spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းကလေးအများစု ကျောင်းထွက်ရခြင်းမှာ ဆင်းရဲမွဲတေမှုသည် အဓိကဖြစ်ဟုဆို

    ကလေးအများစု ကျောင်းထွက်ရခြင်းမှာ ဆင်းရဲမွဲတေမှုသည် အဓိကဖြစ်ဟုဆို

    -

    ကလေးအများစု ကျောင်းထွက်ရခြင်းမှ ဆင်းရဲမွဲတေမှုသည် အဓိကဖြစ်ဟု ဆို
    ကလေးအများစု ကျောင်းထွက်ရခြင်းမှ ဆင်းရဲမွဲတေမှုသည် အဓိကဖြစ်ဟု ဆို
    မြန်မာနိုင်ငံ တောင်ပိုင်းရှိ ကျေးရွာအချို့တွင် ကလေးအများစု ကျောင်းထွက်ရခြင်းမှာ ဆင်းရဲမွဲတေမှုသည် အဓိကအကြောင်းရပ်တစ်ရပ် ဖြစ်ကြောင်း အမျိုးသမီးနှင့် ကလေးအခွင့်အရေး အစီအစဉ်၏ ဇွန်လထုတ် “ချို့တဲ့လှမ်းဝေး ပညာရေး” အစီရင်ခံစာတွင် ဖော်ပြသည်။

    “တွေ့ဆုံမေးမြန်းခဲ့သော ကလေးငယ်များ၏ သုံးပုံတစ်ပုံကျော်သည် မိသားစု အသက်မွေးမှု အခက်အခဲကြောင့် ကျောင်းထွက်ခဲ့ရခြင်း ဖြစ်သဖြင့် မိသားစု အသက်မွေးမှုပြဿနာသည် အဓိကကျသော အချက်တစ်ခု ဖြစ်သည်” ဟု အစီရင်ခံစာတွင် ပါရှိသည်။

    အမျိုးသမီးနှင့် ကလေးအခွင့်အရေး အစီအစဉ်မှ တာဝန်ရှိသူတစ်ဦး ဖြစ်သူ မိထောချမ်းက “ကျွန်မတို့ တွေ့ရတဲ့ အိမ်ထောင်စုတွေထဲက တစ်ခုဆိုရင် ဆင်းရဲလွန်းလို့ ကလေးတွေကို ကျောင်းမထားနိုင်ဘူး”ဟု ပြောသည်။

    မောင်နှမတွေ ကျောင်းနေဖို့ ဆိုပြီး အမက ထိုင်းမှာ အလုပ်လုပ်ပြီး ထောက်ပံ့ရတယ်။ နောက်တော့ အမဖြစ်သူက ထိုင်းမှာပဲ မတော်တဆ ထိခိုက်မှုတစ်ခု ဖြစ်ပြီး ဆက်မထောက်ပံ့နိုင်တော့လို့ မောင်နှမတွေအားလုံး ကျောင်းထွက်လိုက်ရတယ်” ဟု ပြောသည်။

    ကျေးလက်နေ မွန်တိုင်းရင်းသား ကလေးငယ်များ ကျောင်းထွက်ခဲ့ရခြင်း၏ အကြောင်းရင်းကို သိရှိရန်အတွက် မြန်မာနိုင်ငံအောက်ပိုင်းရှိ ယခင် စစ်ရေးပဋိပက္ခများနှင့် ကြုံတွေ့ခဲ့ရသည့် မွန်ပြည်နယ် ရေးမြို့နယ်၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ်ရှိ ကျေးရွာပေါင်း ၁၇ ရွာမှ ရွာသူရွာသား ၁၄၆ ဦးကို တွေ့ဆုံမေးမြန်းပြီးနောက် အစီရင်ခံစာကို ထုတ်ပြန်ခြင်း ဖြစ်သည်။

    ၎င်းပြင် ပညာရေးဆိုင်ရာ ယန္တယားများကို ခြုံငုံမိစေရန်အတွက် ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ မူလတန်းကျောင်း ၃ ကျောင်း၊ ပညာရေးဝန်ကြီးဌာန၏ သြဇာပိုမိုလွှမ်းမိုးသော ပူးပေါင်းကျောင်း ၁၀ ကျောင်းနှင့် မွန်အမျိုးသား ပညာရေး ကော်မတီ လက်အောက်ရှိ စာသင်ကျောင်း ၁၀ ကျောင်းတို့တွင်လည်း ပညာရေးဆိုင်ရာ အချက်အလက်များကို မှတ်တမ်းပြု ကောက်ခံခဲ့သည်ဟု ဆိုသည်။

    ကလေးငယ်များ ကျောင်းထွက်ရခြင်း၏ အခြားအကြောင်းရင်းများမှာ စာသင်ကျောင်းနှင့် အလှမ်းဝေးခြင်း၊ ကျောင်းအိပ်ကျောင်းစား နေရခြင်း၊ အိမ်အလုပ်များ ကူညီလုပ်ကိုင်ရခြင်း၊ ပညာရေးနှင့် ပတ်သက်၍ အတွေ့အကြုံဆိုးများ ခံစားရခြင်း စသည်တို့လည်း ပါဝင်သည်ဟု အစီရင်ခံစာက ဖော်ပြသည်။

    မိထောချမ်း က “လွန်ခဲ့တဲ့နှစ်မှာ ရေဖြူမြို့နယ်က ရွာတစ်ရွာဆို မူလတန်းကျောင်းသူတစ်ယောက် ကျောင်းတက်ဖို့အသွား လမ်းမှာ အဓမ္မပြုကျင့်ခံရတယ်။ ကျောင်းက ရွာနဲ့ အလှမ်းဝေးတော့ မိဘတွေက ကလေးတွေကို ကျောင်းမလွှတ်ချင်ကြဘူး” ဟု ပြောသည်။

    ၎င်းပြင် စာရေးကိရိယာများ၊ ပုံနှိပ်စာအုပ်များနှင့် အခြားသင်ထောက်ကူပစ္စည်းများ မရှိခြင်း၊ ဆရာ ဆရာမ အရေအတွက် မလုံလောက်ခြင်း၊ ဆရာ ဆရာမများက စာမသင်ကြားနိုင်ခြင်း၊ သင်ကြားရေး အတွေ့အကြုံ နုနယ်ခြင်း၊ တတ်မြောက်မှု အဆင့်မမီခြင်း စသည်တို့သည်လည်း ကျေးလက်ဒေသ ပညာရေးအတွက် လိုအပ်ချက်များစွာ ရှိနေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ပညာရေး ပြုပြင်ပြောင်းလဲမှု ပိုမိုခိုင်မာစေရန်အတွက် မြန်မာအစိုးရအနေနှင့် ပညာရေး အသုံးစရိတ်ကို မြှင့်တင်သုံးစွဲရန်၊ မွန်ပြည်သစ်ပါတီနှင့် မွန်အမျိုးသား ပညာရေး ကော်မတီတို့အနေနှင့် ကိုက်ညီသည့် ပညာရေးပြုပြင်ပြောင်းလဲမှုကို လုပ်ဆောင်ရန်၊ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပညာရေး ပြုပြင်ပြောင်းလဲမှုအကြောင်း ထည့်သွင်းဆွေးနွေးရန်လည်း အမျိုးသမီးနှင့် ကလေးအခွင့်အရေး အစီအစဉ်က အကြံပြုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks