Homeသတင်း ငြိမ်ချမ်းရေးဖြစ်စဉ်တွင် အရပ်ဖက်လူမူအဖွဲ့အစည်းများ ပါဝင်ခွင့်အားနည်းနေ

ငြိမ်ချမ်းရေးဖြစ်စဉ်တွင် အရပ်ဖက်လူမူအဖွဲ့အစည်းများ ပါဝင်ခွင့်အားနည်းနေ

-

ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ရပ်ဖက်လူမှုအဖွဲအစည်းများအနေဖြင့် ပါဝင်ခွင့်အားနည်းနေကြောင်း အရပ်ဖက်လူမှုအဖွဲအစည်းအချို့က ပြောသည်။

အရပ်ဖက်လူမှုအဖွဲ့အစည်းများသည်ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် ကြားခံအနေဖြင့် ပါ၀င်သင့်ကြောင်း အဖြူရောင်တွဲလက်များအဖွဲ့မှ ဒေါ်ဖြူအိသိန်းက IMNA သို့ ပြောသည်။

အရပ်ဖက်လူမှုအဖွဲ့အစည်းများ(Internet)
အရပ်ဖက်လူမှုအဖွဲ့အစည်းများ(Internet)
“အခုလောလောဆယ်တော့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ သွားတဲ့ အခါမှာ CSO ပါ၀င်မှု က ပါတော့ ပါနေတယ်။ ဒါပေမယ့် အားနည်းနေသေးတယ်။ တကယ်တော့ ကြားခံ အနေနဲ့ ပါသင့်တယ်။အရေးကြီးတဲ့ နေရာမှာ ရှိတယ်လို့ထင်တယ်။အဲဒါကို အသုံးချနိုင်ရင် အထက်နဲ့ အောက်နဲ့ ကြားမှာ ပိုပြီး ပြေလည်နိုင်မယ်လိုထင်တယ်”ဟု ၎င်း က ပြောသည်။

ထိုသို့ အရပ်ဖက်လူမှု အဖွဲ့အစည်းများ ပါ၀င်မှု အားနည်းနေခြင်း၏ ရလဒ်သည် ပဋိပက္ခဒေသမှ ပြည်သူလူထုများပိုမိုဆုံးရှုံး နစ်နာမှုများ ခံရကြောင်း အရပ်ဖက်လူမှုအဖွဲ့အစည်းအချိုမှ သုံးသပ်သည်။

အစိုးရ ငြိမ်းချမ်းရေး အဖွဲ့များနှင့် လက်နက်ကိုင်အဖွဲ့များမှ အရပ်ဖက်အဖွဲ့ အစည်းများအား ပါ၀င်ခွင့်ပေးထားသော်လည်း တရားဝင်လမ်းကြောင်းအရ ပါ၀င်ခွင့် မပေးထားသေးကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ဒေါ်ခွန်ဂျာက ပြောသည်။

“ပါ၀င်လို့ရတယ်လိုတော့ ပြောတယ်။ဒါပေမယ့် အခုထက်ထိတော့ ၈ အုပ်စု တို့ ၃ အုပ်စု လိုတော့ ပြောတယ်။အဲဒါကတော့ အချိန်အတိုင်းအတာ တစ်ခု မှာပါ၀င်ဖို့ ပြောတယ်ထင်ပါတယ်။ဒါပေမယ့် တချို့ က တော့ ဖြစ်စဉ်တွေမှာ ပါ၀င်ခိုင်းထားတယ်ပေါ့။ ဒါပေမဲ့ တိုင်းရင်သားတိုင်းမှာတော့ မဟုတ်သေးဘူး”ဟု ၎င်း က ပြောသည်။

သို့သော် တိုင်းရင်သားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သော ကချင်လွပ်မြောက်ရေးတပ်မတော် KIO တွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများအား နည်းပညာ အဖွဲ့တွင် ပါ၀င်ခွင့်ပေးထားကြောင်းလည်း သိရသည်။

အရပ်ဖက်လူမှု အဖွဲ့အစည်းများအား တိုင်းရင်းသားလက်နက်ကိုင်အဖွဲအစည်းများမှ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ပါ၀င်ခွင့်မပေးပါက တိုင်းရင်းသားလူမျိူးစုများ၏ အသံများ ၎င်းတို့၏ လိုအပ်ချက်များ သိရှိနိုင်မည် မဟုတ်ကြောင်း ဒေါ်ခွန်ဂျာက သုံးသပ်လိုက်သည်။

လက်ရှိအချိန်တွင် အစိုးရ ငြိမ်းချမ်းရေးအဖွဲအစည်းများသည် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် မကြာခဏ ထိတွေ့ ဆွေးနွေးမှုများရှိသော်လည်း လုပ်ပိုင်ခွင့်အား ပေးထားခြင်းမရှိသေးဘဲ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ပြည်သူ လူထုပါ၀င်သော အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ မှာလည်း အားနည်းနေသည်ကို တွေ့ရသည်။

အလားတူ အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ) WL ဦးဆောင်၍ အရပ်ဖက်လူမှုအဖွဲ့အစည်း CSO,CBO များ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ပါဝင်နိုင်ရေးအတွက် ထိုင်းအခြေစိုက် CSO,CBO များနှင့် ထိုင်းမြန်မာနယ်စပ် တစ်နေရာ၌ နိုဝင်ဘာလ ၂၂-၂၃ ရက်နေ့များ၌ ဆွေးနွေးပွဲတစ်ရပ်ကျင်းပနေကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts