spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းToyo Thai ကုမ္ပဏီ ပြည်ပလေ့လာရေးခရီးစဉ်သည် ဒေသခံများကိုသွေးခွဲဟုဆို

    Toyo Thai ကုမ္ပဏီ ပြည်ပလေ့လာရေးခရီးစဉ်သည် ဒေသခံများကိုသွေးခွဲဟုဆို

    -

    Toyo Thai ကုမ္ပဏီက မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အံဒင်ကျေးရွာမှ ဒေသခံများကို ဖိတ်ခေါ်ပြီး ဂျပန်နှင့် ထိုင်းနိုင်ငံရှိ စက်ရုံများသို့ သွားရောက်လေ့လာစေခြင်းသည် ကျောက်မီးသွေး

     မလေးရှားရောက် အံဒင်အကျိုးဆောင်ထုတ်ပြန်ချက်(Copy)
    မလေးရှားရောက် အံဒင်အကျိုးဆောင်ထုတ်ပြန်ချက်(Copy)
    လောင်စာသုံး လျှပ်စစ် စက်ရုံစီမံကိန်း အကောင်အထည်ဖော်နိုင်ရန်နှင့် ဒေသခံများအား သွေးခွဲခြင်းသာ ဖြစ်ကြောင်း မလေးရှားရောက် အံဒင်ကျေးရွာ အကျိုးဆောင်အဖွဲ့က ပြောသည်။

    ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် မလေးရှားရောက် အံဒင်ကျေးရွာသား ၃၆ ဦးက Selangor ပြည်နယ်၊ ကလန်းဒေသတွင် ကျောက်မီးသွေးစက်ရုံ စီမံကိန်းနှင့် ပတ်သက်၍ ဆွေးနွေးကြပြီးနောက် ဒီဇင်ဘာလ ၂၃ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

    “ဂျပန်နဲ့ ထိုင်းရှိ ကျောက်မီးသွေးစက်ရုံကို သွားရောက်လေ့လာစေခြင်းသည် ၎င်း Toyo Thai ကုမ္ပဏီတို့၏ စည်းရုံးရေးခရီစဉ် တစ်ခုသာ ဖြစ်ကြောင်း၊ စက်ရုံစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်သွားမည်မှာ ထင်ရှားကြောင်း၊ ထို့ကြောင့် အံဒင်ကျေးရွာ ဒေသခံများအား အမြင်ကွဲပြားအောင် သွေးခွဲခြင်းကို လုံးဝဆန့်ကျင်သည်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

    ၎င်းပြင် ထုတ်ပြန်ချက်တွင် ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့မှ ဦးဆောင်ပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ပြုလုပ်သည့် အံဒင်ကျောက်မီးသွေးစက်ရုံ စီမံကိန်း ကန့်ကွက်ဆန္ဒပြပွဲကို အပြည့်အဝ ထောက်ခံပြီး၊ အံဒင်ဒေသမှ Toyo Thai ကုမ္ပဏီ အမြန်ဆုံး ထွက်ခွာသွားရန်နှင့် စက်ရုံစီမံကိန်းကို အမြန်ဆုံး ဖျက်သိမ်းပေးရန် တောင်းဆိုထားသည်။

    ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အံဒင်ဒေသခံ ၅ ဦး၊ ရေးအခြေချ သတင်းထောက်နှင့် ရေးမြို့နယ် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP ဥက္ကဋ္ဌ၊ ရေးမြို့နယ်မှလွှတ်တော် ကိုယ်စားလှယ် အပါအဝင် စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း ၃၀ ဦးခန့်ကို Toyo Thai ကုမ္ပဏီက ထိုင်းနှင့် ဂျပန်နိုင်ငံရှိ ကျောက်မီးသွေးစက်ရုံသို့ စေလွှတ်ကာ သွားရောက် လေ့လာစေခဲ့သည်။

    အဆိုပါလေ့လာရေးခရီးတွင် လိုက်ပါခဲ့သူ အံဒင်ကျေးရွာမှ မင်းစိုက်ရော့ က “ခရီးစဉ် တစ်လျှောက် အားလုံး အချိန် ၈ နာရီလောက်ပဲ ကျွန်တော်တို့ လေ့လာခဲ့ရတယ်။ ဂျပန်မှာ ၆ နာရီ၊ ၆ နာရီဆိုတာ စက်ရုံနှစ်ရုံမှာ ၂ နာရီဆီ၊ နောက် တိုရှီဘာကုမ္ပဏီမှာက ၂ နာရီ၊ ကုမ္ပဏီက သူတို့ ပစ္စည်းကောင်းကြောင်းပဲ ပြောတယ်၊ စက်ရုံဖြစ်မှ သူတို့ ပစ္စည်းတွေ ရောင်းရမှာကိုး၊ ထိုင်းမှာတော့ ၂ နာရီ။ လေ့လာတယ် ဆိုတာလည်း သူ့တို့ ပြတာကိုပဲ ကြည့်ရတာ။ တချို့ဆို မေးခွင့်တောင် မရလိုက်ဘူး။ ကျန်တဲ့အချိန်တွေက ပျော်ပွဲစား ထွက်တာသက်သက်ပဲ” ဟု ပြောသည်။

    လေ့လာရေးခရီးတွင် ပါဝင်သူများကလည်း ဂျပန်နှင့် ထိုင်း လေ့လာရေးခရီးစဉ်သည် ပျော်ပွဲစား ထွက်ခြင်းသဘောသာ ဖြစ်ပြီး ရေရေရာရာ လေ့လာခွင့် မရှိကြောင်း၊ ကုမ္ပဏီမှ ဟောပြောသည်များကိုသာ သိခွင့်ရပြီး အခြားသိလိုသည်များကို လေ့လာခွင့် မရခဲ့ကြောင်း ပြောသည်။

    မလေးရှားရောက် အံဒင်သား ရာမညအိမ်ချိုင်း က “ပတ်ဝန်းကျင် ထိခိုက် ပျက်စီးတာတို့၊ လုပ်အားစီးဆင်းမှုကြောင့် ကျွန်တော်တို့ လူမျိုးတွေ သွေးနှောမှာတို့ ဒီအဖြစ်မျိုး ကျွန်တော်တို့ လုံးဝလက်မခံနိုင်ဘူး” ဟု ပြောသည်။

    အလာတူ ဒေသခံ သံဃာတော်များကလည်း စက်ရုံစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ခြင်း မပြုရန် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးထံသို့ မေတ္တာရပ်ခံပြီး ထိုနေ့တွင်ပင် စီမံကိန်းကို ဆန့်ကျင်သည့် ကန့်ကွက်လက်မှတ်များကို စတင်ကောက်ခံခဲ့သည်။

    ၎င်းအပြင် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဖာလိန်ဒေသ ဆရာတော်များနှင့် ဒေသခံ ၂၀ ခန့်က မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်သို့ သွားရောက်ကာ ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ဤစီမံကိန်းနှင့် ပတ်သက်၍ ဆွေးနွေးကာ အကြံညာဏ်များ ရယူခဲ့ကြသည်။

    အံဒင် ကျေးရွာတွင် ၁၂၈၀ မဂ္ဂါဝပ်ထုတ် ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံတည်ဆောက်ရန် Toyo-Thai Group ကုမ္ပဏီက အမေရိကန် ဒေါ်လာသန်း (၂၇၀ဝ) အကုန်ကျခံမည့် အနှစ် (၃၀) စီမံကိန်းကို ရည်မှန်းထားကြောင်း Toyo Thai လက်ကမ်းစာစောင်တွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks