spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းတိုင်းရင်းစာပေသင်ကြားရေးနှင့် ပညာရေးစနစ်စိန်ခေါ်မှု မွန်ကျောင်းသားသမဂ္ဂ ဆွေးနွေးပွဲစတင်

    တိုင်းရင်းစာပေသင်ကြားရေးနှင့် ပညာရေးစနစ်စိန်ခေါ်မှု မွန်ကျောင်းသားသမဂ္ဂ ဆွေးနွေးပွဲစတင်

    -

    မွန်ပြည်နယ်၊ ကျောင်းသားသမဂ္ဂမှ ကျင်းပပြုလုပ်သည့် တိုင်းရင်သားစာပေသင်ကြားရေးနှင့် ပညာရေးစနစ် စိန်ခေါ်မှုများ ဆိုင်ရာ ဆွေးနွေးပွဲကို ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၉ နာရီတွင် မော်လမြိုင်မြို့၊ တောင်ပေါက်ကျောင်းတိုက် ( နှီးဘုရား )၌ စတင် ကျင်းပခဲ့သည်။

    အခမ်းအနားခေါင်းစီးစာတမ်း(Ko Thu)
    အခမ်းအနားခေါင်းစီးစာတမ်း(Ko Thu)

    မွန်ပြည်နယ် ကျောင်းသားများအနေဖြင့် တိုင်းရင်းသားစာပေသင်ကြားရေး အပိုင်းတွင်လည်း မတူညီသော အမြင်များဖြင့် ဆွေးနွေးခဲ့ကြကြောင်း မွန်ကျောင်းသားများသမဂ္ဂ လုပ်ငန်းတာဝန်ခံ ကိုဘုန်းမြတ်မိုးက ပြောသည်။

    ကိုဘုန်းမြတ်မိုးက “ကျွန်တော်တို့ တိုင်းရင်းသားစာပေသင်ကြားရေးနဲ ့ ပတ်သက်ပြီး မွန်ကျောင်းသားတွေရဲ့ တူညီတဲ့ အမြင်တစ်ခုကိုရခဲ့ပါတယ်၊ တိုင်းရင်းသားစာပေ သင်ကြားရေးကို အစိုးရက စေတနာမှန်မှန်နဲ့ လုပ်ပေးစေချင်တယ်၊ တိုင်းရင်းသားစာပေသင်ကြားရေး အတွက် ကျွန်တော်တို့ ပန်းတိုင် အထိ ရောက်အောင် ဆက်ပြီး တိုက်ပွဲဝင်သွားမှာပါ။”ဟု ပြောသည်။

    အဆိုပါ ဆွေးနွေးပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊လူမှုအဖွဲ့အစည်းများ၊ ကျောင်းဆရာများနှင့် ကျောင်းသားကိုယ်စားလှယ်များ စုစုပေါင်း ၇၀ ဦး ခန့် တက်ရောက်ခဲ့ကြောင်း တွေ့ရသည်။

    ထို့အပြင် မွန်ပြည်သစ်ပါတီ၊ ၈၈ ပွင့်လင်းလူ့အဖွဲအစည်းနှင့် နိုင်ငံတကာရောက် မွန်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ အဖွဲ့(OMCC) တို့၏ သဘောထားထုတ်ပြန်ချက်များ၊ သဝဏ်လွှာများကို အခမ်းအနားတွင် ဖတ်ကြားခဲ့သည်။

    တက်ရောက်သူများ(Ko Thu)
    တက်ရောက်သူများ(Ko Thu)
    တိုင်းရင်းသားစာပေ သင်ကြားရေးသည် တိုင်းရင်းသားတိုင်း၏ ဆန္ဒဖြစ်ကြောင်း ဆွေးနွေးပွဲ တက်ရောက်နေသော မော်လမြိုင်တက္ကသိုလ် အဝေးသင် ကျောင်းသား ကိုဆန်းတေဇက ပြောသည်။

    “ဘယ်တိုင်းရင်းသားမဆို ကိုယ်ဘာသာစကားနဲ့ တရားဝင် အစိုးရက ပြဌာန်းတဲ့ စာကိုသင်ချင်ကြတာဘဲလေ၊ ဒါတိုင်းရင်း သား အားလုံးရဲ့ ဆန္ဒပါဘဲ”ဟု ကိုဆန်းတေဇက ပြောသည်။

    ထို့အပြင် လက်ရှိ ပညာရေးစနစ်အပေါ် ကျောင်းသားတစ်ဦးစီ၏ စိန်ခေါ်မှုများအား ဆွေးနွေးခဲ့ကြပြီး ညနေ ၅ နာရီခန့် တွင် ဆွေးနွေးပွဲ ပထမ နေ့ ပြီးဆုံးခဲ့သည်။

    အဆိုပါဆွေးနွေးပွဲသည် ဒုတိယနေ့ အဖြစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး တိုင်းရင်းသားဒေသ အသီးသီးမှ ကျောင်းသားများ၊ ဆရာများ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

    မွန်ပြည်နယ် ကျောင်းသားသမဂ္ဂသည် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်နေ့က စတင် ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ယခုပြုလုပ် သည့် တိုင်းရင်းသားစာပေသင်ကြားရေးနှင့် ပညာရေးစနစ် စိန်ခေါ်မှုဆိုင်ရာ ဆွေးနွေးပွဲသည် ၎င်းအဖွဲ့၏ ပထမဆုံး ခြေလှမ်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks