spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းသံလွင်ရေကာတာစီမံကိန်းကြောင့် ပြည်သူများထွက်ပြေးနေရ

    သံလွင်ရေကာတာစီမံကိန်းကြောင့် ပြည်သူများထွက်ပြေးနေရ

    -

    သံလွင်ရေကာတာစီမံကိန်းကြောင့် စစ်ပွဲများဖြစ်ပွားပြီး ပြည်သူများ အိုးအိမ်စွန့်ပစ်ကာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း မြန်မာနိုင်ငံမြစ်ချောင်းများကွန်ယက်၏ ဇန်နဝါရီလ ၁၉ ရက်နေ့ထုတ်ပြန်ကြေညာချက်တွင် တွေ့ရသည်။

    ထိုသို့ စစ်ပွဲဖြစ်ပွာနေမှအနက် ရှမ်းပြည်နယ်တွင် တိုက်ပွဲအများဆုံးဖြစ်နေကြောင်းနှင့် တိုက်ခိုက်မူများမှာလည်း စဉ်ဆက် မပြတ် ဖြစ်ပွားနေသည်ဟု မြန်မာနိုင်ငံမြစ်ချောင်းများကွန်ယက်မှ ပြောရေးဆိုခွင့်ရှိသူ ကိုစိုင်းခေဆိုင်း ကပြောသည်။

    “ရှမ်းပြည်နယ်က ကွမ်းလုံရေကာတာစီမံကိန်းကို ၂၀ဝ၉ မှာစပြီးလက်မှတ်ထိုးခဲ့တယ်၊ အဲဒီနှစ်မှာပဲ နယ်ခြားစောင့်တပ်နဲ့ ကိုးကန့်တို့ကြီးကြီးကျယ်ကျယ်စစ်ဖြစ်ခဲ့တယ်၊ ရှမ်းပြည်နယ်မှာ ခုထိ တိုက်ပွဲဖြစ်နေတုန်းပဲ၊ လွန်ခဲ့တဲ့နှစ်လရယ် အခုထိ တာစန်းရေကာတာအနီးနဲ့ နောင်ဖါ ရေကာတာအနီးမှာ တိုက်ပွဲဖြစ်နေတာတွေ့ရတယ်၊ ပြည်သူတွေလဲ စစ်ဘေးကြောင့် သူတို့ရဲ့ အိုးအိ်မ်တွေ စွန့်ခွာပြီးထွက်ပြေးနေရတယ်” ဟု ကိုစိုင်းခေးဆိုင်က ပြောသည်။

    ရှမ်းပြည်နယ်ရှိ ကွမ်းလုံရေကာတာ စီမံကိန်းအတွက် လမ်းဖောက်လုပ်နေမူကြောင့် ကျေးရွာပေါင်း ၆၀ မှ ပြည်သူများ မြေယာနှင့် အိုးအိမ်များဆုံးရှုံးခဲ့ရပြီး လွန်ခဲ့သည့် အောက်တိုဘာလတွင် မြန်မာစစ်တပ်နှင့် DKBA တို့ ကရင်ပြည်နယ်ရှိ ဟတ်ကြီးရေကာတာ အနီးတွင်လည်း တိုက်ပွဲများဖြစ်ပွားကာ ပြည်သူ ၂၀ဝ၀ ခန့် နေအိမ်များစွန့်ကာ ထွက်ပြေးခဲ့ရကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

    ထိုဖြစ်ရပ်များကြောင့် ဒေသခံပြည်သူပေါင်း ၆၀ဝ၀ဝ ကျော် ကန့်ကွက်ရန် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

    “လက်မှတ်ထိုးတာ ၂၀၁၄ခုနှစ် မတ်လလောက်ကစတာပေါ့၊ လက်မှတ်ထိုးထားတဲ့ ပြည်သူ ၆၀ဝ၀ဝ ကျော်တယ်၊ ဒါက ကျနော်တို့ လက်ရှိလက်လှမ်းမှီသလောက်နဲ့ ရထားတဲ့ အချက်အလက်တွေကိုပဲ ထုတ်ပြန်ထားတာပါ” ဟု ကိုစိုင်းခေးဆိုင်က ဆက်ပြောသည်။

    ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီ (ကယားပြည်နယ်)၊ မွန်ပြည်နယ် ရှမ်းပြည်နယ်တို့ အဓိကပါဝင်ကြောင်း၊ထိုအချက် အလက်များ ရရှိရန် အခြားသော ကွန်ယက်အဖွဲ့အစည်း များနှင့် လက်တွဲရကြောင်း တွေပါတယ် ၎င်း ကဆက်ပြောသည်။

    ရေကာတာဆောက်လုပ်မည့် နေရာများ၌ သစ်တောများ ရှင်းလင်းသဖြင့် သာရဲတိရစ္ဆာန်များနှင့် သက်ရှိဇီဝများ ဆုံးရှုံးကာ ပတ်ဝန်းကျင်ကိုပါ ထိခိုက်နိုင်ပြီး ထိုသစ်တောထွက်ပစ္စည်းများကို ပြည်ပသို့ရောင်းချ၍ ရရှိသောအကျိူးအမြတ်ကို ပြည်သူများ အကျိူးခံစားခွင့်မရှိပေ။

    နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဟုဆိုသော်လည်း သတ္တုတူးဖော်ရေးနှင့် သစ်လုပ်ငန်းများကို မြန်မာခရိုနီကုမ္ပဏီများ ဖြစ်ကြသော International Group of Entrepreneurs Co.LTD၊ ShweTaung၊ Asia World အစရှိသော ကုမ္ပဏီများကသာ အရှိန်ဟုန် မြင့်မာစွာ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံမြစ်ချောင်းများကွန်ယက်၏ ထုတ်ပြန်ကြေညာတွင် ဖော်ပြထားသည်။

    “အမျိူးသမီးနဲ့ ကလေးတွေရဲ့ ပညာရေး အနာဂတ်တွေဆုံးရှုံးတယ်၊ ရေကာတာဆောက်မယ့် နေရာတွေမှာ သစ်တောတွေ ရှင်းတဲ့အတွက် ပတ်ဝန်းကျင်ကို ထိခိုက်တယ်၊ အဲဒီကထွက်တာတွေ အားလုံး သူများတွေယူသွားတယ်၊ ကျနော်တို့အတွက် ဘာမှမကျန်ဘူး၊ အဲဒီဆုံးရှူံးမူက ဘာနဲ့မှ တွက်လို့မရနိုင်ဘူး၊ ရောင်းလိုက်တဲ့ သစ်တုံတွေ ရွှေတွေ သတ္တုပစ္စည်းတွေ ဆုံးရှုံးရတဲ့

    သံလွင်မြစ်ပေါ်ရေကာတာစီမံကိန်းများ(Internet)
    သံလွင်မြစ်ပေါ်ရေကာတာစီမံကိန်းများ(Internet)
    သူတွေ ဘယ်လောက်ခံစားရသလဲ၊ မြန်မာပြည်ရဲ့ပညာရေး ကျန်းမာရေး ပြည်သူတွေ ဘယ်လောက် ခံစားနေရပြီးလဲ ဒါတွေကြည့်ရင်အရှုံးတွေပဲပေါ့” ဟု ၎င်း ကသုံးသပ်ထားသည်။

    သံလွင်ရေကာတာစီမံကိန်းသည် လျှပ်စစ်ဓာတ်အား မီဂါဝပ် ၁၅၀ဝ၀ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ထိုဓာတ်အား၏ ၉၀%ကို တရုတ်နှင့် ထိုင်းနိုင်ငံတို့ကို ရောင်းချသွားမည်ဖြစ်သည်။

    မြန်မာနိုင်ငံတွင် ရေကာတာ ၂၀ ကျော်ခန့်ရှိပြီး ထိုရေကာတာများကိုပြုပြင်ခြင်း၊ ဓာတ်အားလိုင်းများ ပြုပြင်ခြင်း၊ ဓာတ်အားပေး စက်ရုံများ တည်ဆောက်ခြင်းဖြင့် ပြုပြင်နိုင်မည့် နည်းလမ်းများစွာရှိသည်။

    ထိုကြောင့် ရေကာတာစီမံကိန်းများကို ခေတ္တရပ်နား၍ အပြစ်ခတ်ရပ်ဆဲရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရှိနိုင်မည်ဟု ကိုစိုင်းခေးဆိုင်မှ သုံးသပ်ပြောဆိုခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks