spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းလက်ရှိအစိုးရလက်ထက်တွင် နိုင်ငံရေးဆွေးနွေးပွဲ စတင်ထားစေလိုဟု MPC ပြော

    လက်ရှိအစိုးရလက်ထက်တွင် နိုင်ငံရေးဆွေးနွေးပွဲ စတင်ထားစေလိုဟု MPC ပြော

    -

    လက်ရှိအစိုးရလက်ထက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး ၂၀၁၅ နှစ်ဆန်းပိုင်းတွင် နိုင်ငံရေးဆွေးနွေးပွဲကို စတင်ထားစေလိုကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာမှ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

    ပါဝင်သင့် ပါဝင်ထိုက်သူများပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲ စတင်ထားမှသာလျှင် နောင်ဖြစ်ပေါ်လာမည့် အစိုးရသစ်လက်ထက်တွင် ယခုလုပ်ဆောင်နေသည့် လုပ်ငန်းစဉ်အတိုင်း ဆက်လက် ဆောင်ရွက်သွားနိုင်မည်ဟု ဆိုသည်။

    ဦးလှမောင်ရွှေက “မနေ့ကလို KIO မှာလိုမျိုး မတော်တဆလိုပဲဖြစ်ဖြစ် ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုအဖြစ်အပျက်တွေကို လျှော့ချနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းက တွေ့ဆုံဆွေးနွေးပွဲပဲ၊ ဒါကို ကျနော်တို့ ရည်မှန်ချက်ထားတယ်၊ ယုံလည်းယုံကြည်တယ်၊ အခုအခြေအနေဟာ ၆၅ နှစ်လုံးလုံးမှာ အကောင်းဆုံး အခြေအနေကို ရောက်နေပါပြီ” ဟု ဆိုသည်။

    ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်အတွက် ယုံကြည်မှုတည်ဆောက်ရေး ကြိုးပမ်းနေစဉ်ကာလ၌ ယမန်နေ့့ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အစိုးရတပ်မတော်၏ လက်နက်ကြီးပစ်ခတ်မှုကြေင့် KIO စစ်သင်တန်းကျောင်းတစ်ခု၌ ဗိုလ်လောင်း ၂၃ ဦးကျဆုံး၊ ၂၀ ဦးဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်သည် မြန်မာ့တပ်မတော်က ငြိမ်းချမ်းရေးအမှန်တကယ်လိုချင်သည့် စိတ်ရင်းစေတနာရှိမရှိကို မေးခွန်းထုတ်စရာဖြစ်နေပြီဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ယနေ့ရက်စွဲဖြင့် ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်သည်။

    တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးဆိုသည်မှာ ခက်ခဲသောအခြေအနေဖြစ်နေကြောင်း၊ ယခုအစိုးရ လက်ထက်တွင် နိုင်ငံရေးဆွေးနွေးပွဲ စတင်ရန် ဖြစ်နိုင်မဖြစ်နိုင်ဆိုသည်မှာ လာမည့် NCCT & UPWC ဆွေးနွေးပွဲတွင် မူတည်လျှက်ရှိကြောင်း UNFC ဒုဥက္ကဌ(၁)၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။

    နိုင်ဟံသာက “ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့ အစိုးရဘက်က အမြင်သဘောထားတွေ၊ အဓိကကျတဲ့ စစ်တပ်ရဲ့အမြင်သဘောထားတွေ ဘယ်လောက် ပြောင်းလဲလာမလည်းဆိုတာ စောင့်ကြည့်ရဦးမယ်၊ အပစ်ရပ်လက်မှတ်ရေးထိုးနိုင်လိမ့်မယ်လို့ ကျိန်းသေပေါက်တော့ ပြောလို့မရဘူး” ဟု

    UPWC နှင့် NCCT အမှတ်တရ ဓာတ်ပုံ(MPC)
    UPWC နှင့် NCCT အမှတ်တရ ဓာတ်ပုံ(MPC)
    ဆိုသည်။

    လာမည့်ဆွေးနွေးပွဲတွင် အပေးအယူသဘောတူညီမှုများက ရှေ့ဆက်ဆွေးနွေးပွဲအတွက် သေခြာမှုမရှိလျှင် NCCT အနေဖြင့် လက်ခံမည်မဟုတ်ကြောင်း၊ ယခင်အစိုးရများမှာ အပစ်အခတ်ရပ်စဲထားယုံမျှသာ သဘောတူညီမှုရယူပြီး အပစ်ရပ်ပြီးနောက်ပိုင်း နိုင်ငံရေးဆွေးနွေးပွဲ ဆက်လက်လုပ်ဆောင်ရန် ရှောင်လွဲခဲ့ကြာင်း၊ အခုအချိန်တွင် ဆွေးနွေးပွဲကို ရှောင်လွဲ၍မရတော့ကြောင်း နိုင်ဟံသာက ဆက်ပြောသည်။

    “အပစ်အခတ်ရပ်စဲတာ မြန်လေကောင်းလေပဲ၊ မြန်မြန်အပစ်ရပ်ရင် တိုက်ပွဲဖြစ်လို့ နေရပ်စွန့်ခွာခဲ့ရတဲ့ ဒုက္ခသည်တွေလည်း သူတို့နေရာကို သူတို့အမြန်ပြန်လာနိုင်မယ်” ဟု နိုင်ဟံသာက ပြောသည်။

    သို့ရာတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေသည့် ကာလများအတောအတွင်း တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသော်လည်း တိုက်ပွဲကြောင့် ဆွေးနွေးပွဲ ရပ်ဆိုင်းမည် မဟုတ်ကြောင်း လာမည့် ဒီဇင်ဘာလဆန်းပိုင်းတွင် NCCT နှင့် UPWC တို့ ထပ်မံတွေ့ဆုံရန်အတွက် ပြင်ဆင်လျှက်ရှိကြောင်း သိရသည်။

    ယခုလ ၁၀ ရက်နေ့တွင်လည်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ခေါင်းဆောင် နိုင်ဟံသာ ဦးဆောင်သည့်အဖွဲ့နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဦးအောင်မင်း ဦးဆောင်သည့် UPWC အဖွဲ့တို့ နေပြည်တော်တွင် အလွတ်သဘော တွေ့ဆုံခဲ့ပြီး ရ ကြိမ်မြောက်ဆွေးနွေးပွဲ ဆက်လက်ကျင်းပရန် သဘောတူညီခဲ့ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks