Homeသတင်းလာမည့်လဆန်းပိုင်းတွင် ၇ ကြိမ်မြောက်ဆွေးနွေးပွဲ ပြုလုပ်နိုင်မည်ဟု NCCT မျှော်လင့်

လာမည့်လဆန်းပိုင်းတွင် ၇ ကြိမ်မြောက်ဆွေးနွေးပွဲ ပြုလုပ်နိုင်မည်ဟု NCCT မျှော်လင့်

-

NCCT နှင့် MPC ဆွေးနွေးစဉ်-(Hla Maung Shwe)
NCCT နှင့် MPC ဆွေးနွေးစဉ်-(Hla Maung Shwe)
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ UPWC နှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT တို့၏ ၇ ကြိမ်မြောက်တွေ့ဆုံဆွေးနွေးပွဲကို လာမည့် ဖေဖော်ဝါရီ လဆန်းပိုင်းတွင် ပြုလုပ်နိုင်မည်ဟု NCCT ဒုတိယခေါင်းဆောင် ဗဒို စောကွယ်ထူးဝင်းက ယနေ့ လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA ကို ပြောသည်။

၇ ကြိမ်မြောက် အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲ ပြန်လည်းပြုလုပ်နိုင်ရန် ယမန်နေ့က မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) မှ တာဝန်ရှိသူများ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် NCCT အဖွဲ့နှင့် ညှိုနှိုင်းမှု ပြုလုပ်ခဲ့သော်လည်း ရက်အတိအကျကို မဆုံးဖြတ်နိုင်ခဲ့ပေ။

ဗဒိုစောကွယ်ထူးဝင်းက “လာမဲ့လဆန်းပိုင်းမှာ တွေ့နိုင်မယ်လို့ ခန့်မှန်ထားပါတယ်၊ ဒါပေမဲ့ နှစ်ဖက်စလုံးပေါ်မှာ မူတည်ပါတယ်၊ ကျနော်တို့ NCCT အတွင်းမှာလည်း ပြန်ပြီး ညှိရပါဦးမယ် အဖွဲ့ခေါင်းဆောင်ကလည်း ပြည်တွင်းကို ခရီးထွက်နေတယ် ဆိုတော့ သူ့ရဲ့ပါဝင်ဆုံးဖြတ်မှုကလည်း အရေးကြီးတယ်” ဟု ဆိုသည်။

ယမန်နေ့ ဆွေးနွေးပွဲတွင် အဓိကအားဖြစ် NCCT နှင့်ပတ်သက်သည့် လုပ်ဆောင်မှုများ၊ ဒီဇင်ဘာလ နှောင်းပိုင်းတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ ရရှိလာသည့် NCCT ၏ ရလဒ် Drafts များကို MPC သို့ တင်ပြဆွေးနွေးခြင်း၊ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့အတွက် Code of Conduct, နှင့် Monitoring အလုပ်အဖွဲ့ကို မည်သို့ပြုလုပ်မည့် ကိစ္စရပ်များနှင့် လာမည့် ၇ ကြိမ်မြောက် ဆွေးနွေးပွဲကို မည့်သည့်အချိန်နေ့ရက်တွင် ပြုလုပ်မည့်ကိစ္စများ ဆွေးနွေးခဲ့သည်။

၇ ကြိမ်မြောက် ဆွေးနွေးပွဲ ရက်မသတ်မှတ်နိုင်မှုနှင့် ပတ်သက်၍ မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) မှ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက “ကျနော်တို့ကတော့ ဒီလမကုန်ခင် တွေ့နိုင်ဖို့အတွက်ကို မျှော်လင့်ထားပါတယ်၊ ဒါပေမဲ့ သူတို့တိုင်းရင်းသားတွေက အဖွဲ့အစည်းတွေက များတော့ သူတို့ဘက်က ပြောတဲ့ရက်တွေကို ကျနော်တို့အလုပ်အဖွဲ့က ညှိလို့မရဘူးဖြစ်နေတယ်” ဟု ပြောသည်။

ယခုတွေ့ဆုံမှုတွင် လွန်ခဲ့သည့် ဒီဇင်ဘာ ၂၀၁၄ ဆွေးနွေးမှုထက်ပိုသည့် တောင်းဆိုချက်များမရှိကြောင်း၊ MPC အနေနှင့် အလုပ်အဖွဲ့ဖြစ်သည့်အတွက် တစ်စုံတရာဆုံးဖြတ်ပေး၍ မရကြောင်း၊ ၇ ကြိမ်မြောက် ဆွေးနွေးပွဲ ဖြစ်မြောက်ရန် လာမည့် ရက်သတ္တပတ်တွင် MPC နှင့် NCCT တို့ထပ်မံ ညှိနှိုင်းမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးလှမောင်ရွှေက ဆက်ပြောသည်။

ယမန်နေ့တွင်ပြုလုပ်သည့် ဆွေးနွေးပွဲတွင် MPC ဘက်မှ ဦးလှမောင်ရွှေ ဦးဆောင်သည့် အဖွဲ့နှင့် NCCT ဘက်မှ ဗဒို စောကွယ်ထူးဝင်း ဦးဆောင်သည့်အဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဖြစ် ဖွဲ့စည်းထားသည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ၏ အဖွဲ့တွင်းအစည်းအဝေးကို ယခုလ ၁၉ – ၂၀ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့ပြီး ၂၁ ရက်နေ့တွင် MPC အလုပ်အဖွဲ့နှင့် တွေ့ဆုံခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts