spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းကျိုက်ထီးရိုးသို့ နိုင်ငံခြားသားများ ယခုနှစ်တွင် ပိုမိုလာရောက်လည်ပတ်

    ကျိုက်ထီးရိုးသို့ နိုင်ငံခြားသားများ ယခုနှစ်တွင် ပိုမိုလာရောက်လည်ပတ်

    -

    မွန်ပြည်နယ်ရှိ သမိုင်းဝင် ကျိုက်ထီးရိုး ဆံတော်ရှင်စေတီသို့ နိုင်ငံခြားသား တစ်သိန်း သုံးသောင်းခန့် လာရောက်လည်ပတ်သဖြင့် တစ်နှစ်တာအတွင်း ပြည်နယ်ဘဏ္ဍာအတွက် ကျပ်ငွေ ၇၆ ဒသမ ၉ သန်း ရရှိခဲ့သည်ဟု မွန်ပြည်နယ် စည်ပင်သာယာရေးဌာန စာရင်းမှတ်တမ်းအရ သိရသည်။

    စာရင်းအရ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၃၀ ရက်နေ့အထိ နိုင်ငံခြားသား ၅၂,၂၅၇ ဦး၊ နိုင်ငံခြားသူ ၇၅,၉၂၅ ဦး၊ စုစုပေါင်း ၁၂,၈၁၈၂ (တစ်သိန်း သုံးသောင်းနီးပါး) လာရောက်လည်ပတ်ခဲ့သည်ဟု သိရသည်။

    “အရင်က အဲလောက် မရှိဘူး၊ ဒီနှစ်မှ ပိုများလာတယ်” ဟု စည်ပင်သာယာရေးဌာန၊ ညွှန်ကြားရေးမှူး ဦးအေးဆွေ က ပြောသည်။

    ကျိုက်ထီးရိုး ရှေးဟောင်း ယဉ်ကျေးမှုဇုန်သို့ နိုင်ငံခြားသား ဝင်ကြေးကို ယခင်က ပြည်ထောင်စု ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ကောက်ခံခဲ့ပြီး၊ ၂၀၁၃ ခုနှစ်မှ စတင်ကာ မွန်ပြည်နယ် အစိုးရသို့ လွှဲပြောင်းပေးခဲ့သည်။

    နိုင်ငံခြားသားတစ်ဦး ဝင်ကြေးမှာ ၆,ဝ၀ဝ ကျပ် ဖြစ်ပြီး၊ ချစ်ကြည်ရေး ခရီးစဉ် အလည်အပတ်အတွက် ဝင်ကြေး ကင်းလွတ်ခွင့် ပေးထားသည်ဟု ဦးအေးဆွေ က ပြောသည်။

    ကျိုက်ထီးရိုးစေတီသို့ ၂၀၁၄ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွားများ ဝင်ရောက်လာမှုသည် ယခင်နှစ်ထက် ဦးရေ ၃၅၀ဝ၀ ကျော် မြင့်တက် လာသည်ဟု ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မော်လမြိုင်ရုံးခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးဟောက်ကျင်မုန်က IMNA သို့ ပြောသည်။

    မွန်ပြည်နယ်အတွင်း ကမ္ဘာလှည့်ခရီးသွားဧည့်သည် ဝင်ရောက်လာမှုအများဆုံးဒေသသည် ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုး စေတီတော်မြတ် တည်ရှိရာဒေသဖြစ်ပြီး ခရီးသွားဝင်ရောက်မှုများလာသဖြင့် ပြည်ပခရီးသွားများ တည်းခိုနိုင်သည့် ဟိုတယ်များအရေအတွက်လည်း ယခင်နှစ်ထက်တိုးတက်လာကြောင်း ၎င်းက ပြောသည်။

    ဟိုတယ်ဆောက်ခွင့်ရရှိထားပြီး ဆောက်လုပ်ဆဲနှင့် လုပ်ငန်းလိုင်စင်လျှောက်ထားဆဲ ဟိုတယ်အရေအတွက်မှာ နှစဉ်တိုးတက်လျှက် ရှိရာ ယခု ၂၀၁၄ ခုနှစ်တွင် မော်လမြိုင်ခရိုင်တွင် ဟိုတယ် ၁၂ လုံး၊ အခန်း ၄၅၃ ခန်းနှင့် သထုံခရိုင်တွင် ဟိုတယ် ၁၀ လုံး၊ အခန်း ၅၅၈ ခန်းတို့ရှိနေပြီးဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မော်လမြိုင်ရုံး မှတ်တမ်းများအရ သိရှိရသည်။

    မွန်ပြည်နယ်တွင် ၂၀၁၃ ခုနှစ်က ဟိုတယ် ၁၇ လုံးသာရှိခဲ့ပြီး နိုင်ငံခြားသားများသည် ယခုနောက်ပိုင်းတွင် ရေးမြို့နယ်ဘက်သို့လည်း သွားလာမှုရှိလာခြင်းကြောင့် ရေးမြို့နယ်၊ ကဗျာဝကမ်းခြေဘက်တွင်လည်း ဟိုတယ်ဆောက်လုပ်ငန်း လုပ်ငန်းရှင်တစ်ဦးက ကြိ်ုးစားနေပြီးဖြစ်ကြောင်း ဦးဟောက်ကျင်မုန်က ပြောသည်။

    မွန်ပြည်နယ်အတွင်းဝင်ရောက်လာသည့် နိုင်ငံခြားသားများသည် ကျိုက်ထီးရိုးစေတီအပြင်၊ ဘီလူးကျွန်းဒေသမှ လက်မှုလုပ်ငန်းများကို လည်း သွားရောက်လေ့လာလေ့ရှိကြကြောင်း မွန်ပြည်နယ်ဒေသခံများက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks