spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်း ခွေးရူးပြန်ရောဂါ ကင်းစင်းရေး လူထုပညာပေး ဟောပြောပွဲကျင်းပ

    ခွေးရူးပြန်ရောဂါ ကင်းစင်းရေး လူထုပညာပေး ဟောပြောပွဲကျင်းပ

    -

    ခွေးရူးပြန်ရောဂါကင်းစင်းရေး ပေးဟောပြောပွဲ(IMNA)
    ခွေးရူးပြန်ရောဂါကင်းစင်းရေး ပေးဟောပြောပွဲ(IMNA)

    ၂၀၂၀ မှစပြီး ခွေးရူးပြန်ရောဂါကင်းစင်းရန် ရည်ရွယ်ပြီး မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမ၌ ခွေးရူးပြန်ရောဂါကာကွယ်ရေး လူထုပညာပေးဟောပြောပွဲကို နိုဝင်ဘာ ၁၅ ရက်နေ့တွင် ပြည်နယ်အဆင့် ဦးစွာပြုလုပ်ခဲ့ကြောင်း သိရသည်။

    အဆိုပါဟောပြောပွဲတွင် မြန်မာနိုင်ငံဆရာဝန်အသင်း (မွန်ပြည်နယ်) မှ ဒေါက်တာ သန်းထွန်းအောင်၊ မြန်မာနိုင်ငံ တိရိစ္ဆာန်များအသင်းမှ ဒေါက်တာဒေါ်တင်တင်မြိုင်၊ ဆေးတက္ကသိုလ် (၂) ဆေးပညာဌာနမှ ပါမေက္ခ ဒေါက်တာချစ်စိုး၊ ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး ဒေါက်တာနန်းဖြူဖြူအောင်နှင့် ဒေါက်တာတင့်တင့်ကြည် တို့မှ လာရောက်ဟောပြောခဲ့ကြောင်း သိရသည်။

    “ခွေးရူးရောဂါနဲ့ပတ်သက်တဲ့လူထုပညာပေး ဟောပြောပွဲကို အခုပြည်နယ်မှ ပထမဦးဆုံးအကြိမ်လုပ်တယ်၊ ပြီးရင်တော့ သက်ဆိုင်တဲ့ မြို့နယ်ဆရာဝန်တွေခေါင်းဆောင်ပြီးတော့ ၁၀ မြို့နယ်မှာ တစ်မြို့နယ်ချင်စီလုပ်မယ်၊ ပြီးရင် ကျေးလက် တောရွာမှာလည်း လုပ်မယ်” ဟု မွန်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွန်းအောင်က ပြောသည်။

    ယခင်နှစ်တွင် ခွေးကိုက်ခံရသူများကို နိုင်ငံတော်မှ ကာကွယ်ဆေး အခမဲ့ထိုးပေးသော်လည်း ကာကွယ်ဆေး ထိုးခြင်းတစ်ခုတည်းနှင့် မလုံလောက်ဘဲ ခွေးကိုက်ခံရခြင်းနှင့်ပတ်သက်ပြီး လူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိသွားရန် ပြုလုပ်သွားမည်ဟု ဒေါက်တာသန်းထွန်းအောင်က ဆက်ပြောသည်။

    “ကျနော်တို့အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် တကယ့်ကိုပဲ ခွေးရူးရောဂါနဲ့လုံးဝမသေအောင် ၂၀၂၀ မှာ zero test ဖြစ်အောင် ဒီလိုမျိုးစပြီးတော့ လုပ်ခြင်းဖြစ်ပါတယ်” ဟု ၄င်းက ပြောသည်။

    မြန်မာနိုင်ငံတွင် ခွေးကောင်ရေပေါင်း ၃.၅ သန်းခန့်ရှိပြီး နှစ်စဉ်ခွေးကိုက်ခံရသူပေါင်း ၆ သိန်းခန့်ရှိသည်ဟု ဒေါက်တာချစ်စိုးမှ အဆိုပါဟောပြောပွဲတွင် ပြောကြားခဲ့သည်။

    “ဒီကနေ့ ခွေးရူးပြန်ရောဂါကာကွယ်ရေး လူထုပညာပေးဟောပြောပွဲကျင်းပရတာကတော့ ခွေးရူးပြန်ရောဂါ ကာကွယ်ရေးနဲ့ ရောဂါဖြစ်ပွာမှု ကင်းစင်းရေးအတွက် အဓိကရည်မှန်းပြီးတော့ လူထုပညာပေး ဟောပြောပွဲ ကျင်းပရခြင်းဖြစ်တယ်” ဟု မွန်ပြည်နယ် လူမှုရေးနှင့် ကျန်းမာရေးဝန်ကြီး ဒေါက်တာလှဦးက ပြောသည်။

    ၂၀၂၀ တွင် ခွေးရူးရောဂါ ကင်းစင်းရန် ပညာရှင်များကို ဖိတ်ခေါ်၍ လူထုကျန်းမာရေးအတွခ် ပြည်နယ်တွင်းရှိ မြို့နယ် ၁၀ မြို့နယ်တွင်လည်း လူထုပညာပေးများကို သက်ဆိုင်ရာမြို့နယ်ကျန်းမာရေးဌာနမှ ထပ်မံပြုလုပ်မည်ဟု ဒေါက်တာ သန်းထွန်းအောင်က ဆိုပါသည်။

    “ရူးမှန်း မရူးမှန်းမသေချာဘူးလေ၊ ပုံမှန်အနေနဲ့ ကောက်ပါတယ်၊ ခွေးကိုက်တာတော့ အဖြစ်များတယ်၊ အကိုက်ကတော့ များတယ်၊ ခွေးရူးပြန်နဲ့ သေတာလည်းရှိတယ်၊ ပြီးခဲ့တဲ့ ၃ နှစ်အတွင်းမှာ ခွေးရူးပြန်နဲ့ သေတာ ၄-၅ ယောက်လောက်ရှိတယ်၊ ဒါကတော့ မွန်ပြည်နယ်အတွက် အရေးကြီးတဲ့ရောဂါတစ်ခုဖြစ်တယ်” ဟု ဒေါက်တာ သန်းထွန်းအောင်က ပြောသည်။

    မြန်မာနိုင်ငံသည် ခွေးရူးရောဂါအဖြစ်များသည့်စာရင်းတွင် ပါ၀င်ပြီး အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလာဒေရှ်နိုင်ငံတို့သည့် ထိပ်ဆုံးတွင်ရှိနေသော်လည်း မြန်မာနိုင်ငံသည် အဖြစ်များဆုံးနိုင်ငံတစ်ခုတွင်လည်း ပါ၀င်သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks