spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းပထမအကြိမ် မော်လမြိုင် အနုပညာပြပွဲ ကျင်းပ

    ပထမအကြိမ် မော်လမြိုင် အနုပညာပြပွဲ ကျင်းပ

    -

    ပထမအကြိမ် မော်လမြိုင် အနုပညာပြပွဲ ကျင်းပ ယမန်နေ့ မေလ ၁ ရက်နေ့မှစ၍ မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ကမ်းနားလမ်းတွင် ပထမအကြိမ်အဖြစ် မော်လမြိုင် အနုပညာပြပွဲကို စတင်ကျင်းခဲ့ကြောင်း ပန်းချီ မင်းစံရှားက ပြောသည်။

    ထိုမော်လမြိုင် အနုပညာပြပွဲကို ညနေ ၅: ၃၀ မှ ည ၁၀ နာရီဝန်ကျင်းအထိ ၅ ရက် ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး အနုပညာ ၆ မျိုးကိုလည်း ခင်းကျင်း ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

    ပန်းချီမင်းစံရှားက “မော်လမြိုင်သူ မော်လမြိုင်သားတွေအားလုံး အနုပညာနဲ့ပတ်သက်ပြီး တစုတစည်းထဲ ခံစားနိုင်အောင် ကဗျာနဲ့ပတ်သက်ပြီး ခံစားနိုင်အောင်၊ ကာတွန်းနဲ့ပတ်သက်ပြီး ခံစားနိုင်အောင်၊ ပန်းချီး၊ ပန်းပုနဲ့ပတ်သက်ပြီးခံစားနိုင်အောင် ဆိုတဲ့စေတနာနဲ့ အခုလို ပြသတာဖြစ်ပါတယ်” ဟု ဆိုသည်။

    ယခုပြသလျှက်ရှိသည့် အနုပညာပြပွဲတွင် ပန်းချီး၊ ပန်းပု၊ ဓါတ်ပုံ၊ ကာတွန်း၊ ကဗျာ၊ ဒီဇိုင် တို့ကို ပြသလျှက်ရှိပြီး၊ လာရောက်ပြသထားသည့် ပန်းချီး၊ ပန်းပုများကို ခွဲခြားထားခြင်းမရှိကြောင်း၊ သိုသော် ကဏ္ဍအလိုက် ခွဲခြားပြသ သွားမည်ဖြစ်ကြောင်း ပန်းချီး မင်းစံရှားက ဆက်ပြောသည်။

    ဓါတ်ပုံပြခန်း ကဏ္ဍတွင် တာဝန်ယူထားသည့် ဉာဏ်စိုးဝင်းက “မော်လမြိုင်မှာ အနုပညာပြပွဲ အစဉ်အလာတစ်ခု ဖြစ်အောင်လုပ်တယ်၊ မော်လမြိုင်ဒေသခံ လူငယ်တွေရဲ့ အနုပညာတွေကို ပြတဲ့နေရာတစ်ခုဖြစ်လာအောင် ကျနော်တို့ စီစဉ်တာပါ” ဟု ဆိုသည်။

    ပြသထားသည့် ဓါတ်ပုံများသည်လည်း ပညာရှင်များ၏ ဓါတ်ပုံများအစား ဝါသနာရှင် လူငယ်များ၏ ဓါတ်ပုံများကို ဦးစားပေး ပြသထားကြောင်း၊ မည်သူ ဝါသနာရှင်မဆို မိမိဓါတ်ပုံများကို လာရောက် ပြသနိုင်ကြောင်း၊ ပြသထားသည့် ဓါတ်ပုံ ပန်းချီး၊ ကဗျာများကို ကြိုက်နှစ်သက်၍ ဝယ်လိုပါက ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

    “ဒီမှာပြထားတဲ့ ဓါတ်ပုံတွေက အများအားဖြစ် လူငယ်ဝါသနာရှင်တွေပါတယ်၊ သူတို့လက်ရာတစ်ချို့ဆိုရင် တော်တော်လေးကို ကောင်းကြတယ်၊ ဒါပေးမဲ့ ပြသခွင့်မရှိတော့ ဘယ်သူမှ မသိနိုင်ဘူး၊ ဒီလိုပြသခွင့်ရှိတော့ လူတွေလည်းသိလာတယ်၊ ဓါတ်ပုံပိုင်းဆိုင်ရာ နဲ့ပတ်သက်ပြီးတော့လည်း ပိုပြီး သိလာကြမယ်” ဟု ၎င်းက ဆက်ပြောသည်။

    အနုပညာပြပွဲကို လာရောက်အားပေးခဲ့သည့် လူငယ်တစ်တစ်ဦးဖြစ်သည့် မိသဇင်မွန်က “ပထတုန်က ဘယ်လောက်မှ စိတ်မဝင်စားခဲ့ဘူး၊ ဒီလိုပြပွဲမျိုးလည်း တစ်ခါမှ မလာဖူးဘူး၊ ဒီရောက်လာမှ ပိုပြီး စိတ်ဝင်စာလာတယ်၊ ပုံတွေဆိုရင်းလည်း ကြည့်လိုက်ရင် ဘာမှမဟုတ်ပေးမဲ့၊ အသေအခြာကြည့်ရင် အရမ်းကို သက်ဝင်နေတယ်၊ 3 D ပန်းချီးဆွဲထားတာ ဆိုရင်လည်း အရမ်းကို သက်ဝင်နေတယ် တကဲ့ကို ချောက်ကြီးအတိုင်းပဲ” ဟု ပြောသည်။

    ယခုကဲ့သို့ အနုပညာရှင်များ မိမိတို့ ဖန်တီးထားသည့် အသစ်သစ်သော ပန်းချီးများ၊ ကားတွန်း၊ ကဗျာများ၊ ဓါတ်ပုံများ အားလုံးကို ပြည်သူများရှေ့ ပြသခွင့်ရရှိပြီး ပြည်သူများလည်း လိုလိုလားလား လာရောက်အားပေးသည့် အတွက် တိုင်းထက်အလွန် ဝမ်းသာပိတိဖြစ်ရကြောင်း၊ နောင်တွင်လည်း ယခုကဲ့သို့ ပြပွဲများဖြစ်ပေါ်လာရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ပန်းချီး မင်းစံရှားက ဆိုသည်။

    ပထမနေ့အဖြစ် ပြသသည့် အနုပညာပြပွဲကို လာရောက်ကြည့်ရှု့ကြသည့်သူများထဲတွင် လူငယ်အများစုဖြစ်ပြီး ကလေးများနှင့် လူကြီးများလည်း လာရောက်အားပေးသည်ကို တွေ့ရပြီး လာရောက်ကြည့်ရှု့သူ ၁ ထောင် နီးပါးခန့် ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks