spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းသက်သေအဖြစ်သတင်းထောက် ကိုပါကြီးဇနီးသည်အား စစ်ဆေးရာတွင် ထူးခြားမှုမရှိဟုပြော

    သက်သေအဖြစ်သတင်းထောက် ကိုပါကြီးဇနီးသည်အား စစ်ဆေးရာတွင် ထူးခြားမှုမရှိဟုပြော

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း တပ်မတော်ဖမ်းဆီးထားစဉ် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သော သတင်းထောက် ကိုပါကြီး၏ အမှုအား ကျိုက်မရောတရားရုံးက မေလ ၁၁ ရက်နေ့တွင် ဇနီးသည်ဖြစ်သူ မသန္တာအား သက်သေအဖြစ် စစ်ဆေးခဲ့ရာတွင် ထူးခြားမှုမရှိဟုသူမက ပြောသည်။

    မသန္တာက “လောလောဆယ်မှာတော့ ဘာမှ ထူးခြားမှုမရှိသေးပါဘူး၊ ကျွန်မကိုယ်တိုင်မြင်ခဲ့ သိခဲ့ ကြားခဲ့ရတာ၊ ကျွန်မအမျိူးသား ပျောက်ဆုံးစဉ်က မြင်ခဲ့ သိခဲ့ ကြားခဲ့ ရတာ ကျွန်မအမျိူးသားမရှိစဉ်ကာလ ကနေ ဒီနေ့ အချိန်ထိကိစ္စတွေ ဘဲမေးတာပါ၊ ဘာမှထူးခြားမှုတော့ မရှိသေးပါဘူး”ဟု ပြောသည်။

    ထိုပြင် ကိုပါကြီး၏ အမှုနှင့်ပတ်သတ်၍ တပ်မတော်ဘက်မှ တရားခံအဖြစ်စွတ်စွဲခံရသူ ၂ ဦးအား စစ်ဘက်ဆိုင်ရာ တရားရုံးမှ တရားသေလွှတ်ပေးလိုက်ကြောင်း မေလ ၈ ရက်နေ့တွင် အမျိူးသားလူအခွင့်အရေးကော်မရှင်က ထုတ်ပြန်ချက်အရ သိရသည်။

    မသန္တာက“ကျွန်မ အမျိူးသားကို ကျိုက်မရောမြို့လည်ခေါင်မှာဖမ်းဆီးတယ်၊ အဲဒီချိန်မှာ မာရှယ်လောထုတ်ထားခြင်းမရှိဘူး၊ ကျွန်မ ယောကျာ်းကို ဖမ်းဆီးစဉ်က ၂၀ဝ၈ ဖွဲစည်းပုံအခြေခံဥပဒေအောက်မှာရှိတဲ့ ဥပဒေတွေနဲ့အညီ ဖမ်းဆီးခြင်း စစ်ဆေးခြင်း တရားဆွဲဆိုခြင်းမလုပ်ခဲ့ဘဲနဲ့ အခုအပြစ်ရှိတဲ့ တပ်မတော်သား နှစ်ဦးကျတော့ ၂၀ဝ၈ ဖွဲစည်းပုံအရ တရားသေ လွှတ်လိုက်ပြီဆိုတော့ ၂၀ဝ၈ ဖွဲ့စည်းပုံက တပ်မတော်သားတွေကို ကာကွယ်ပေးပြီး အရပ်သားတွေကို ကာကွယ်မပေးဘူးလား ဆိုတဲ့ မေးခွန်ကို ကျွန်မ ပြန်မေးပြီး ကန့်ကွက်သွားမှာပါ”ဟု ပြောသည်။

    ကိုပါကြီး ၏ သေမှုသေခင်းအား အရပ်ဖက်တရားရုံးမှ စစ်ဆေးနေစဉ် စစ်ဘက်ဆိုင်ရာ တရာရုံးမှ ထိုကဲ့သို့ အမိန့်ချလိုက်သည့် အတွက် အရပ်ဖက်တရားရုံးအား လွှမ်းမိုးရာရောက်ကြောင်း ကိုပါကြီးအမှုအားလိုက်ပါဆောင်ရွက်သူ ရှေ့နေဦးရောဘတ်ဆန်းအောင်က မီဒီယာများသို့ပြောကြားထားသည်။

    ထို့အတူ ကော့ပနော်အုပ်ချုပ်ရေးမှူး၊ ကြခတ်ကုန်း အုပ်ချုပ်ရေးမှူး၊ ကျိုက်မရောမြို့ ရှင်စောပုရပ်ကွက် ပြည်သူ့စစ်ခေါင်းဆောင်နှင့် ရှင်စောပုရပ်ကွက်မှ ကိုအောင်မင်းနိုင်တို့ ၄ ဦးအား သက်သေအဖြစ် စစ်ဆေးရန် တရားရုံးက မေလ ၂၅ ရက်နေ့တွင် ချိန်းဆိုထားသည်ဟု သိရသည်။

    သတင်းထောက် ကိုပါကြီးအားကျိုက်မရောမြို့ပေါ်တွင် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့က ရဲကဖမ်းဆီးခဲ့ပြီး တပ်မတော်လက်ထဲအပ်နှံသဖြင့် အောက်တိုဘာလ ၄ ရက်နေ့၌ သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မြို့ခံများပြောပြချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks