IMNA- သုံးလုံးချဲထီနဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေကို ပြောပြာပါလား-
—–ကျွန်တော်ဒီသုံးလုံးထီး (ချဲ) ရောင်းတဲ့အလုပ်ကို လုပ်လာတာ ၂၀ဝ၅ ခုနှစ်ကနေ ဒီနေ့အထိပါပဲ၊ ဒီအလုပ်နဲ့ပဲ ကျွန်တော်မိသားစုအတွက် တဖက်တလမ်းဝင်ငွေ ဖြည့်ဆည်းပေးပါတယ်။ ဒီချဲ (သုံးလုံးထီ) က တစ်လကို နှစ်ခါထွက်တယ်။ လလယ်ပိုင်း (၁၆) ရက်တစ်ခါ၊ လဆန်းပိုင်း (၁) ရက် တစ်ခါ ထွက်တယ်။ ပြီးတော့ လုပ်ရတာလဲ လွယ်တယ်။ ငွေဝင်လွယ်တယ်။ ဘာဖြစ်လဲဆိုတော့ လလယ်ပိုင်းနှစ်ရက်နဲ့ လကုန်ပိုင်းနှစ် ရက်အတွင်းမှာပဲ ရွာလှည့်ပီး ထိုးသားတွေဆီ ရောက်အောင် သွားပီး ရောင်းတယ်။ ကျန်တဲ့ရက်တွေဆိုရင် အိမ်မှာဘဲ ချဲစာအုပ်ကိုထားခဲ့ပီး တခြားအလုပ်ကို လုပ်နိူင်တယ်။ ကျပ်(၁၀ဝ) ဆိုရင် ကော်မရှင်ခ (၂၀) ကျပ်ရပါ တယ်။ ချဲတစ်ကြိမ်ထွက်တိုင်း အနည်းဆုံး ကျပ်(၃) သောင်းလောက် ကော်မရှင် ခရပါတယ်။ ဒါက ကျွန်တော်ကိုင်ထားတဲ့ကျပ် (၁၀ဝ၀) တန်ချဲစာအုပ်အတွက်ပါ။ တချို့ (၃၀ဝ၀) တန်းစာအုပ် ကိုင် ထားတဲ့လူဆို တခါကို (၁) သိန်းလောက်အထိ ကော်မရှင်ခရနိူင်တယ်။ ကိုယ့်ရဲ့ထိုးသား (ဖောက်သည်) အပေါ်မူတည်တယ်။ ရွာမှာဆိုရင် ကျွန်တော့်လို သုံးလုံးထီးချဲရောင်းပီ ကော်မရှင်ခစားတဲ့သူအနည်းဆုံးဦးရေ (၃၀) လောက်ရှိပါတယ်။ ဒါက အိမ်ခြေ (၂၀ဝ) ဝန်းကျင်လောက်ရှိတဲ့ ကျွန်တော်တို့ တစ်ရွာထဲပဲနော်၊ တခြား ရွာတွေ မပါသေးဘူး။
IMNA-ဒေသခံအာဏာပိုင်ရော ဒီလိုချဲထီရောင်းတာကို ဘယ်လိုကိုင်တွယ်လဲ?
—ကျွန်တော်တို့ရွာဘက်မှာက မွန်ပြည်သစ်ပါတီလက်အောက် နယ်မြေဖြစ်တယ်။ ဒီသုံးလုံးထီအလုပ်အတွက် ကျွန်တော်တို့ဘာမှမလုပ်ရပါဘူး။ ကျနော့်ရဲ့ချဲဒိုင်ဖြစ်တဲ့သူတွေကပဲ မွန်ပြည်သစ်ပါတီရဲ့ မြို့နယ်အဆင့်ရုံးကို သွားရောက်ပီး ခွင့်ပြုချက်တောင်းရပါတယ်။ တစ်လကို ချဲနှစ်ခါထွက်မယ်ဆိုရင် နှစ်ကြိမ်ခွင့်တောင်းရတယ်။ အကောက်အခွန်ကြေး ပေးသွင်းရတယ်။ ဘယ် လောက်ပေးရတယ်ဆိုတာကို ကျွန်တော်မသိဘူး။ ပီးတော့ အသိအမှတ်ပြုပေးတဲ့အနေနဲ့ ချဲစာအုပ်တိုင်းကို ခွင့်ပြုချက်တံဆိပ်ရိုက်နှိပ်ပေးပီး ကျွန်တော်တို့လို ချဲရောင်း ကော်မရှင်ခစားတဲ့ လူတွေကို အဲဒီချဲစာအုပ်ကို ပေးရောင်းပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဘက်မှာ ချဲရောင်းပီး ကော်မရှင်ခစားတဲ့အလုပ်ကို လုပ်မယ်ဆိုရင် ခွင့်ပြုချက်တံဆိပ်မပါလို့မရဘူး။
နှစ်လုံးထီးကို (၂၀၁၀) ခုနှစ်လောက်မှာ မွန်ပြည်သစ်ပါတီက အမိန့်ထုတ်ပီး ပိတ်ခဲ့တယ်။ ဒါပေမယ့် တိတ်တခိုး လုပ်နေတဲ့သူတွေက အခုထိရှိနေတုန်းပဲ၊ ဘာကြောင့်လုပ်လို့ရနေတာကို ကျွန်တော်မသိပါဘူး။ အဲဒီနှစ်လုံးထီ ချဲရောင်းမှုကြောင့်လဲ ဖမ်းဆီးခံရတဲ့လူတွေ ကျွန်တော်တွေ့ဖူးပါတယ်။ ၂၀၁၀ နှစ်ကုန်ပိုင်းလောက်မှာ ဖြစ်မယ် ထင်တယ်။ အယောက် (၃၀) လောက်ရှိတယ်။ သူတို့က နှစ်လုံးထီးကို ခိုးရောင်းမှုကြောင့် မွန်ပြည်သစ်ပါတီက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ပြစ်ဒဏ်အနေနဲ့ လမ်းတွေကို ပြင်ခိုင်းပါတယ်။ တချို့ကအဲဒီအပြစ်ဒဏ်ကို မလုပ်နိူင် ရင် ငွေဒဏ်ဆောင်ပီး လွှတ်ပေးလိုက်တာရှိပါတယ်။ အခု ဒီသုံးလုံးထီရောင်းတဲ့အလုပ်က ကျွန်တော်တို့ရွာ ဘက်မှာ အေးအေးဆေးဆေးပဲ၊ ဘာမှကြောက်စရာမလိုဘူး။ ခွင့်ပြုချက်တံဆိပ်ပါရင် ပီးတယ်။
IMNA-ထိုးသားတွေရော ဒိုင်ရော ဘယ်လိုပြဿနာတွေ ဖြစ်ပေါ်ခဲ့ဘူးလဲ?
—ဘာပဲပြောပြော ဒီနှစ်လုံး၊ သုံးလုံးထီးထိုးခြင်းကြောင့် ချမ်းသာသွားတဲ့လူ တစ်ယောက်မှမရှိဘူး၊ ဒုက္ခရောက် တဲ့သူကအများကြီး ဒါက ကျွန်တော်မျက်မြင်ကိုယ်တွေ့ပါ။ ချဲကြောင့် အကြွေတင်းပြီး အကြွေးဆပ်နိူင်ဖို့ အိမ်၊ ခြံ၊ မြေတွေကိုရောင်း၊ ကိုယ်ပိုင်စီးပွါးရေးလည်း ဆုံးရှုံး၊ နောက်ဆုံး မိသားစုတွင်း ပြဿနာဖြစ်တော့တာပဲ။ ချဲအမှုကို အများအားဖြင့် ကျေးရွာအုပ်ချုပ်ရေးမှုးရုံး၊ တစ်ချို့က မွန်ပြည်သစ်ပါတီရဲ့ ခရိုင်၊ မြို့နယ်ရုံးကို သွားရောက်ဖြေးရှင်း ကြတာရှိတယ်။ ချဲထိုးပြီး အကြွေးမဆပ်နိူင်လို့ ရွာကနေ ထွက်ပြေးရတာလဲရှိတယ်။ ဒါကကျွန်တော် ကိုယ်တိုင်လဲ ခံခဲ့ရတယ်။ (၁၀) သိန်းလောက်အကြွေးရဖို့ရှိနေတာကို ကိုယ့်ရဲ့အကြွေးရှင်က ရွာမှာမနေရဲလို့ တဖက်နိူင်ငံဖြစ်တဲ့ထိုင်းနိုင်ငံကို ထွက်ပြေးသွားတာ ခုထိရွာဘက်ပြန်မလာသေးဘူး။ အခုလဲ ဒီသုံးလုံးထီးကနေ အကြွေးရဖို့ ကျပ်သုံးသိန်းလောက်ရှိနေပါတယ်။ အဲဒီလိုအကြွးတွေကို ကိုယ်က အတင်းလိုက် တောင်းလို့လဲ မရဘူး၊ ဖောက်သည်ပျက်သွားမှာကိုလဲ စိုးရိမ်ရတယ်။ နောက်ဆုံးပြောချင်တာကတော့ ဒီအ လုပ်ကို ကျွန်တော်အနေနဲ့ မနှစ်သက်ပါဘူး၊ ချဲက လူမှုရေးပြဿနာရဲ့ အရင်းမြစ်လို့ ကျွန်တော်မြင်တယ်။ ကျွန် တော်ပြောခဲ့ပါတယ်။ ချဲထိုးခြင်းကြောင့် ချမ်းသာသွားတဲ့လူမရှိဘူး၊ ပြဿနာတက်ပီး ဘဝပျက် ဒုက္ခရောက်သွားတဲ့လူတွေပဲ အများကြီးရှိနေတာပဲ။
IMNA- ဟုတ်ကဲ့ အခုလို ချဲနဲ့ပတ်သက်တဲ့ အတွေ့အကြုံပြောပြတဲ့အတွက် အထူးပဲကျေးဇူတင်ပါတယ်။