spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမြန်မာ့ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရန်သဘောတူ

    မြန်မာ့ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရန်သဘောတူ

    -

    ဆွေးနွေးပွဲထုတ်ပြန်ချက်Caption-ဆွေးနွေးပွဲထုတ်ပြန်ချက်
    ဆွေးနွေးပွဲထုတ်ပြန်ချက်Caption-ဆွေးနွေးပွဲထုတ်ပြန်ချက်
    ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရန် အစိုးရကိုယ်စားလှယ်၊တိုင်းရင်းသား လက်နက်ကိုင် အချို့နှင့် နိုင်ငံရေးပါတီများက ယမန်နေ့ မေလ ၉ ရက်နေ့ ရန်ကုန်မြို့၊ အင်းယားလိပ်ဟော်တယ်တွင် ပြုလုပ်သော ဆွေးနွေးပွဲမှ သဘောတူညီချက် တစ်ရပ်အား ထုတ်ပြန်လိုက်သည်။

    ထိုဆွေးနွေးပွဲသို့ ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ နိုင်ငံရေးပါတီ (၆၄) ပါတီ၏ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၇) ဖွဲ့မှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ လူထုအခြေပြု အဖွဲ့အစည်းကိုယ်စားလှယ်များနှင့် လေ့လာသူများ စုစုပေါင်း (၁၅၂) ဦး တက်ရောက်ကာ သဘောတူညီဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

    ထို့အပြင် ၂၀၁၅ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် သမ္မတနှင့် တိုင်းရင်းသားလက်နက်ကိုင် အချို့ ကတိပြု လက်မှတ်ရေးထိုးခဲ့ကြသည့် ငြိမ်းချမ်းရေး နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဂတိကဝတ်ပြုခြင်း (Deed of Commitment)သည် တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အား အားပျော့ ပျက်ပြယ် စေရန် မပာုတ်ဘဲ NCA အား အပြန်အလှန် ဖြည့်ဆည်း ပြည့်စုံစေခြင်းသာ ဖြစ်ကြောင်း အသိအမှတ်ပြုခဲ့ကြသည်။

    အဆိုပါ ငြိမ်းချမ်းရေး နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဂတိကဝတ်ပြုခြင်းနှင့်ပတ်သတ်၍ လက်တွေ့အကောင်အထည် ဖော်ဆောင်ရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်အား လမ်းစရှာရန်လိုအပ်၍ ယခုဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း ဦးဆောင်ကျင်းပသည့် KNU ဥက္ကဌ စောမူတူးစေးဖိုး က ပြောကြားသည်။

    “နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရာမှာ အားလုံးပါဝင်နိုင် ကြရမှာဖြစ်ပါတယ်၊ ဒါဟာ ဒီမိုကရေစီ နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်စနစ် ပေါ်ပေါက်ရေး နည်းလမ်းမှန်ဖြစ်ပါသည်”ဟု စောမူတူးစေးဖိုးက ပြောသည်။

    လက်ရှိအချိန်ထိ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ NCA မှုကြမ်းအပေါ်ဆွေးနွေးနေသည်မှာ ယခုမေလ အတွင်းပြုလုပ်ခဲ့သည့် ပန်ဆန်း အစည်းအဝေး အပါအဝင် စုစုပေါင်း(၃)ကြိမ်ခန့်ရှိပြီဖြစ်သော်လည်း ပြီးပြတ်ခြင်းမရှိသေးပေ။

    အဆိုပါနိုင်ငံရေးဆွေးနွေးပွဲများအား တိုင်းရင်းသားများဘက်မှ စိုးရိမ်မကင်း မဖြစ်စေရန် မတရားသင်းပုဒ်မ ၁၇(၁) အား ပယ်ဖျက်ပေးမည်ဖြစ်ပြီး အစိုးရနှင့် တိုက်ပွဲဖြစ်နေသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်များနှင့်လည်း ဆွေးနွေးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။

    “နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဂတိကဝတ်ပြုထားတဲ့ အချက် တွေကို လက်တွေ့ အကောင်အထည်ဖော်ဆောင်ရေးဟာ ငြိမ်းချမ်းရေး နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လိုလားတဲ့ နိုင်ငံသားများကို အခြေခံပြီး ဖွဲ့စည်းထားတဲ့ နိုင်ငံရေး ပါတီများ နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှာလည်း တာဝန် ရှိတယ်၊ အမျိုးသားရေးစိတ်ဓါတ်နဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်ကြမယ်လို့လဲ ယုံကြည်ပါတယ်”ဟု ဦးအောင်မင်းက ပြောသည်။

    ထို့အတူ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT အနေဖြင့် ယခုလ ၁၅ ရက်နေ့ နောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင် ထိပ်ပိုင်းခေါင်းဆောင်းများ မျက်နှာစုံညီ အစည်းအဝေးကို ပြုလုပ်မည်ဖြစ်ပြီး မှုကြမ်းရေးဆွဲပြီး ဖြစ်သော ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အား လိုအပ်သည်များကို ပြင်ဆင်ဖြည်စွတ်မည်ဖြစ်ကြောင်း NCCT ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ပဒိုစောကွယ်ထူးဝင်း၏ ယမန်နေ့ပြောကြားချက်မှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks