Homeသတင်းတနသာင်္ရီတိုင်းဒေသကြီးရှိ မွန်တိုင်းရင်းသား ၃ သောင်းကျော် မှတ်ပုံတင်မရှိသေး

တနသာင်္ရီတိုင်းဒေသကြီးရှိ မွန်တိုင်းရင်းသား ၃ သောင်းကျော် မှတ်ပုံတင်မရှိသေး

-

လွန်ခဲ့သည့်လပိုင်းများတွင် ကောက်ခံရရှိထားသောစာရင်းအရ တနသာင်္ရီတိုင်းဒေသကြီးအတွင်း မွန်တိုင်းရင်းသား ၆ သောင်း (၆၂၃၆၆ ) ကျော်ရှိသည့်အနက် ၃ သောင်း(၃၉၅၈၂ ဦး) ကျော်မှာ နိုင်ငံသားစိစစ်ရေးကဒ်ပြား(အမျိုးသားမှတ်ပုံတင်) မရှိသူများ ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဇောတိကရာမ ဘုန်းတော်ကြီး ကျောင်း၌ ပြုလုပ်သော မွန်လူဦးရေ စာရင်းကောက်ယူရေးလုပ်ငန်း သတင်းစာရှင်းလင်းပွဲမှ သိရသည်။

အဆိုပါ တနင်္သာရီတိုင်းရှိ မွန်တိုင်းရင်းသားများ နိုင်ငံသားစိစစ်ရေးကဒ်ပြားရရှိနိုင်ရန် တနင်္သာရီတိုင်းဒေသကြီး မွန်လူဦးရေ စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်သည့်အစိုးရဌာနများသို့ စာတင်ထားကြောင်း ဦးဆောင်ကော်မတီဝင် မင်းကျော်ခိုင်ဝင်းက ပြောသည်။

မင်းကျော်ခိုင်ဝင်းက “သူတို့(အစိုးရ) မှာလည်း မိုးပွင့်စီမံကိန်းရှိတယ်လို့ သိရတယ်၊ မှတ်ပုံတင် လုပ်ပေးမယ်လို့ ယူဆတယ်” ဟု ဆိုသည်။

အဆိုပါ မွန်လူဦးရေးစာရင်းသည် တနင်္သာရီတိုင်းဒေသကြီးရှိ မွန်တိုင်းရင်းသားများနေထိုင်ရာ ရပ်ကျေးအုပ်စု ၁၈၁ ခုအား ကောက်ယူနိုင်ခဲ့သော်လည်း နယ်မြေမလုံခြုံမှုနှင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ကျေးရွာပေါင်း ၂၀ ကျော် စာရင်းကောက်ယူရန် ကျန်ရှိသေးကြောင်း သိရသည်။

ထို့အပြင် မင်းကျော်ခိုင်ဝင်းက “ဖွဲ့စည်းပုံ အခြေခံဥပဒေ ၁၆၁ (ခ) အရ မြန်မာနိုင်ငံလူဦးရေ စုစုပေါင်းရဲ့ ၀.၁ ရဲ့အထက် ရှိမယ် ဆိုရင် တိုင်းရင်းသားရေးရာဝန်ကြီး တစ်ဦးရနိုင်တယ်လို့ ဆိုထားတယ်၊ အခု တနင်္သာရီတိုင်းမှာ မွန်လူဦးရေ ၆ သောင်းကျော် တယ်ဆိုတော့ မွန်ရေးရာဝန်ကြီး တစ်ပါးရလိမ့်မယ်”ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကာလ၌ တနင်္သာရီတိုင်းဒေသကြီးအတွင်း လူဦးရေ ၆ သောင်းမပြည့်ဟုဆိုကာ အစိုးရက မွန်တိုင်းရင်းသားရေးရာဝန်ကြီးနေရာ မသတ်မှတ်ခဲ့ပေ။

တနသာင်္ရီတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် မွန်တိုင်းရင်းသားရေးရာဝန်ကြီးတစ်ပါးရှိပါက ဒေသရှိ မွန်လူမျိူးများအတွက် များစွာ အကျိူးသက်ရောက်နိုင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နေ မင်းချမ်းလွန်က ပြောသည်။

သူက “ကျွန်တော်တို့ ဒေသက မွန်တချို့ဆို ဒုက္ခသည်တွေလိုဘဲ နေနေရတယ်၊ မွန်ဝန်ကြီး ရှိရင်တော့ မှတ်ပုံတင်ကအစ သန်းခေါင်စာရင်းတွေပါ အကုန်အဆင်ပြေမယ်၊ ပြီးတော့ စာပေယဉ်ကျေးမှု လုပ်ငန်းတွေ လည်း ကျယ်ပြန့်လာသလို ဒေသ ဖွံ့ဖြိုးရေးတွေကိုလည်း ပိုပြီးအကောင်အထည်ဖေါ်နိုင်မှာပါ” ဟု ပြောသည်။

အဆိုပါ မွန်လူဦးရေ စာရင်းကောက်ယူရေးလုပ်ငန်းသည် အရပ်ဖက်လူမှုအဖွဲ့အစည်းများဖြင့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် တနင်္သာရီတိုင်းဒေသကြီးအတွင် စတင်ကောက်ယူခဲ့ပြီး တစ်နှစ်ကျော်အကြာ ထွက်ပေါ်လာသော ရလာဒ်

တနင်္သာရီမွန်လူဦးရေစာရင်း သတင်းစာရှင်းလင်းပွဲ(Ko Thu)
တနင်္သာရီမွန်လူဦးရေစာရင်း သတင်းစာရှင်းလင်းပွဲ(Ko Thu)
ဖြစ်သည်။

အလားတူ မွန်တိုင်းရင်းသားရေးရာဝန်ကြီးနေရာမသတ်မှတ်ရသေးသော ရန်ကုန်တိုင်းဒေသကြီးတွင်လည်း မွန်တိုင်းရင်းသား ဦးရေစာရင်း ကောက်ခံထားပြီး ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts