spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ် ၆ မြို့နယ်အား မြေမြုပ်မိုင်းအန္တရယ်ဒေသအဖြစ်သတ်မှတ်ထား

    မွန်ပြည်နယ် ၆ မြို့နယ်အား မြေမြုပ်မိုင်းအန္တရယ်ဒေသအဖြစ်သတ်မှတ်ထား

    -

    မွန်ပြည်နယ် ၆ မြိုနယ်အား မြေမြုပ်မိုင်း အန္တရယ်များသောဒေသအဖြစ် သတ်မှတ်ထားကြောင်း ကမ္ဘာ့ မြေမြုပ်မိုင်းတားဆီးရေး အဖွဲ့International campaign To Ban Landmine-ICBL က ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်တွင် ထုတ်ပြန်လိုက်သော အစီရင်ခံစာအရ သိရသည်။

    အဆိုပါမြို့နယ်များမှာ ဘီးလင်း၊ ကျိုက်ထို၊ မော်လမြိုင်၊ သံဖြူဇရပ်၊ သထုံနှင့် ရေးမြို့နယ်တို့ဖြစ်ပြီး ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်တို့မှ မြို့နယ်ပေါင်း ၅၀ ခန့် ပါဝင်ကြောင်း ICBL အဖွဲ့ အစီအရင်ခံစာတွင် ဖေါ်ပြထားသည်။

    “တိုက်ပွဲတွေပြီးသွားတဲ့ အခါမှာ စစ်သားတွေက သူတို့ ရဲ့လက်နက်တွေနဲ့အတူ သူတို့ရဲ့စစ်စခန်းကို ပြန်သွားကြတယ်။ဒါပေမယ့် မြေမြုပ်မိုင်းတွေကိုတော့ ပြန်ဖော်ပြီးယူသွားတယ်ဆိုတာ မရှိခဲ့ပါဘူး၊ မိုင်းတွေပာ သစ်တောတွေ တောင်တွေထဲမှာ ကျန်ခဲ့ပါတယ်၊ မြေမြုပ်မိုင်းတွေပာ ငြိမ်းချမ်းတဲ့ အချိန်မှာတောင် မငြိမ်းချမ်းတဲ့ အခြေအနေကို ပြန်ဖြစ်နိုင်တဲ့ အဓိပ္ပါယ် ရှိပါတယ်၊ ဒါကြောင့်မို့လို့ မြေမြုပ်မိုင်းတွေပာ စစ်တပ်နဲ့ဘဲဆိုင်တဲ့ စစ်ကိစ္စနဲ့ဘဲဆိုင်တဲ့ ကိစ္စမဟုတ်ပါဘူး၊ လူသားအားလုံးနဲ့ ဆိုင်တဲ့ ပြဿနာဖြစ်လို့ လူသားအားလုံး စဉ်းစားဖို့ လိုပါတယ်”ဟု ICBL အဖွဲ့ သုတေသနမှူး Dr. Yesshua Moser-puangsuwah ကပြောသည်။

    ထိုသို့ အန္တရယ်များသော မြို့အမည်တတ်ရခြင်းသည် ထိုမြို့၏ နေရာတစ်နေရာ သို့မပာုတ် ရွာတစ်ရွာတွင် မြေမြုပ်မိုင်းများ တွေ့ရှိနေခြင်းကြောင့် ဖြစ်ကြောင်း Dr,Yesshua Moser-puangsuwah က ဆက်ပြောသည်။

    မြန်မာနိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂ၏ မြေမြုပ်မိုင်းအသုံးပြုမှု ပိတ်ပင်ထားဆီးခြင်း သဘောတူစာချုပ်အား ယခုအချိန်ထိ ချုပ်ဆိုခဲ့ခြင်းမရှိသေးဘဲ ကုလညီလာခံတွင် မြေမြုပ်မိုင်းအသုံးပြုမှု ပိတ်ပင်တားဆီးရေး ထောက်ခံမဲကောက်ခံရာတွင်လည်း မြန်မာနိုင်ငံသည် ကြားနေမဲအဖြစ်၌သာ ရပ်တည်ခဲ့သည်။

    လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် ကမ္ဘာ့မြေမြုပ်မိုင်းအသုံးပြုမှုအများဆုံး တတိယနိုင်ငံတွင် ရပ်တည်လျှက်ရှိပြီး ၂၀၁၃ ခုနှစ်အထိ မြေမြုပ်မိုင်းထိခိုက်ဒဏ်ရာရသူပေါင်း ၃၄၅၀ ဦးအနက် ၃၄၈ ဦး သေဆုံးခဲ့ကြောင်း ICBL ၏ လက်လှမ်းမှီ သလောက်ရရှိထားသည့် အချက်အလက်များအရသိရသည်။

    လက်ရှိ မြေမြုပ်မိုင်းအဆိုးဆုံးနေရာမှာ ကချင်နှင့် ရှမ်းပြည်နယ်တို့ဖြစ်ပြီး မွန်ပြည်နယ်၏ မြေမြုပ်မိုင်း အခြေအနေသည် လက်ရှိတွင် အခြေအနေကောင်းအဖြစ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ငြိမ်းချမ်းမြန်မာ ကူညီထောက်ပံ့ရေးဖောင်ဒေရှင်း ဥက္ကဌ ဦးသန့်စင်က ပြောသည်။

    ဦးသန့်စင်က “မွန်ပြည်နယ်အခြေအနေက ကောင်းပါတယ်၊ မိုင်းအသစ်မရှိဘူး၊ ပာိုတုန်းက ထောင်ခဲ့တဲ့ မိုင်းအပောင်းတွေ ရှင်းဖို့ဘဲရှိပါတယ်၊ အခြေအနေက တော်တော်ကောင်းပါတယ်”ဟု ပြောသည်။

    အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ သဘောတူညီချက်အရ Norwegian People’s Aid-NPA Mine Action နိုင်ငံတကာ မိုင်းဖော်ထုတ်ရေးအဖွဲ့က ၂၀၁၄ ခုနှစ်တွင် မွန်ပြည်နယ်အတွင်း မိုင်းအန္တရယ်ရှိသည့် ကျေးရွာများအား စစ်တမ်း ကောက်ယူ ခဲ့သည်ဟု ဆိုသည်။

    သို့ရာတွင် ထိုစစ်တမ်း၌ မည်သည့်နေရာမိုင်းရှိသည်ပာု တိတိကျကျသတ်မှတ်ဖော်ပြခဲ့ခြင်းမရှိခဲ့ကြောင်း၊ မိုင်းရှိသည်ဟု

    ICBL အစီအရင်ခံစာဖေါ်ပြချက်စာမျက်နှာတစ်ခု(Copy)
    ICBL အစီအရင်ခံစာဖေါ်ပြချက်စာမျက်နှာတစ်ခု(Copy)
    သိရသည့် ဒေသများကိုလည်း NPA အားသွားရောက်စေခြင်းမပြုကြောင်း၊ လွန်ခဲ့သော ၁၀ နှစ်အတွင်း မွန်ပြည်နယ်တွင် မြေမြုပ်မိုင်း ထိခိုက်မှု ၇ ခုခန့် ရှိခဲ့ကြောင်းသာ စစ်တမ်းကောက်ယူခဲ့သောအဖွဲ့က မှတ်တမ်းတင်နိုင်ခဲ့ကြောင်း အစီရင်ခံစာအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks