Home သတင်း မော်လမြိုင်တွင် လက်ပတ်ဖြူလှုပ်ရှားမှုခွင့်ပြုမိန့်မရ၊ ဆုတောင်းပွဲပြုလုပ်ခဲ့

မော်လမြိုင်တွင် လက်ပတ်ဖြူလှုပ်ရှားမှုခွင့်ပြုမိန့်မရ၊ ဆုတောင်းပွဲပြုလုပ်ခဲ့

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ယမန်နေ့ ညနေ ၄ နာရီအချိန်က ကျောင်းသားနှင့် ပြည်သူအချို့ လက်ပတ်ဖြူလှုပ်ရှားမှုပြုလုပ်ရန်စီစဉ်ထားသော်လည်း သက်ဆိုင်ရာရဲတပ်ဖွဲ့ ခွင့်ပြုမိန့်မရသဖြင့် ကျိုက်သုတ်ဘုရား၌ဆုတောင်းပွဲသာ ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ပတ်ဖြူလှုပ်ရှားမှုမှာ သပိတ်မှောက်ကျောင်းသားများ အကြမ်းဖက်ခံရမှုများနှင့် ဖမ်းဆီးခံ ကျောင်းသားများအမြန်ဆုံးလွတ်မြောက်ရေးအတွက် ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဦးဆောင်သူ ဟန်တလမွန်က ပြောသည်။

“ဒီနေ့ ကျောင်းသားနဲ ့ ပြည်သူ အယောက် ၄၀ လောက် ပါဝင်လာပါတယ်၊ ဒီရက်တွေက စနေ၊ တနင်္ဂနွေ ဖြစ်တဲ့ အတွက် ခွင့်ပြုမိန် မရဘူး၊ တနင်္လာနေ့ မှ ပြန်ခွင့်ပြုမိန့်တင်မယ်၊ အဲဒီကျရင် မန္တလေးမှာ လုပ်သလို ဆန္ဒပြပွဲပါ လုပ်သွားဖို့ အစီအစဉ်ရှိပါတယ်”ဟု ဟန်တလမွန်က ပြောသည်။

ယမန်နေ့တွင် မော်လမြိုင်မြို့ လူစည်ကားသောနေရာများ၌ ကျောင်းသားနှင့် ဒေသခံအချို့ အနက်ရောင် အကျီများဝတ်ဆင်က လူစုခဲ့ကြောင်း သိရသည်။

အဆိုပါ ဆုတောင်းပွဲ၊ ဆန္ဒပြပွဲ လှုပ်ရှားမှုများပြုလုပ်ခြင်းအား မွန်ပြည်နယ်ကျောင်းသားများသမဂ္ဂမှ ထောက်ခံကြောင်း မွန်ပြည်နယ် ကျောင်းသား ခေါင်းဆောင် ဘုန်းမြတ်မိုးက ပြောသည်။

“ဒီလှုပ်ရှားမှု မှာ ကျွန်တော် ပါဝင်ခြင်း မရှိပါဘူး။ကျွန်တော်တို့ ဒီလှုပ်ရှားမှုကို ထောက်ခံပါတယ်၊ ဒီလှုပ်ရှားမှုတွေ တွေကြောင့် ဖမ်းဆီခံ ကျောင်းသားတွေ အကျိူးရှိနိုင်ဖို့လည်း ဆုတောင်းပါတယ်”ဟု ဘုန်မြတ်မိုးက ပြောသည်။

အလားတူ လက်ပံတန်းမြို့ရောက် ကျောင်းသားသပိတ်ပင်မစစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းစဉ် ကျောင်းသား ကျောင်းသူများအား ရဲများရိုက်နှက်ဖမ်းဆီးမှု

ကျိုက်သုတ်ဘုရားဆုတောင်းပွဲ(Facebook)
ကျိုက်သုတ်ဘုရားဆုတောင်းပွဲ(Facebook)
အပေါ် ကန့်ကွက်ရှုတ်ချပွဲနှင့် ဖမ်းဆီးခံထားရသူများ လွှတ်ပေးရေး တောင်းဆိုပွဲများ ရန်ကုန်နှင့် မန္တလေးမြို့များ၌ ယမန်နေ့တွင် ကျင်းပခဲ့သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.