spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းထိုင်းနှင့်ဂျပန်ရှိ ကျောက်မီးသွေးစက်ရုံသို့ မွန်ဒေသခံအချို့ သွားရောက်လေ့လာမည်

    ထိုင်းနှင့်ဂျပန်ရှိ ကျောက်မီးသွေးစက်ရုံသို့ မွန်ဒေသခံအချို့ သွားရောက်လေ့လာမည်

    -

    အံဒင်ကျောက်မီးသွေးသုံးလျှပ်စစ်စက်ရုံအလုပ်ရုံဆွေးနွေးပွဲ(IMNA)
    အံဒင်ကျောက်မီးသွေးသုံးလျှပ်စစ်စက်ရုံအလုပ်ရုံဆွေးနွေးပွဲ(IMNA)
    ကျောက်မီးသွေးစက်ရုံနှင့် ပတ်သက်ပြီး ကောင်းကျိုး၊ ဆိုးကျိုးကို သိရှိနိုင်ရန် ထိုင်းနှင့် ဂျပန်နိုင်ငံရှိ ကျောက်မီးသွေးစက်ရုံများသို့ သွားရောက်လေ့လာရန် မွန်ဒေသခံအချို့ စေလွှတ်မည်ဟု ပြည်နယ်အစိုးရအဖွဲ့က ပြောသည်။

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အံဒင်ကျေးရွာအနီးတွင် Toyo-Thai ကုမ္ပဏီက တည်ဆောက်မည့် မဂ္ဂါဝပ် ၁၂၈၀ ထုတ်လုပ်မည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ စီမံကိန်း အကောင်အထည်ဖော်ရန် လျာထားမှု ရှိသည့်အတွက် ကုမ္ပဏီ၏ အစီအစဉ်ဖြင့် စေလွှတ်ခြင်း ဖြစ်ကြောင်း ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက ပြောသည်။

    ဝန်ကြီးက “ဒေသခံ ၁၀ ယောက်ကို ဖိတ်ထားတယ်။ ထိုင်းနဲ့ ဂျပန်ကို လေ့လာဖို့ လွှတ်မှာ။ အဲဒီနိုင်ငံတွေမှာ ရှိတဲ့ ကျောက်မီးသွေးစက်ရုံရဲ့ အကျိုးအပြစ်တွေကို သွားလေ့လာဖို့ပါ” ဟု ပြောသည်။

    လေ့လာရေးအဖွဲ့တွင် အံဒင်ကျေးရွာမှ ရွာခံ ၅ ဦး၊ ဒေသအခြေစိုက် မီဒီယာသမားအချို့၊ ရေးမြို့နယ် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ စသည်တို့ ပါဝင်သည်ဟု ဖိတ်ကြားခြင်း ခံရသည့် ရေးမြို့ အခြေချ မြစ်မခ မီဒီယာမှ ကိုဝင်းနိုင်သက်က ပြောသည်။

    သူက “ထိုင်းနဲ့ ဂျပန်မှာရှိတဲ့ ကျောက်မီးသွေးစက်ရုံကို သွားလေ့လာဖို့ ဆိုပြီး ပြည်နယ်အစိုးရကနေ ကျွန်တော့်ကို အကြောင်းကြားလာတာ။ ကိုယ်မြင်သလို ကိုယ်တွေ့သလို လွတ်လွတ်လပ်လပ် ပြန်ပြီးရေးနိုင် ပြောနိုင်တယ် ဆိုလို့ လိုက်ဖို့ ဆုံးဖြတ်တာပါ” ဟု ပြောသည်။

    ခရီးစဉ်အတွက် ကုန်ကျစရိတ်အားလုံးကို Toyo-Thai ကုမ္ပဏီက တာဝန်ယူမည် ဖြစ်ပြီး မွန်ပြည်နယ် အစိုးရအဖွဲ့မှတဆင့် သွားရောက်လေ့လာသူများကို စုဆောင်း ရှာဖွေပေးခြင်း ဖြစ်သည်။

    ထိုင်းနိုင်ငံနှင့် ဂျပန်နိုင်ငံရှိ ကျောက်မီးသွေး စက်ရုံသို့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် စတင်ကာ သွားရောက်မည့်ခရီးစဉ်၌ ဂျပန်နိုင်ငံ ၄ ရက်နှင့် ထိုင်းနိုင်ငံ ၂ ရက် ကြာလိမ့်မည်ဟုလည်း ဝန်ကြီးက ဆက်ပြောသည်။

    ယခုလေ့လာရေးခရီး အစီအစဉ်ကြောင့် ဒေသခံများမှာ စက်ရုံဆောက်လုပ်လာတော့မည်ကို ပိုမိုစိုးရိမ်လာကြပြီး လေ့လာရေးခရီးအတွက်လည်း အချင်းချင်း သဘောထားကွဲလွဲမှုအချို့ ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

    ထိုင်းနိုင်ငံ Greenpeace အဖွဲ့ ဒါရိုက်တာ Mr. Tara Buckamsri က “လေသန့်စင်မှုလုပ်နိုင်ဖို့က လက်ရှိနည်းပညာအရ ကျောက်မီးသွေးတစ်တန်အတွက် ဘတ်ငွေ ၃၃၀ဝ ကုန်ကျစရိတ်ရှိပါတယ်၊ ဒီလောက်ကြီးမားတဲ့စရိတ်ကို ဘယ်သူမှလည်း အကုန်အကျခံနိုင်မှာမဟုတ်ဘူး” ဟု ပြောသည်။

    အာစီယံနိုင်ငံများတွင် သဘာဝဝန်းကျင်ထိန်းသိမ်းရေးအပါအဝင် လေထုညစ်ညမ်းမှုအတွက်လည်း ဥပဒေဖြင့်အကာအကွယ် ပေးထားခြင်းမရှိသေးဟုလည်း သူက ဆက်ပြောသည်။

    ဒေါက်တာမင်းနွယ်စိုး က “အခုလောလောဆယ်တော့ ကျောက်မီးသွေးစက်ရုံ ဆောက်လုပ်မယ့် အစီအစဉ် မရှိသေးဘူး။ ဒါပေမယ့် လာမယ့်နှစ်မှာတော့ မပြောတတ်ဘူး” ဟု ပြောသည်။

    ရေးမြို့နယ် အံဒင်ကျေးရွာအနီးတွင် တည်ဆောက်ရန်လျာထားသည့် ၁၂၈၀ မဂ္ဂါဝပ် ကျောက်မီးသွေးစီမံကိန်းကို Toyo-Thai Corporation Public Company Limited ကုမ္ပဏီက တည်ဆောက်ရန် လျာထားပြီး စီမံကိန်း ဖြစ်မြောက်နိုင်စွမ်း လေ့လာမှု (Feasibility Survey) ကို ပြည်နယ် အစိုးရမှ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် ရပ်ဆိုင်းရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks