spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်မြို့ မဟာမိတ်စစ်သင်္ချိုင်းသို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်ဟောပြော

    သံဖြူဇရပ်မြို့ မဟာမိတ်စစ်သင်္ချိုင်းသို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်ဟောပြော

    -

    အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် မေလ (၁၇) ရက်နေ့ နံနက်တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ရှိ ဓနသဟာယ မဟာမိတ်စစ်သင်္ချိုင်းသို့ လာရောက်ဂါဝရပြုစဉ် ဟောပြောပွဲ ပြုလုပ်ခဲ့သည်။

    ဒေါ်အောင်ဆန်းစုကြည်က “သံဖြူဇရပ်ကိုလာရတဲ့ အကြောင်းက ပြည်သူလူထုကိုတွေ့ဖို့လည်းဖြစ်တယ်၊ ကျမတို့မြန်မာ့သမိုင်းမှာ အရေးကြီးတဲ့ နေရာတစ်ခုလည်းဖြစ်တဲ့ စစ်တွင်းက စစ်သုပ်ပန်းတွေ၊ တတိုင်းပြည်လုံးကပြည်သူတွေနဲ့ တခြားနိုင်ငံက စစ်သည်တွေ ဒီမှာကျဆုံးခဲ့တာရှိပါတယ်၊ ဒါကြောင့် ဒီသင်္ချိုင်းကိုလာပြီး ဒီမှာမြှပ်နှံထားတဲ့ စစ်သည်တွေကို ဂါရဝပြုရင်း ပြည်သူများနဲ့တွေ့ဖို့ လာရတာဖြစ်တယ်” ဟု ပြောကြားခဲ့သည်။

    ၁၉၄၆ ခုနှစ်တွင် အဆိုပါဓနသဟာယ မဟာမိတ်စစ်သင်္ချိုင်းကို ဗိုလ်ချုပ်အောင်ဆန်း လာရောက်ဖွင့်လှစ်စဉ် မိန်ခွန်းပြောကြားရတွင် ကွယ်လွန်သွားသည့် ပုဂ္ဂိုလ်တို့၏ ဝိဉာဉ်များအတွက် အမျှပေးဝေယုံမျှမက ထိုသူများအတွက် ၎င်းတို့၏ ကိုယ်စား နောက်ဆက်တွဲ လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ ရှေ့မှ လုပ်ဆောင်သွားသူများကဲ့သို့ မိမိတို့လက်ထက် နောက်လိုက်ပြည်သူများလည်း မိမိတို့နိုင်ငံကြီး ကောင်းမွန်ရန်၊ ငြိမ်းချမ်းရန်နှင့် ကမ္ဘာကြီး ငြိမ်းချမ်းရန် တတ်နိုင်သမျှ ကြိုးစားသွားရမည်ဖြစ်ကြောင်း ဗိုလ်ချူပ်အောင်ဆန်းမှ ပြောကြားခဲ့သည်ဟု ဆိုသည်။

    “မွန်ပြည်နယ်ဟာ တိုင်းရင်းသားလူမျိုးပေါင်း အတော်စုံပါတယ်၊ အခုလို သံဖြူဇရပ်လို နေရာမျိုးမှာ ဆိုလည်း ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းက အနစ်နာခံခဲ့တဲ့ ပုဂ္ဂိုလ်တွေဟာ နိုင်ငံပေါင်းစုံက လာခဲ့တယ်ဆိုတာ သိရပါတယ်၊ ဒါကြောင့် တစ်ယောက်အပေါ်တစ်ယောက် မေတ္တာထားရမယ်၊ ဂရုဏာထားရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

    ထို့အပြင် လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပါတီစည်းရုံးရေး ဆိုင်ရာများကိုလည်း ဟောပြောသွားကြောင်း၊ တက်ရောက်လာသည့် ပြည်သူများအား မေးခွန်း ၁၀ ခုခန့် မေးမြန်းခွင့်ပြုခဲ့ကြောင်း တွေ့ရှိရသည်။

    မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ( မော်လမြို့မြို့နယ်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်) ဒေါ်ခင်ဌေးကြွယ်က “ဗိုလ်ချုပ်အောင်ဆန်းကို ပြောမယ်ဆိုရင် ဗိုလ်ချုပ်ကို အောင်ဆန်းလို့ ပြောစရာမလိုလောက်အောင် ဗိုလ်ချူပ်ဆိုရင် လူတွေသိကြပါတယ်၊ ဒါပေမဲ့ အခုဗိုလ်ချုပ်တွေများလွန်တော့ ဗိုလ်ချုပ်ရဲ့နောက်မှာ နာမည်တွေထည့်မှ ဘယ်ဗိုလ်ချူပ်ကို ညွှန်းသလဲဆိုတာ သိရမှာပါ” ဟု မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

    ဒေါ်အောင်ဆန်းစုကြည် မွန်ပြည်နယ်ခရီးစဉ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်တရာပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် မေလ ၁၆ ရက်နေ့တွင် မော်လမြိုင်မြို့၊ ၁၇ ရက်နေ့တွင် သံဖြူဇရပ်မြို့နှင့် မုဒုံမြို့တွင် ဂုဏ်ပြုဟောပြောပွဲများ ကျင်းပခဲ့သည်။

    မဟာမိတ်စစ်သင်္ချိုင်းရှေ့ ဟောပြောပွဲပြုလုပ်ပြီးနောက် ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သည့် စစ်သည်များကို ဒေါအောင်ဆန်းစုကြည် ဂါရဝပြုလွမ်းသူပန်စည်းများ ချခဲ့သည်။

    ဟောပြောပွဲ တက်ရောက်သည့် ဒေသခံတစ်ဦးက “ကျမတို့က ဒေါ်စုကို တစ်ခါမှ မတွေ့ဖူးဘူး၊ အခုတစ်ခါတွေ့တာ ပထမဆုံးပဲ၊ ကျမတို့က ပါတီဝင်တွေဆိုတော့ ပါတီက ဦးဆောင်လုပ်တော့ လာကြတာပေါ့” ဟု ပြောသည်။

    အခန်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (သံဖြူဇရပ်မြို့နယ်) ပါတီဝင်များဝင်များအပြင် ကျေးရွာအသီးသီးမှပြည်သူများ စုစုပေါင်း ၂၀ဝ၀ ခန့် တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

    ၂၀ဝ၃ ခုနှစ် ဒီပဲယင်းလုပ်ကြံမှုမတိုင်မီ ဒေါ်အောင်ဆန်းစုကြည်သည် ပါတီစည်းရုံးရေးခရီးစဉ်အဖြစ် သံဖြူဇရပ်မြို့သို့ ပထမအကြိမ်လာရောက်ခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks