spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်း၂၀ဝ၈ ဖွဲ့စည်းပုံ ဖယ်ဒရယ်စနစ်မျိူး လုပ်ထားဟု အစိုးရပြော

    ၂၀ဝ၈ ဖွဲ့စည်းပုံ ဖယ်ဒရယ်စနစ်မျိူး လုပ်ထားဟု အစိုးရပြော

    -

    သမ္မတ အိမ်တော်၌ ယနေ့ ပြုလုပ်ခဲ့သော နိုင်ငံရေး ခေါင်းဆောင် ၄၈ ဦး တွေ့ဆုံပွဲတွင် အစိုးရဘက်က လက်ရှိ ၂၀ဝ၈ ဖွဲ့စည်းပုံ၏ အခြေခံ သဘောတရား များသည် ဖက်ဒရယ်စနစ်ပုံစံနှင့် ဆင်တူသည်ပာု အစိုးရဘက်မှ ပြောကြောင်း ပွဲတက်ရောက်ခဲ့သည့် ချင်းအမျိူးသားပါတီ ဥက္ကဌ ဦးဇိုဇမ်က ပြောသည်။

    နိုင်ငံရေးခေါင်းဆောင် ၄၈ ဦးတွေ့ဆုံပွဲ(DVB)
    နိုင်ငံရေးခေါင်းဆောင် ၄၈ ဦးတွေ့ဆုံပွဲ(DVB)
    “အစိုးရဘက်ကတော့ ၂၀ဝ၈ ဖွဲစည်းပုံက ဖယ်ဒရယ်ပုံစံမျိူး လုပ်ထားတယ်လို့ ပြောတယ်၊ ၂၀ဝ၈ ဖွဲစည်းပုံဟာ ကျွန်တော်တို့ လိုချင်တဲ့ ဖယ်ဒရယ်နဲ့ မတူတဲ့အကြောင်း အားလုံးသိတယ်၊ အစိုးရလည်း သိတယ်။ဒါပေမယ့် အခြေခံတွေ တူတယ်ဆိုတာကိုလည်း သူတို့ ပြောတယ်”ဟု ဦးဇိုဇမ်က ပြောသည်။

    ယနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့ သမ္မတ အိမ်တော်တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် တပ်မတော်ကိုယ်စားလှယ် ၈ ဦး၊ တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ဦး၊ တိုင်းရင်းသားပါတီ ကိုယ်စားလှယ် ၁၀ ဦး၊ စုစုပေါင်း ၄၈ ဦး ပါဝင်ကာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဖြစ်ထွန်းရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်စဉ်ကိုအခြေခံသည့် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးဆိုင်ရာ နိုင်ငံရေးဆွေး နွေးပွဲများ စတင်ကျင်းပရေး၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ပြီး ငြင်သာသော အသွင်ကူးပြောင်းမှု နိုင်ငံရေးလုပ်ငန်းစဉ်များ ပေါ်ပေါက်လာရေးတို့ ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

    ထို့အပြင် ၂၀ဝ၈ ဖွဲစည်းပုံပြင်ရေးနှင့် ပတ်သက်၍ လူထုဆန္ဒခံယူပွဲများ ပြုလုပ်ကာ လာမည့် ၂၀၁၅ ရွေးကောက်ပွဲပြီးမှသာ လွှတ်တော်တွင် ပြင်ဆင်သွားမည်ပာု အစိုးရမှ ပြောကြားခဲ့ကြောင်း ပွဲတက်ရောက်သူ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် မွန်လူမျိူးရေးရာ ဝန်ကြီး နိုင်ချစ်ဦးထံမှ သိရသည်။

    နိုင်ချစ်ဦးက “ဒီနေ့ ဆွေးနွေးပွဲ အဖြေက အခြေခံဥပဒေကို လာမယ့် လွှတ်တော်ထဲမှာ ပြင်မယ်၊ ဆန္ဒခံယူပွဲလုပ်မယ်၊ ဆန္ဒခံယူပွဲအောင်မြင်ရင် လာမဲ့ ၂၀၁၅ ရွေးကောက်ပွဲ အပြီး လွှတ်တော်ထဲမှာပြင်မယ် ပြောတယ်၊ တိုင်းရင်းသားကိစ္စနဲ့ ပတ်သက်ပြီး လာမယ့်ပြည်ထောင်စုနေ့မှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ အစိုးရက ကြိုးစားမယ်လို့ဆိုတယ်”ဟု ပြောသည်။

    ယနေ့ ဆွေးနွေးပွဲသည် အစိုးရနှင့် နိုင်ငံရေးခေါင်းဆောင်များ အပြန်အလှန် ဆွေးနွေးနိုင်ခဲ့ကြပြီး တွေ့ဆုံဆွေးနွေးမှု ကို အားရ ကြောင်း ပွဲတက်ရောက်သော နိုင်ငံရေးခေါင်းဆောင်အချို့က မှတ်ချက်ပြုခဲ့သော်လည်း အချို့မှာ တက်ရောက်ဆွေးနွေးသူ လူအင်အားများ၍ ဆွေးနွေးရန် အချိန်အနည်းငယ်သာရကြောင်း အချိန်ယူ၍ ဆွေးနွေးရမည့် ကိစ္စများအား ဆွေးနွေးနိုင်ခဲ့ခြင်း မရှိကြောင်း ခေါင်းဆောင် အသီးသီး ကပြောကြားခဲ့သည်။

    အဆိုပါနိုင်ငံရေးဆွေးနွေးပွဲတွင် တက်ရောက်မည့် သူများပြား၍ အလုပ်ဖြစ်သည့် ဆွေးနွေးပွဲ တစ်ခု မဖြစ်လာနိုင်ကြောင်း မွန်အမျိူးသားပါတီ အထွေထွေ အတွင်းရေးမှုး ဒေါက်တာ မင်းစိုးလင်းက ပြောသည်။

    မင်းစိုးလင်းက “လူနည်းရင်တော့ အလုပ်ဖြစ်တယ်၊ ဒီလောက်လူများရင် ဘယ်လိုမှ အလုပ်မတွင်နိုင်ဘူး၊ ဒီလိုဆွေးနွေးပွဲကနေ ငြိမ်ချမ်းရေးကိစ္စတွေ၊ အခြေခံဥပဒေပြင်ဆင်ရေးတွေ ဆွေးနွေးသင့်တယ်၊ ဒါကြောင့် သမ္မတ အနေနဲ ့ အချိန်ပိုယူရင်ယူ၊ လူနည်းရင်လည်း နည်း အဲလိုလုပ်ဆောင်သင့်တယ်လို့ မြင်တယ်”ဟု ပြောသည်။

    ယခုကဲ့သို့သော တွေ့ဆုံဆွေးနွေးပွဲများကို အချိန်အခါနှင့် အခြေအနေပေါ် မူတည်ပြီး အားလုံး ညှိနှိုင်း၍ ထပ်မံ ပြုလုပ်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ရုံးမှ ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

    အလားတူ ၂၀၁၄ခုနှစ် နိုဝင်ဘာလတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် နိုင်ငံရေးပါတီ ခေါင်းဆောင်များ ၁၄ ဦး ပါဝင်သည့် ပထမအကြိမ်တွေ့ဆုံပွဲကို သမ္မတဖိတ်ကြား ချက်ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြရာ ရေရာသည့်အဖြေထွက်ပေါ်ခဲ့ခြင်းမရှိဘဲ တွေဆုံပွဲအဆင့်ဖြင့်သာ ပြီးဆုံးခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks