ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်
“တည်ဆောက်မှာက မြန်မာအင်ဂျင်နီယာတွေဖြစ်ပါတယ်၊ ပစ္စည်းကတော့ ဂျပန်-မြန်မာ ပူးတွဲထုတ်လုပ်မှာ ဖြစ်ပါတယ်” ဟု ဦးတင့်လွင်က ပြောသည်။
သံလွင်တံတားဆောက်လုပ်ရန် လျာထားခဲ့သည်မှာ ကြာမြင့်သော်လည်း ဘဏ္ဍာရေး အခက်အခဲကြောင့် အကောင်အထည် မဖော်နိုင်ခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်တွင် ဆောက်လုပ်ခွင့် ခွင့်ပြုချက်ရရှိခဲ့ကြောင်း ဦးတင့်လွင်က ဆိုသည်။
တည်ဆောက်မည့်ပုံစံမှာ မြန်မာနိုင်ငံတွင် ဆောက်လုပ်နေသည့် ပုံစံမဟုတ်ဘဲ ခေတ်မီပုံစံဖြင့် ဆောက်လုပ်သွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးမှ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။
တံတားခံဝန်အား ၇၅ တန်ရှိပြီး နှစ်လမ်းသွားကားလမ်းအကျယ်မှာ ၂၈ ပေနှင့် ရေလမ်းကင်းလွတ် အမြင့် (အမြင့်ဆုံး ရေအမှတ်) ၄၆ ပေရှိကြောင်း သိရသည်။
ပေပေါင်း ၅၂၀၃ (၁၅၈၆ မီတာ) အရှည်ရှိ နှစ်လမ်းသွားတံတားအတွက် ခန့်မှန်းကုန်ကျစရိတ်မှာ ကျပ်သန်း ခြောက်သောင်း ကျော် ကုန်ကျမည်ဟု ဆောက်လုပ်ရေးဝန်ကြီး ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် ပြောသည်။