအန္တရယ်ရှိနိုင်သော နေရာများသို့ မသွားနိုင်ရန် အချို့သော ကျောက်အစွန်နေရာများကို ပိတ်ပင်ထားသည်ကိုလည်း တွေ့ရှိရသည်။

    “လူသေတယ်ဆိုတဲ့ သတင်းပြန့်ပြီးတဲ့နောက်ပိုင်း လာတဲ့သူတွေ လုံး၀ပြတ်သွားတယ်၊ လူတွေက ကြောက်ကြတာလား၊ တစ်ချိူ့ကရေတံခွန်ပိတ်တယ်လို့လည်း ပြောနေကြတော့ လာတဲ့သူတစ်ချိူ့လည်း ဟုတ်မဟုတ်မေးကြတယ်၊ လပြည့်နေ့လွန်ပြီးကတည်းက လာတဲ့သူတွ‌ေနည်းသွားတယ်၊ ဝါမ၀င်ခင်တုန်းကဆိုရင် ဆိုင်ကယ်အပ်တဲ့နေရာတွေမှာ အမြဲတမ်း တစ်၀က်ကျော်ကျော်လောက်ရှိနေတယ်၊အရင်ကဆို ဆိုင်ကယ်အပ်တဲ့နေရာတွေမှာ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ပြည့်နေတယ်။ အခုတော့ တော်တော်နည်းသွားတယ်” ဟု ရေတံခွန်နား စျေးရောင်းနေသူ ဒေါ်အေးက ပြောသည်။

    ထိုသို့ သေဆုံးသူအများစုတွင် အရက်သေစာမူးယစ်သောက်စားထားသူများဖြစ်ကြောင်း ရေတံခွန်အနီးတွင် စာသောက်ဆိုင်များရှိနေပြီး အရက်၊ ဘီယာရောင်းချမူတွေလည်း ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

    လာရောက်လည်ပတ်သူ ကိုအောင်မျိူးသူက “အဖြစ်များတာကတော့ ကျွန်တော်ထင်တာပေါ့နော်၊ သောက်တဲ့သူတွေလာရင်တော့ အဆင်မပြေဘူး၊ခဲလုံးတွေက ရေညှိတွေတက်နေတယ် ဆိုတော့ ချောနိုင်တာပေါ့၊ ပြီးတော့  ပျော့ပျောင်းတဲ့အရာတွေ မရှိဘူး၊ သာမန်လူတွေတောင်ချောတယ်၊ ကျွန်တော်တောင် အခုဏကချော်လဲသေးတယ်၊ မူးနေတယ်ဆိုရင်တော့ ချောကျရင် အသက်အန္တရယ်ပိုရှိနိုင်တယ်၊ အဓိကကတော့ ကျွန်တော်ထင်တာကတော့ မူးလို့ဖြစ်တာပေါ့နော်၊ မမူးဘူးဆိုရင်တော့ ကြီးကြီးမားမားအသက်အန္တရယ်မဖြစ်လောက်ဘူးလို့ထင်ပါတယ်”  ဟု ပြော သည်။

    ယခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ဇင်းကျိုက်ရေတံခွန်အပန်းဖြေစခန်းတွင် စျေးဆိုင်ခန်းများကို ဆောက်လုပ်ပေးခဲ့သည်။

    အဆိုပါ ကျောက်သဘောင်္ရေတံခွန်တွင် နှစ်စဉ်သေဆုံးမူများဖြစ်ခဲ့သည့်အနက် ယခုနှစ်သေဆုံးမှုမှာ အများဆုံးဖြစ်ကြောင်း သိရသည်။

    မွန်ပြည်နယ်အတွင်း အထင်ကရ နေရာများတွင်း ဇင်းကျိုက် ကျောက်သဘောင်္ရေတံခွန်လည်း တစ်ခုအပါအဝင် ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks