spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းတရားခံပြေးတစ်ဦးအား မွန်ပြည်သစ်ပါတီ ရဲတပ်ဖွဲ့ထံလွှဲပြောင်း

    တရားခံပြေးတစ်ဦးအား မွန်ပြည်သစ်ပါတီ ရဲတပ်ဖွဲ့ထံလွှဲပြောင်း

    -

    မွန်ပြည်သစ်ပါတီက ဖမ်းဆီးရမိသည့် တရားခံပြေးတစ်ဦးကို ဖေဖော်ဝါရီလ ၆ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရဲတပ်ဖွဲ့မှူးထံသို့ လွှဲအပ်ခဲ့သည်။

    လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့က ရေးမြို့နယ်၊ အာယုတောင်ကျေးရွာအနီးတွင် တူးမြောင်းကျေးရွာနေ မောင်အောင်ဆန်းလင်း (ခ) မဲတုံး (၂၀) နှစ်အား ကပ်ပါး (ရဲတင်း) ဖြင့် ခုတ်မှုဖြင့် ထွက်ပြေးတိမ်းရှောင်ခဲ့သည့် စုံနံသာ ကျေးရွာနေ မောင်စည်သူ (ခ) အဘွတ်အား မွန်ပြည်သစ် ထိန်းချုပ်နယ်မြေတွင် ဖမ်းဆီးရမိပြီးနောက် လွှဲအပ်ပေးခြင်း ဖြစ်သည်။

    ရေးမြို့၊ မွန်ပြည်သစ် ဆက်ဆံရေးရုံးတွင် ပြုလုပ်သည့် လွှဲအပ်ပွဲသို့ မွန်ပြည်သစ်ဘက်မှ ထားဝယ်ခရိုင် ဥက္ကဋ္ဌ နိုင်အောင်မငေး ဦးဆောင်ကာ၊ ရေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သော် ဦးဆောင် တက်ရောက်ပြီး သက်သေစာရွက်စာတမ်းနှင့် လွှဲအပ်ခြင်း ဖြစ်သည်။

    နိုင်အောင်မငေး က “တချို့ပုဂ္ဂိုလ်တွေက နောက်ကြောင်းသိပ်မရှင်းသေးဘူး၊ သူ့နောက်ဆက်တွဲတွေ ရှိသေးတယ်၊ သူ့ဆီက သတင်းရင်းမြစ်တွေ ယူပြီးတော့ ကျွန်တော်တို့ ဆက်တိုက် ရှာဖို့ လိုသေးလို့ မအပ်သေးတာ၊ ကျွန်တော်တို့က အမြဲတမ်း ပူးပေါင်းဆောင်ရွက်သွားမယ်” ဟု ပြောသည်။

    လွန်ခဲ့သည့် ဒီဇင်ဘာလအတွင်းက ရေးမြို့နယ် တောင်ဘက် ၁၉ မိုင်တွင် ဖြစ်ပွားသည့် ဓားပြတိုက်မှုကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်ပြီး၊ နောက်ဆက်တွဲ အနေနှင့် ဟံဂံကျေးရွာတွင် သေနတ်တို ၄ လက်၊ စကားပြောစက် ၈ လုံးနှင့် လက်ပစ်ဗုံး တစ်လုံးကို သိမ်းဆည်းရမိ သည်ဟုလည်း နိုင်အောင်မငေး က ပြောသည်။

    မြို့နယ်မှူး ရဲမှူးမြင့်သော် က “ကျွန်တော်တို့နဲ့ ဥက္ကဋ္ဌ (မွန်ပြည်သစ် ထားဝယ်ခရိုင် ဥက္ကဋ္ဌ) နဲ့က အမြဲတမ်း ဆက်သွယ်မှု ရှိတယ်ပေါ့၊ ကျွန်တော်တို့ လက်လှမ်းမမီတာ ရှိတယ်၊ လိုအပ်ရင်လည်း အကူအညီတောင်းတယ်၊ တရားခံပြေးတွေ ဥက္ကဋ္ဌတို့ဘက် ရောက်နေတယ်၊ ဖြစ်နိုင်ရင် ကျွန်တော်တို့ကို ကူညီပေးပါဦး ဒီလိုတွေပေါ့၊ ရှေ့လျှောက်ပြီး ဒီလိုအပ်ပေးမယ်ဆို ကျွန်တော်တို့ ဝမ်းသာပါတယ်၊ ပူးပေါင်းဆောင်ရွက်တာ သိပ်ကောင်းတာပေါ့” ဟု ပြောသည်။

    ၂၀ဝ၆ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်အတွင်း မူးယစ်ဆေးဝါးမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးရမိသည့် တရားခံများကို မွန်ပြည်သစ်က မြို့နယ် ရဲတပ်ဖွဲ့ ထံသို့ ၄ ကြိမ်တိုင် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ရေးမြို့နယ်တွင် တရားခံပြေး ၁၇၀ ကျော် ရှိသည့်အနက် ၂၀၁၄ ခုနှစ်တွင် ၅ ဦးကို ဖမ်းဆီးရမိခဲ့ပြီး၊ ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် ၂ ဦးကို ထပ်မံ ဖမ်းဆီးရမိကြောင်း ရဲမှူးမြင့်သော်က ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts