spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းကျောက်မီးသွေးလျပ်စစ်စက်ရုံလျာထားခံရသည့် အံဒင်ကျေးရွာအုပ်စု၏ စီးပွားရေး စစ်တမ်းထုတ်ပြန်ပြီ

    ကျောက်မီးသွေးလျပ်စစ်စက်ရုံလျာထားခံရသည့် အံဒင်ကျေးရွာအုပ်စု၏ စီးပွားရေး စစ်တမ်းထုတ်ပြန်ပြီ

    -

    ကျောက်မီးသွေးဓါတ်အားပေးစက်ရုံ တည်ဆောက်ရန် လျာထားခြင်း ခံရသည့် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဖာလိန်ဒေသ၊ အံဒင်ကျေးရွာနှင့် ကျေးရွာအုပ်စုဝင်များ၏ စီးပွားရေးစစ်တမ်းကို မေလ ၂၂ ရက်နေ့တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

    စစ်တမ်းတွင် အဓိက စီးပွားရေး လုပ်ငန်းဖြစ်သည့် ကွမ်းသီးခြံ၊ လယ်နှင့် ရေလုပ်ငန်းများမှ ရရှိသည့် တစ်နှစ်ဝင်ငွေအပေါ်တွင်သာ တွက်ချက်ထားပြီး၊ အခြားစီးပွားရေးလုပ်ငန်းမှ ရရှိသည့် ဝင်ငွေများ မပါဝင်သေးကြောင်း
    စစ်တမ်းကောက်ယူရေး ဦးဆောင်သူ အံဒင်ဘုန်းတော်ကြီးကျောင်းမှ လက်ထောက်ဆရာတော် အရှင်နန္ဒက မိန့်သည်။

    အရှင်နန္ဒက “ဦးဇင်းတို့ ဒေသမှာ ကျောက်မီးသွေးစက်ရုံ ဆောက်ဖို့ ပြင်နေတယ်၊ ဒေသဖွံ့ဖြိုးရေးအတွက် ဒေါ်လာ ၁ ဒသမ ၅ သန်း ထောက်ပံ့မယ်လို့ မက်လုံးပေးတယ်၊ ဒါတွေကို မက်မောစရာ မလိုဘူး။ ဒီဒေသရဲ့ တစ်နှစ်ဝင်ငွေက ဒီထက်ပိုများတယ်ဆိုတာ သိစေချင်လို့ ဒီစစ်တမ်းကို ပြုစုခြင်း ဖြစ်တယ်” ဟု မိန့်သည်။

    စစ်တမ်းကို အံဒင်ကျေးရွာအုပ်စုဝင် အံဒင်၊ နှစ်ကရုပ်၊ အံဒင်ရွာသစ်(ရွာသစ်ဓမင်းဆိပ်)၊ နှီးနှူ၊ ပလိုင်သိမ်း၊ သာဂရံ ကျေးရွာ ၆ ရွာမှ အိမ်ခြေ ၁၅၁၇ တွင် ကောက်ယူထားပြီး၊ ခြံရှင် ၇၁၂ ဦး၊ လယ်ရှင် ၂၈၂ ဦးနှင့်
    လှေရှင် ၁၀၈ ဦးကို အခြေခံကာ မေးမြန်းတွက်ချက်ထားခြင်း ဖြစ်သည်။စစ်တမ်းအရ တစ်နှစ်ဝင်ငွေမှာ ကွမ်းသီးခြံမှ ကျပ် ၃၀ဝ၈ သန်းကျော်၊ လယ်ယာမှ ၄၃၄ သန်းကျော်နှင့် ရေလုပ်ငန်းမှ ၂၃၇၂ သန်းကျော် ရှိပြီး၊ စုစုပေါင်းငွေကျပ် ၅၈၁၅ သန်းကျော် (အမေရိကန်ဒေါ်လာ ၅ သန်းကျော်) ရှိကြောင်း သိရသည်။

    စစ်တမ်းကောက်ယူသူ မင်းဖိုးဇော် က “ဒါတောင် ကွမ်းသီးဈေးကို တစ်လုံး ၂၀ နဲ့ တွက်ထားတာ၊ ခုဆို ကွမ်းသီးတစ်လုံး ၃၀ ကျော်ပြီ၊ ဓညင်းသီးတို့၊ ဒူးရင်းသီးတို့က ရတဲ့ ငွေတွေ မပါသေးဘူး” ဟု ပြောသည်။

    စီးပွားရေးစစ်တမ်းအပြင် ရေတွင်း ၂၀ ကျော်မှ ရေစစ်တမ်းနှင့် ကျေးရွာသမိုင်းကို လက်လှမ်းမီသမျှ စုဆောင်းကာ ပြုစုလျက် ရှိပြီး၊ အချက်အလက် စုံလင်ပါက နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်နယ်လွှတ်တော်နှင့် သက်ဆိုင်ရာ ဌာနအသီးသီးသို့ ပေးပို့သွားမည်ဟု ဆရာတော်က မိန့်သည်။

    အံဒင်ကျေးရွာအနီးတွင် အမေရိကန်ဒေါ်လာ ၂၇၀ဝ သန်း ရင်းနှီးမြှုပ်နှံကာ လျှပ်စစ်ဓါတ်အား ၁၂၈၀ မဂ္ဂါဝပ် ထုတ်မည့် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ စီမံကိန်းကို တိုယိုထိုင်း ကုမ္ပဏီက အကောင်အထည်ဖော်ရန်
    စိုင်းပြင်းလျက် ရှိပြီး၊ ပြည်ထောင်စု အစိုးရ၊ လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနနှင့် လုပ်ငန်းသဘောတူစာချုပ် MoA ကို ဧပြီလ ၉ တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

    ယင်းကို ကန့်ကွက်သည့် ဒေသခံ အင်အား ၆၀ဝ၀ ကျော်က မေလ ၅ ရက်နေ့တွင် လူထုဆန္ဒ ဖော်ထုတ်ပွဲတစ်ရပ်ကို အံဒင်ကျေးရွာ ဘောလုံးကွင်းတွင် ပြုလုပ်ခဲ့ကြသည်။

    တဖက်တွင်လည်း Toyo Thai ကုမ္ပဏီ ဥက္ကဋ္ဌ၊ စီမံကိန်း မန်နေဂျာတို့ ပါဝင်သည့်အဖွဲ့က မေလ ၉ ရက်နေ့တွင်
    အံဒင်ကျေးရွာသို့ လာရောက်ကာ စီမံကိန်းကို အကောင်အထည်ဖော်မည့်အကြောင်း ဆရာတော်အား လာရောက် လျှောက်ထားစဉ်ကလည်း ဒေသခံ ၂၀ဝ ကျော်ခန့်က သံပုံးတီးကာ မောင်းထုတ်ခဲ့ကြသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts