spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်မဲစာရင်း လာမည့်မေလတွင် အပြီးသတ်လုပ်ဆောင်မည်

    မွန်ပြည်နယ်မဲစာရင်း လာမည့်မေလတွင် အပြီးသတ်လုပ်ဆောင်မည်

    -

    မွန်ပြည်နယ်တွင် အခြေခံ မဲဆန္ဒရှင် စာရင်းပြုစုမှု လာမည့် မေလတွင် အပြီးသတ်လုပ်ဆောင်မည်ဖြစ်ကြောင်း ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဒုတိယ ညွှန်ကြားရေးမှုး ဦးပာိဏ်းလင်းထက် ကပြောသည်။

    ဦးဟိဏ်းလင်းထက်က “၅ လပိုင်း အပြီးလုပ်မယ် ၊၆ လပိုင်းမှာ မဲဆန္ဒရှင် စာရင်း ကပ်ဖို့ ရှိတယ်၊ အခက်အခဲက အသေးအဖွဲပါဘဲ၊ ပုံစံ ၆၆ မရှိတာတို့ ရှိတဲ့ ပာက မှုံဝါးနေတာတို့ ပျက်နေတာတို့ စသည်အားဖြင့်ပေါ့နော်၊ ဒါပေမယ့်လည်း ပုံစံ ၆၆ မရှိတာတို့ မှတ်ပုံတင်မရှိတာတို့ ဖြစ်ရင်လည်း သူက တိုင်းရင်းသားမိဘနှစ်ပါး မွေးတယ်၊အသက် ၁၈ နှစ်ပြည့်ရင် မဲထည့်နိုင်တဲ့ ဥပဒေနဲ့ ညီညွှတ်တယ်လို့ ရပ်ကျေးအထောက်အကူကနေ ထောက်ခံချက်ပေးရင် ကျွန်တော် တို့ မဲစာရင်းထဲထည့်ပေးလိုက်တယ်” ဟု ပြောသည်။

    လက်ရှိဧပြီလ ၂၂ ရက်နေ့အထိ မွန်ပြည်နယ်တွင် ပြုစုနေသော မဲဆန္ဒရှင် ပြည်သူများ စာရင်းသည် ၇၆.၃၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ပြီး မဲပေးနိုင်သည့် လူဦးရေ ၉၇၂၁၄၁ ဦးရှိသည်။

    အဆိုပါစာရင်းသည် မော်လမြိုင်၊ချောင်းဆုံ၊ကျိုက်မရော၊မုဒုံ၊သံဖြူဇရပ်၊ရေးနှင့်သထုံ၊ပေါင်၊ကျိုက်ထို၊ဘီးလင်းမြို့နယ် ၁၀ မြို့နယ်မှ ကောက်ယူထားသောစာရင်းဖြစ်သည်။

    သို့သော် ပဏမ ပြုစုသော စာရင်းတွင် မဲဆန္ဒရှင်ပြည်သူများ အားပါဝင်နိုင်မည်ဟု မယုံကြည်ကြောင်း၊ အပြီးသတ် ပဏာမ စာရင်း ထွက်ပေါ်လာမှသာ အခြေအနေမှန်ကိုသိရမည်ဖြစ်ကြောင်း မွန်အမျိူးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယီတမက ပြောသည်။

    “မွန်ပြည်နယ်မှာ သိထားတဲ့ အချက် အလက်အရ မဲပေးနိုင်သူ ၁၂ သိန်း ၄ သောင်းကျော်ရှိတယ်၊ မွန်ပြည်နယ်မှာတော့ ရွေးကောက်ပွဲကော်မရှင်က တရားဝင် မကြေညာသေးဘူး၊ ပဏာမ စာရင်းမှာတော့ အားလုံးပါဝင်နိုင်မယ် မထင်ဘူး၊ ပဏာမ စာရင်းထွက်လာရင် သက်ဆိုင်ရာ နိုင်ငံရေးပါတီတွေ လူထုအဖွဲ့အစည်းတွေ အားလုံး လှုံ့ဆော်မှ ပြီးပြည့်စုံမယ် ထင်တယ်” ဟု နိုင်လယီတမ က ပြောသည်။

    ထိုပြင် မွန်အမျိူးသားပါတီ အနေဖြင့်လည်း အခြေခံ မဲဆန္ဒရှင် စာရင်းထွက်လာပါက ပါတီရပ်ကျေးကော်မတီများဖြင့် ပြန်လည်စိစစ်သည့် လုပ်ငန်းများကို လုပ်ဆောင်သွားရန် အစီအစဉ်ရှိကြောင်း ၎င်း က ပြောသည်။

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တစ်နိုင်ငံလုံး မဲဆန္ဒရှင်စာရင်းကို ပထမအဆင့် ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှ ဒီဇင်ဘာအထိလည်းကောင်း၊ ဒုတိယအဆင့်ကို ၂၀၁၄ ဒီဇင်ဘာမှ ၂၀၁၅ ဖေဖော်ဝါရီလ အထိလည်းကောင်း၊ တတိယအဆင့် ၂၀၁၅ ဇန်နဝါရီမှ မတ်လအထိ လည်းကောင်း၊ စတုတ္ထအဆင့် ၂၀၁၅ ဖေဖော်ဝါရီလမှ ဧပြီလထိ လည်းကောင်း စီမံကိန်းနှင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြုစုလျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks