spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းကဏ္ဍစုံမွန်စာပေဟောပြောပွဲ သံဖြူဇရပ်မြို့တွင်ကျင်းပ

    ကဏ္ဍစုံမွန်စာပေဟောပြောပွဲ သံဖြူဇရပ်မြို့တွင်ကျင်းပ

    -

    နိုင်ဗညားအောင်နှင့် ဦးစံဝင်း(Facebook)
    နိုင်ကဆော့မွန်နှင့် နိုင်ဟံသာ(Facebook)

    11088531_450728085103542_5595440743037936290_nခတ္တာနန်း- ယခုလ ၁၅ – ၁၆ ရက်နေ့တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ မွန်ဓမ္မာရုံ၌ ဒုတိယအကြိမ် မွန်စာပေ ဟောပြောပွဲကျင်းပခဲ့ရာ ကဏ္ဍစုံပါဝင်နေကြောင်း တွေ့ရှိရသည်။

    ဒေသခံမွန်လူမျိုးများ အတွေးအမြင်အမြင်ပိုမိုကျယ်ပြန့်လာစေရေး၊ ဗဟုသုတတိုးပွားစေရေးနှင့် ခေတ်ကာလနှင့်အညီ တိုးတက်စေလိုသော ရည်ရွယ်ချက်ဖြင့် စာပေဟောပြောပွဲကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း မွန်စာပေ ဟောပြောပွဲ ဖြစ်မြောက်ရေးကော်မတီ နိုင်ငွေက လွတ်လပ်သော မွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

    နိုင်ငွေက “ဦးစံဝင်းက သုတေသနနဲ့ပတ်သက်ပြီး တစိုက်မတ်တ်လုပ်လာခဲ့တဲ့လူ အချက်အလက်တွေမှန်ကန်တယ်၊ နိုင်ဗညားအောင် ဆိုလည်း ဂီတအနုပညာနယ်ပယ်မှာ အဆင့်မနိမ့်ဘူး၊ နိုင်ကဆော့မွန်ဆိုလည်း မီဒီယာနဲ့ပတ်သက်ပြီး နိုင်ငံတကာအထိ သွားနေတဲ့လူတွေ၊ နိုင်ဟံသာဆိုလည်း ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး တိုင်းရင်းသားခေါင်းဆောင်တစ်ဦး၊ ဒါကြောင့် ဒီပုဂ္ဂိုလ် ၄ ဦးကို ရွေးချယ်လိုက်တာပါ” ဟု ပြောသည်။

    စာပေဟောပြောပွဲတွင် ရှေ့ဟောင်းသုတေသနပညာရှင် ဦးစံဝင်း၊ မွန်ဂီတစာဆိုဗညားအောင်၊ လွတ်လပ်သောမွန်သတင်းအေဂျင်စီ အယ်ဒီတာချုပ် နိုင်ကဆော့မွန်နှင့် မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဌ နိုင်ဟံသာတို့ ဟောပြောခဲ့ခြင်း ဖြစ်သည်။

    သံဖြူဇရပ်မြို့နယ်မှ ပြည်သူအများစုသည် စီးပွားရေးကိစ္စရပ်များကို အထူးအလေးထားနေကြပြီး လူမှုစာပေနှင့် ပတ်သက်၍ အာရုံစိုက်မှုအားနည်းနေကြောင်း၊ ထိုကြောင့် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များကို ရွေးချယ် ဟောပြောစေခြင်းဖြစ်ကြောင်း နိုင်ငွေက ဆက်ပြောသည်။

    ၂ ရက်တာပြုလုပ်သည့် စာပေဟောပြောပွဲပထမညတွင် ဦးစံဝင်းက ‘သုဝဏ္ဏဘုမ္မိသုတေသန’ ဗညားအောင်က ‘မွန်လူငယ်နှင့် ဂီတအနုပညာ” ၊ ဒုတိယညတွင် နိုင်ကဆော့မွန်က ‘သတင်းမီဒီယာနှင့် အမျိုးသားစောင့်ရှောက်ရေး’ နှင့် နိုင်ဟံသာက ‘နိုင်ငံရေးနှင့် လူမျိုးရေး’ စသည့် ခေါင်းစဥ်များဖြင့် ဟောပြောခဲ့ကြခြင်း ဖြစ်သည်။

    နိုင်ဟံသာက “ခုလို နိုင်ငံရေးနဲ့ လူမျိုးရေးအကြောင်း ပြောခွင့်ရတာ အရမ်းကို ဝမ်းသာပါတယ်၊ အဓိကကတော့ ကျနော်တို့ မွန်လူမျိုးတွေ ကိုယ့်လူမျိုးရဲ့ လက်ရှိအနေအထားကို သိရှိနားလည်ဖို့၊ နိုင်ငံရေးအရ ရုန်းကန်နေရတဲ့ အခြေအနေမှာ ဘယ်လို အခက်အခဲတွေဘယ်လိုရှိနိုင်မလဲ၊ ပြည်သူတွေလည်း ဘယ်လိုအခန်းကဏ္ဍတွေမှာ ပါဝင်ပတ်သက်နေလည်းဆိုတာတွေကို ပြောပြခွင့်ရတဲ့အတွက် အခွင့်အရေးကောင်း တစ်ရပ်ဖြစ်တယ်” ဟု ဆိုသည်။

    ထို့အပြင် ကမ္ဘာပေါ်ရှိလူမျိုးစုငယ်လေးများပျောက်ကွယ်ခဲ့ပုံများ၊ လူမျိုးကြီးများ၏ ဝါးမြိုးမှုလွှမ်းမိုးမှုကြောင့် လူမျိုးစုငယ်များ ပျောက်ကွယ်ခဲ့ရပုံများကိုလည်း ရှင်းလင်းပြောကြားခဲ့သည်ကို တွေ့ရှိရသည်။

    သံဖြူဇရပ်မြို့၊ မွန်စာပေဟောပြောပွဲကို ယမန်နှစ်တွင် ပထမအကြိမ် စတင်ကျင်းပခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts