spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းတတ်သိပညာရှင်အချို့က အံဒင်ကျောက်မီးသွေးလျှပ်စစ်စီမံကိန်း Toyo Thai အား အကြံပြု

    တတ်သိပညာရှင်အချို့က အံဒင်ကျောက်မီးသွေးလျှပ်စစ်စီမံကိန်း Toyo Thai အား အကြံပြု

    -

    မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ အံဒင်ကျောက်မီးသွေးသုံးလျှပ်စစ်စီမံကိန်းပြုလုပ်မည့် Toyo Thai Corporation Public Company Limited (TTCL) အား ပင်လယ်ရေအပူချိန်အတွက် ထည့်သွင်းစဉ်းစားရန် တတ်သိပညာရှင်အချို့က ဇန်နဝါရီ ၁၃ ရက်နေ့ မွန်ပြည်နယ်လွှတ်တော်အစည်းအဝေး ခန်းမတွေ့ဆုံပွဲ၌ အကြံပြုခဲ့ကြောင်း သိရသည်။

    “သူတို့သုံးတဲ့ ရင်းမြစ်က Bituminous ကျောက်မီးသွေးအမျိုးအစားဖြစ်တယ်။ အဲဒါက မီးခိုးထွက်မယ်။ နောက်တစ်ချက်က သူတို့တင်ပြတဲ့နိုင်ငံတွေက အအေးပိုင်းနိုင်ငံတွေ။ ကျမတို့က အပူပိုင်းတိုင်းပြည်ဖြစ်တယ်။ ပင်လယ်ရေက ၃ ဒီဂရီ C တက်လာမယ်ဆိုရင် ကျမတို့ရဲ့ပင်လယ်သမုဒ္ဒရာကဆိုရင် နဂိုက ၂၇ ဒီဂရီ C ရှိတယ်။ ၃ လောက်တက်မယ်ဆိုရင် ၃၀ ဒီဂရီ C ဖြစ်မယ်။ သူက ၁၄ ဒီဂရီ လတ္တီတွဒ်မှာရှိနေတဲ့အတွက် မုန်တိုင်းအစပျိုးတဲ့နေရာ တစ်ခု ဖြစ်ပါတယ်။ အဲဒါကြောင့်မိုလို့ ကျမတို့ဟာ စဉ်းစားတဲ့အခါမှာ အဲဒါလေတစ်ချက်ကို သတိထားဖို့သင့်တယ်လို့ ဝင်ဆွေးနွေးတာပါ” ဟု မော်လမြိုင် တက္ကသိုလ်မှ ပထဝီဘာသာ ပါမေက္ခ ဒေါ်ကြင်စွမ်း (အငြိမ်းစား)က ပြောသည်။

    Toyo Thai Corporation Public Company Limited (TTCL) မှ CEO နှင့် President ဖြစ်သူ Mr Hironou Iriya ဦးဆောင်သောအဖွဲ့သည် မွန်ပြည်နယ် လွှတ်တော်သို့လာရောက်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တတ်သိပညာရှင်နှင့် အခြားဌာနဆိုင်ရာအရာရှိများကို ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံအကြောင်း လွှတ်တော်အစည်းအဝေးခန်းမတွင် လာရောက်ရှင်းလင်းတင်ပြခဲ့ခြင်း ဖြစ်သည်။

    ဒေါ်ကြင်စွမ်းက “တကမ္ဘာလုံးမှာ မုန်တိုင်းရဲ့ intensity က များလာတယ်။ များလာတဲ့အခါကျတော့ တို့ဟာ ဒီလိုနေရာမှာ တကယ့်ကို critical point (အန္တရယ်အမှတ်) မှာ ရှိနေတယ် ရေက။ ၁၀ ဒီဂရီအထက်ဆိုရင် မုန်တိုင်းက အစပျိုးနေရာဖြစ်တယ်။ အဲတော့ တို့က အပူကို ထပ်ပေးလိုက်မယ်ဆိုရင် မုန်တိုင်းကို အားပေးသလို ဖြစ်တယ်” ဟု အဆိုပါရှင်းလင်းပွဲတွင် ပြောသည်။

    မြန်မာနိုင်ငံတွင် ပင်လယ်ရေအပူချိန် ၃ ဒီဂရီ C ထိကုမ္ပဏီမှ grantee ခံထားပြီး စက်ရုံမှ ၅၀ဝ မီတာအထိ စဉ်ဆက်မပြတ်တိုင်းတာ စစ်ဆေးနေမည် ဖြစ်ကြောင်း၊ အဆိုပါနေရာအနီးတဝိုက်ထိကို ၃ ဒီဂရီ C ထိ လုံးဝပေးကျော်စေမည်မဟုတ်ကြောင်းနှင့် ပင်လယ်အဝထိ သက်ဆိုင်ရာကမ္ဘာ့စံချိန်စံညွန်းမှ သတ်မှတ်ထားသော စံချိန်စံညွန်းအတိုင်း လိုက်နာပြီး တိုင်းတာရပါမည်ဟု ကုမ္ပဏီ စီမံကိန်းတာဝန်ခံ ဒေါ်နီနီစံက ရှင်းလင်းပြောပြခဲ့သည်။

    “မုန်တိုင်းဆိုတာက ပင်လယ်ရေအပူချိန်မြင့်လာရင် ရေငွေ့ပြန်နှုန်းမြင့်လာတယ်။ အဲဒီအခါကျရင် မုန်တိုင်းဖြစ်ဖို့ ပိုပြီးတော့ အားကောင်းတယ်။ အဲဒါကြောင့် ကမ္ဘာ့ရေပြင်ပူလာရင် ပင်လယ်ရေပြင်မှာ အပူချိန်တိုးလာရင် ကျမတို့စဉ်းစားရမယ်ဆိုတာက ကျမတို့ရဲ့ဖွံ့ဖြိုးဆဲတိုင်းပြည်အတွက် ပိုပြီးတော့ စဉ်းစားမယ်။ ကျမတို့က recover လုပ်မယ့်စရိတ်မတက်နိုင်ဘူး။ ချမ်းသာတဲ့နိုင်ငံမှာတော့ ပြန်ပြီးလုပ်နိုင်တယ်” ဟု ဒေါ်ကြင်စွမ်းက ပြောသည်။

    အမေရိကန်နိုင်ငံတွင် လက်ရှိပင်လယ်အပူချိန်ထက် ၇ မှ ၁၅% (၇ ဒီဂရီ C မှ ၁၅ ဒီဂရီ C) မြင့်တက်သည်ကို လက်ခံကြောင်း၊ ပြင်သစ်နိုင်ငံတွင် ၁၁ ဒီဂရီ C မှ ၁၅ ဒီဂရီ C ထိလက်ခံကြောင်း၊ အင်္ဂလန်နိုင်ငံတွင် ၁၀ ဒီဂရီ C မှ ၁၅ ဒီဂရီ C ထိနှင့် ဂျပန်နိုင်ငံတွင် ၇ ဒီဂရီ C မှ ၈ ဒီဂရီ C လက်ခံကြောင်း TTCL မှ အင်ဂျင်နီယာတစ်ဦးက ပြောသည်။

    “ကျောက်မီးသွေးစက်ရုံအတွက် ပင်လယ်ရေကို အအေးခံခြင်းစနစ်တွင်အသုံးပြုကြောင်း ၊ အဲကနေအသုံးပြုပြီးတော့ ထွက်လာမယ့် ပင်လယ်ရေကို ပင်လယ်ထဲကိုပြန်ထုတ်လွှတ်တဲ့နေရာမှာ ပင်လယ်ရေက နဂိုအပူချိန်ထက် အနည်းငယ်မြင့်တက်မှာဖြစ်ပါတယ်။ မြင့်တက်သွားတဲ့အပူချိန်ကလည်း ကျနော်တို့စက်ရုံကနေပြီးတော့ ပင်လယ်ရေထဲကို တိုက်ရိုက်မထုတ်လွှတ်ခင်မှာ အအေးခံတဲ့စနစ်တွေ အပူချိန်တွေ လျော့ချသွားအောင် ရေစီးကြောင်းကို ဝေ့ကာဝိုက်ကာ ကျနော်တို့လွှတ်ထုတ်ပြီးတော့ ပင်လယ်ထဲကို ဝင်သွားတဲ့အခါ နဂိုပကတိပင်လယ်အပူချိန်အတိုင်းရအောင် အကောင်းဆုံးကြိုးစားပြီးတော့ ထုတ်လွှတ်ရမှာဖြစ်ပါတယ်” ဟု အဆိုပါ အင်ဂျင်နီယာက ပြောသည်။

    ၄င်းတို့ကုမ္ပဏီမှ အဆိုပြုထားသော ဂျပန်နိုင်ငံ၏အဆင့်မြင့်နည်းပညာဖြစ်သည့် Ultra Super Critical USC ကိုအသုံးပြုပြီးလာရောက်တည်ဆောက်မည့် အကြောင်း TTCL၏ CEO နှင့် President ဖြစ်သူ Mr Hironou Iriya က ပြောသည်။

    “ဂျပန်နိုင်ငံတွင် ၇-၈ ဒီဂရီ C ထွက်ခွင့်ပေးထားပါတယ်။ မြန်မာပြည်က ဒီ ၃ ဒီဂရီ C ကိုမှ လက်မခံဘူးဆိုရင် ကျမတို့က ဒီထက်ပိုပြီးတော့ အလေးထားပြီးတော့ လေ့လာပြီးတော့ ထပ်လုပ်ပေးဖို့ လေ့လာရပါလိမ့်မယ်” ဟု ဒေါ်နီနီစံက ပြောပါသည်။

    မွန်ပြည်နယ်အတွင်းရှိပြည်သူများသည် ကျောက်မီးသွေးကို ကုမ္ပဏီမှ အဆိုပြုတင်ပြထားပြီးဖြစ်သော ၁၂၈၀ မီဂါဝပ်ရှိသည့် ကျောက်မီးသွေးစက်ရုံစီမံကိန်း အဆိုပြုနေရာတွင် သဘာဝ EIA နှင့် SIA ပြုလုပ်ရန်အတွက် စီမံကိန်းနေရာသို့ သွားရောက်ကွင်းဆင်းကြည့်ရှုလိုကြောင်း ကုမ္ပဏီမှ မွန်ပြည်နယ်အစိုးရ

    TOYO Thai ကိုယ်စားလှယ်များ(IMNA)
    TOYO Thai ကိုယ်စားလှယ်များ(IMNA)
    အဖွဲ့သို့ ၂၀၁၄ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ထပ်မံတင်ပြထားသည်။

    အံဒင်ကျေးရွာအနီး ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးစီမံကိန်းအတွက် ကုမ္ပဏီမှ ဖြစ်မြောက်နိုင်စွမ်းလေ့လာမှု Feasibility Survey ဆောက်ရွက်ခွင့်ကာလမှာ ဇူလိုင်လ ၂၀ ရက်နေ့တွင် ကုန်ဆုံးသွားသည့်အတွက် ဆက်လက်ဆောင်ရွက်ခြင်းမပြုလုပ်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင်ထုတ်ပြန်ကြေညာခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks