spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းအမျိုးသမီး(မွန်) ပါတီ ၁၅ နေရာဝင်ပြိုင်မည်ဟုပြော

    အမျိုးသမီး(မွန်) ပါတီ ၁၅ နေရာဝင်ပြိုင်မည်ဟုပြော

    -

    အမျိုးသမီး(မွန်)ပါတီဥက္ကဌ မိသန်းရှင်(မိလျိုင်မန်)(IMNA)
    အမျိုးသမီး(မွန်)ပါတီဥက္ကဌ မိသန်းရှင်(မိလျိုင်မန်)(IMNA)
    စနောင်းတိုင်း၊ IMNA – မွန်ပြည်နယ်အခြေစိုက် အမျိုးသမီး(မွန်) ပါတီအနေဖြင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၁၅ နေရာဝင်ရောက်ယှဉ်ပြိုင်ရန် အမတ်ကိုယ်စားလှယ်လောင်းများရွေးချယ်ပြီးပြီဟု ပါတီဥက္ကဌ မိသန်းရှင်(မိလျိုင်မန်)က စနောင်းတိုင်း မွန်သတင်းဂျာနယ်သို့ ပြောသည်။

    သူမက “ပဲခူးတိုင်းဒေသကြီးက မွန်လူဦးရေအများအပြားနေထိုင်တဲ့နေရာမှာ အမတ်လောင်း ၂ ဦး၊ တနင်္သာရီတိုင်း ၃ ဦး၊ မွန်ပြည်နယ် ၁၀ မြို့နယ်မှာ မြို့နယ်အလိုက် အမတ်တစ်ဦးစီဝင်ပြိုင်နိုင်ဖို့ မွန် ၂ ပါတီနဲ့ညှိနှိုင်းရပါမယ်” ဟု ပြောသည်။

    သို့ရာတွင် လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA က မိသန်းရှင်အား ပြီးခဲ့သည့် ဇွန်လပထမအပတ် ရုပ်သံမေးမြန်းချက်တစ်ရပ်တွင် မွန်ပြည်နယ်ပြင်ပ၌ ၃ နေရာသာဝင်ရောက်ယှဉ်ပြိုင်မည်ဟု ပြောကြားခဲ့သည်။

    မိသန်းရှင်က “အမျိုးသမီးပါတီတည်ထောင်တဲ့ အဓိကရည်ရွယ်ချက်က ရွေးကောက်ပွဲဝင်ပြိုင်ဖို့မဟုတ်ဘူး၊ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍမြင့်မားဖို့ပါ၊ မီးဖိုချောင်မှာ နစ်မြုပ်နေတဲ့ ကျမတို့အမျိုးသမီးတွေကို အပြင်ခေါ်ထုတ်ဖို့ပါ” ဟု ပြောသည်။

    မြန်မာနိုင်ငံတွင် ပထမဦးဆုံးဖြစ်ပေါ်ခဲ့သော အမျိုးသမီး(မွန်) ပါတီအနေဖြင့် အခြားသောတိုင်းရင်းသား ကိုယ်စားပြု အမျိုးသမီးပါတီများပေါ်ထွန်းရေးအတွက် ဆက်လက်ကြိုးပမ်းနေသည်ဟု ဆိုသည်။

    ယခင်က အမျိုးသမီးပါတီအမည်ဖြင့် ၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပါတီမှတ်ပုံတင်ရန်ကြိုးစားခဲ့သော်လည်း အမျိုးသမီး(မွန်) ပါတီအမည်ဖြင့်ပါတီတည်ထောင်ခွင့်ရရှိသဖြင့် ၂၀၁၅ ဇွန်လ ၁၆ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခဲ့ခြင်း ဖြစ်သည်။

    လွတ်လပ်သော မွန်အမျိုးသားရွေးကောက်ပွဲအောင်နိုင်ရေးအကျိုးဆောင်အဖွဲ့ဝင် ကိုမင်းမင်းနွယ်က “ပြီးခဲ့တဲ့အစည်းအဝေးမှာ အမျိုးသမီးပါတီက တရားဝင်မှတ်ပုံတင်င်မကျသေး၊ တည်ထောင်ခွင့်ပဲရှိသေးတော့ ဒီကိစ္စကို ကျနော်တို ့မဆွေးနွေးဖြစ်သေးဘူး၊ ပါတီမှတ်ပုံတင်ကျရင်တော့ ကျခဲ့ရင် ထည့်စဉ်းစားဆွေးနွေးညှိနှိင်းမှာပေါ့” ဟု ပြောသည်။

    လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မွန်တိုင်းရင်းသားပါတီများဖြစ်သော မွန်အမျိုးသားပါတီ MNP, မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP နှင့် အမျိုးသမီး(မွန်) ပါတီတို့၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks