spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းဆန္ဒပြကျောင်းသားများ ခြံစည်းရိုးကျော်၍ ရန်ကုန်တက္ကသိုလ်သို့ အတင်းဝင်ရောက်

    ဆန္ဒပြကျောင်းသားများ ခြံစည်းရိုးကျော်၍ ရန်ကုန်တက္ကသိုလ်သို့ အတင်းဝင်ရောက်

    -

    ဆန္ဒပြကျောင်းသားများ ခြံစည်းရိုးကျော်(Facebook)
    ဆန္ဒပြကျောင်းသားများ ခြံစည်းရိုးကျော်(Facebook)

    10349944_817146418348286_6055229517875921099_n

    ရန်ကုန်တက္ကသိုလ်ဝင်းသို့ ဆန္ဒပြကျောင်းသားများ ၀င်ရောက်မည််ကို ကျောင်းအာဏာပိုင်များတားမြစ်သဖြင့် ခြံစည်းရိုးကျော်ကာ အတင်းဝင်ရောက်ပြီး သမဂ္ဂအဆောင်ဟောင်းအား ယနေ့နေ့လည် ၃ နာရီခန့်တွင် ကျောင်းသားများ ၀င်ရောက်ဦးညွတ်ခဲ့သည်။

    ကျောင်းသားများအနေဖြင့် ရန်ကုန်တက္ကသိုလ်အား ၀င်ရောက်ခွင့်ရရန် ကျောင်းအာဏာပိုင်များထံ မိနစ် ၃၀ ကြာတောင်းဆိုခဲ့ရာ ခွင့်မပြုသဖြင့် ယင်းကဲ့သို့ကျော်တက်ခဲ့ရကြောင်း ပါ၀င်ဆန္ဒပြနေသော မွန်ပြည်နယ် ကျောင်းသားသမဂ္ဂ ဖြစ်မြောက်ရေး တာဝန်ခံ ကိုဘုန်းမြတ်နိုးက ပြောသည်။

    ကိုဘုန်းမြတ်နိုးက “ရန်ကုန်တက္ကသိုလ်က ဟိုးအရင်က တိုင်းရင်းသားပေါင်းစုံ ပညာသင်ခဲ့တဲ့ နေရာတစ်ခုပါ၊ ကျောင်သားသမဂ္ဂ အဆောက်အအုံဆိုတာကလည်း ကျွန်တော်တို့ တိုင်းရင်းသားအားလုံးခေါင်းဆောင်ဖြစ်ခဲ့တဲ့ နေရာတစ်ခုပါ၊ ဒါကြောင့် ကျွန်တော်တို့ အလေးလာပြုတာပါ”ဟု ပြောသည်။

    အဆိုပါ ကျောင်းသားသမဂ္ဂ အဆောက်အဦးသည် မြန်မာနိုင်ငံ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်နေဝင်းလက်ထက်က ဖောက်ခွဲဖျက်စီးခဲ့သော နေရာတစ်ခု ဖြစ်သည်။

    ဆန္ဒပြ ကျောင်းသားဦးရေ ၃၀၀ခန့်သည် ယနေ့နေ့လည် ၁၁ နာရီအချိန်က ရန်ကုန်မြို့ရှိ သမိုင်းလမ်းဆုံမှ စတင်လမ်းလျှောက်ဆန္ဒပြခဲ့ကြပြီး နေလည် ၄ နာရီ ၃၀ အချိန်တွင် လှည်းတန်း ခုံးကျော်တံတားအောက်၌ ဆက်လက်ဆန္ဒပြနေကြသည်ကို တွေ့ရှိရသည်။

    ဆန္ဒပြ ကျောင်းသားများက “ဒီမိုကရေစီပညာရေးဒို့အရေး၊ ကျောင်းသားသမဂ္ဂ လွတ်လပ်စွာဖွဲ့စည်းခွင့်ရရှိရေး ဒို့အရေး၊ ကျောင်းသားပြည်သူကို အခြေမခံတဲ့ အမျိူးသားပညာရေး အလိုမရှိ”ပာူ၍ ကြွေးကြော်ခဲ့ကြသည်။

    ကျောင်းသားများ အနေဖြင့် ဆန္ဒပြပွဲများအား လာမည့် နိုဝင်ဘာလ ၁၇ ရက်နေ့ ကျရောက်မည့် နိုင်ငံတကာ ကျောင်းသားများ နေ့အထိ ဆန္ဒပြသွားမည်ဖြစ်ကြောင်း ဗကသ အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ကျောင်းသား ကိုရဲရင့်ကျော်က ပြောသည်။

    ကိုရဲရင့်ကျော်က “ကျွန်တော်တို့ ဒီအနေအထားလေးနဲ့တာ့ ကျွန်တော်တို့မျှော်လင့်ထားတဲ့ ဒီမိုကရေစီ ပညာရေးဥပဒေကြမ်း ပေါ်ပေါက်လာမယ်မထင်ဘူး”ဟု ပြောသည်။

    အဆိုပါဆန္ဒပြ ကျောင်းသားများအနေဖြင့် အာဏာပိုင်များနှင့် ထိတွေမှုများ ယခုအချိန်အထိ မရှိသေးကြောင်း ရန်ကုန်တက္ကသိုလ်အတွင်းသို့ ကျောင်းအာဏာပိုင်များက ၀င်ခွင့်မပေးသည့် ဖြစ်ရပ်သာ ရှိသေးကြောင်းသိရသည်။

    အမျိုးသားပညာရေးဥပဒေကို အသစ်ပြန်ရေးပေးရန် ရည်ရွယ်ချက်ဖြင့် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ကျောင်းသားများက ယမန်နေ့ စတင်ဆန္ဒပြခဲ့ပြီး ဆန္ဒပြမှုများဆက်တိုက်ပြုလုပ်သွားမည်ဟု ဆိုသည်။

    ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင် ကျောင်းသားထု အရေးပေါ်အစည်းအဝေးကျင်းပပြီးနောက် မြန်မာတစ်ပြည်လုံးရှိ ကျောင်းသားသမဂ္ဂများက အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ဆန္ဒပြရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

    လှည်းတန်း ခုံးကျော်တံတားအောက်၌ ကျောင်းသားများ ဆန္ဒပြနေစဉ်(Internet)
    လှည်းတန်း ခုံးကျော်တံတားအောက်၌ ကျောင်းသားများ ဆန္ဒပြနေစဉ်(Internet)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts