spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းယာဉ်ဓါးပြတိုက်ခံနေရစဉ် ရောက်လာသော KNU တပ်ဖွဲ့ဝင် ၂ ဦးပစ်ခတ်ခံသေဆုံး

    ယာဉ်ဓါးပြတိုက်ခံနေရစဉ် ရောက်လာသော KNU တပ်ဖွဲ့ဝင် ၂ ဦးပစ်ခတ်ခံသေဆုံး

    -

    မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းနယ်စပ် မလွှဲတောင်ပေါ်၌ ရန်ကုန်-ထားဝယ် အောင်ရတနာမှန်လုံခရီးသည်တင်ယာဉ် ယမန်နေ့ ညနေပိုင်းတွင် ဓါးပြတိုက်ခံနေရစဉ် ရောက်ရှိလာသော KNU တပ်ဖွဲ့ဝင် ၂ ဦး သေနတ်ပစ်ခတ်ခံ သေဆုံးခဲ့ရသည်ဟု သိရသည်။

    ရေး-ထားဝယ်ကားလမ်း တစ်နေရာ(Internet)
    ရေး-ထားဝယ်ကားလမ်း တစ်နေရာ(Internet)
    ထားဝယ်မှ ရန်ကုန်သို့ ထွက်ခွာလာသည့် ၄စ/ ၇၄၉၆ အောင်ရတနာခရီးသည်တင် မှန်လုံယာဉ်ပေါ်ပါ ခရီးသည် ၄၅ ဦးထံ အမည်မသိလက်နက်ကိုင်အဖွဲ့က ဓါးပြတိုက်နေစဉ် KNU အရာရှိတစ်ဦးနှင့် တပည့်တစ်ဦး မော်တော်ကားဖြင့် ရောက်ရှိလာ၍ သေနတ်ပစ်ခတ်ခံသေဆုံးရခြင်းဖြစ်ကြောင်း ဒေသရှိ မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    သူက “ခရီးသည်တွေဆီက ရွှေတွေ၊ လက်ဝတ်ရတနာ၊ ပိုက်ဆံတွေ၊ ဖုန်းတွေကို ဓါးပြတွေ လိုက်သိမ်းနေတဲ့အချိန်မှာ အဲဒီ KNU အရာရှိက ကားနဲ့ရောက်လာတယ်၊ ဓါးပြက လက်နက်ငယ်နဲ့ ပစ်ခတ်တဲ့အတွက် KNU ၂ ယောက်စလုံး သေဆုံးခဲ့ရတယ်” ဟု လွတ်လပ်သော မွန်သတင်းအေဂျင်စီ IMNA သို့ ဖုန်းဖြင့် ပြောသည်။

    သို့ရာတွင် သေဆုံးသူ KNU တပ်ဖွဲ့ဝင် ၂ ဦးမှာ တပ်မဟာ ၄ မှ ဗိုလ်စောခင်ဝင်းနှင့်တပည့်ဖြစ်သူ မောင်လေး ဆိုသော်လည်း KNU မှ အတည်ပြုချက် မရရှိသေးပေ။

    အဆိုပါ သေဆုံးသူ KNU တပ်ဖွဲ့ဝင် ၂ ဦးအလောင်းအား ရေးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု စုံစမ်းသိရှိရသည်။

    ယင်းကဲ့သို့ အောင်ရတနာ မှန်လုံယာဉ် ဓားပြတိုက်ခံရစဉ်တွင် အင်အား ၁၀ ယောက်ခန့်ရှိသည်ဟု ခရီးသည်များ ခန့်မှန်းပြောဆိုနေကြသည်။

    အဆိုပါ ဖြစ်စဉ်အပြီး ရောက်ရှိလာသော အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်များက လမ်းလျှောက်စကားပြောစက် ၂ လုံးနှင့် လက်နက်ငယ် ၁ လက်သိမ်းဆည်း ရမိထားပြီး၊ ယခုအခါ ရေး- ထားဝယ်ကားလမ်း၌ လုံခြုံရေးများ တင်းကြပ်ထားသည်ဟု သိရသည်။

    တနင်္သာရီတိုင်းရေဖြူမြို့နယ်နှင့် မွန်ပြည်နယ်၊ ခေါဇာမြို့အနီးတဝိုက်တွင် အမည်မသိလက်နက်ကိုင်အဖွဲ့အစည်းက ဒေသခံကျေးရွာများတွင် ဆက်ကြေးတောင်းခံခြင်း၊ ပြန်ပေးဆွဲခြင်း၊ ဓါးပြတိုက်ခြင်း ပြုလုပ်ခဲ့သည့် ဖြစ်စဉ်များတွေ့ရှိနေရသည်။

    လွန်ခဲ့သည့် စက်တင်ဘာ ၁၉ ရက်နေ့တွင် ခေါဇာ မြို့နယ်ရှိ ဘုန်ကြီးကျောင်း တစ်ကျောင်း၌ မဟာဒုက်ဆွမ်း ကျင်းပနေစဉ် အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဒေသခံ ၅ ဦးကို ပြန်ပေးခေါ်ဖမ်းဆီးမှု ဖြစ်ပေါ်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks