spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသားခေါင်းဆောင်ကြီး နိုင်ထွန်းသိန်း ရုပ်ကလာပ်မီးသင်္ဂြိုလ်ပြီးစီး

    မွန်အမျိုးသားခေါင်းဆောင်ကြီး နိုင်ထွန်းသိန်း ရုပ်ကလာပ်မီးသင်္ဂြိုလ်ပြီးစီး

    -

    အသက် ၉၈ နှစ်တွင် ကွယ်လွန်သူ မွန်အမျိုးသားခေါင်းဆောင်ကြီး နိုင်ထွန်းသိန်း၏ ကြွင်းကျန်ရုပ်ကလာပ်ကို နိုဝင်ဘာလ ၉ ရက် ညနေ ၆ နာရီတွင် ရန်ကုန်မြို့ ရေဝေးသုဿန်၌ မွန်ဓလေ့ရိုးရာနှင့်အညီ မီးသင်္ဂြိုလ်ခဲ့ပြီး ဖြစ်သည်။

    ယင်းဈာပနအခန်းအနားသို့ မွန်အမျိုးသားပါတီဝင်များ၊ နိုင်ထွန်းသိန်းနှင့် နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ၊ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ရခိုင်တိုင်းရင်းသားခေါင်းဆောင် ဦးအေးသာအောင်နှင့် အနယ်နယ်အရပ်ရပ်မှ မွန်တိုင်းရင်းသားများ အင်အား ၅၀ဝ ကျော်ခန့် ဈာပနအခန်းအနားသို့ တက်ရောက်ခဲ့သည်ကို တွေ့ရှိရသည်။

    မွန်အမျိုးသားပါတီMNP အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်း က “ဆရာကြီး နိုင်ထွန်းသိန်းပာ ပါတီရဲ့ ဂုဏ်ထူးဆောင် နာယက ကြီးဖြစ်တယ်၊ သူ့ကို ဆုံးရှုံးလိုက်ရတဲ့ အတွက် အရမ်းနှမြောတယ်၊ ကျွန်တော်တို့ အများကြီး နစ်နာပါတယ်၊ သူရှိနေမယ် ဆိုရင် သူအကြံဉာဏ်တွေ ကျွန်တော်တို့ရသလောက်ယူလို့ ရသေးတယ်” ဟု ပြောသည်။

    ညီညွတ်သော တိုင်ရင်းသာလူမျိုးများ မပာမိတ်အဖွဲ့ UNA က ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ တိုင်းရင်းသားပါတီများ၊ ပြည်ပရောက် မွန်လူမျိူးများ၊ မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့နှင့် လွပ်လပ်သော မွန်သတင်းအေဂျင်စီ(IMNA) တို့ လွမ်းသူ့ပန်းခွေများ ပို့ခဲ့ကြသည်။

    ထိုနောက် ဈာပနတက်ရောက်လာသူအားလုံးက နိုင်ထွန်းသိန်းအား ၁ မိနစ်တိတိ ငြိမ်သက် ဂါဝရပြုခဲ့ကြသည်။

    ၈၈ မျိုးဆက်ကျောင်းသား မွန်အမျိူးသား မင်းဇေယျ က “ဆရာကြီး နိုင်ထွန်းသိန်းက သူသေတဲ့ အထိ မွန်အမျိုးသားတွေရဲ့ ရပိုင်ခွင့်တွေ မွန်အမျိုးသားတွေရဲ့ ယဉ်ကျေးမှု တည်တန့်ပြန့်ပွားမှုတွေကို စာပေနဲ့ရော နိုင်ငံရေးနဲ့ပါ သူစွမ်းစွမ်းတမန် လုပ်ခဲ့တယ်၊ သူလို မွန်အမျိုးသားခေါင်းဆောင်တစ်ယောက် ဆုံးရှုံးသွားတာပာ ငါတို့ မွန်အမျိုးသားတွေ တင်မကဘဲ မြန်မာနိုင်ငံသားတွေ အားလုံးအတွက် နစ်နာဆုံးရှုံးမှု တစ်ခု ဖြစ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ငါတိုနိုင်ငံမှာ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာဖို့ သူတို့တွေက အသက်ပေးပြီး စွမ်းစွမ်းတမန် စွမ်းဆောင်ခဲ့တာ၊ ဒီဖယ်ဒရယ် မူကလည်း မြန်မာပြည်မှာ မဖြစ်မနေ လုပ်ဆောင်ရမယ့်မူဆိုတာ ပြည်သူလူထု တစ်ရပ်လုံးက လက်ခံသွားပြီး၊ အဲဒီလို လက်ခံလာအောင်လဲ သူတို့လုပ်ခဲ့တာ” ဟု ပြောသည်။

    ဆရာ နိုင်ထွန်းသိန်းသည် မွန်တော်လှန်ရေးစတင်သည့် ၁၉၄၈ ခုနှစ်မှ စတင်ကာ နိုင်ငံရေး စတင်လှုပ်ရှားမှုခဲ့ပြီး ဦးနုအစိုးရလက်ထက် ၁၉၅၈ ခုနှစ်တွင် မွန်ပြည်သူ့တပ်ဦးနှင့်အတူပါဝင်၍ လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ခဲ့သည်။

    ထိုနောက် ဦးနေဝင်း စစ်အာဏာသိမ်းပြီး မော်လမြိုင်ထောင်တွင် ထောင်ဒဏ် ၅ နှစ်၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF ဥက္ကဌ၊ ၁၉၉၀ ရွေးကောက်ပွဲတွင် သံဖြူဇရပ်မြိုနယ် အမှတ်(၂) မဲဆန္ဒနယ်၏ လွှတ်တော်ကိုယ်စားလှယ်၊ ၁၉၉၂ ခုနှစ်တွင် ထောင် ၃ နှစ် ကျ၊ မွန်ဒီမိုကရေစီပါတီMDP နှင့် မွန်အမျိုးသားပါတီ MNP ဂုဏ်ထူးဆောင်နာယကလည်း ဖြစ်သည်။

    ထိုအပြင် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPP နှင့် ညီညွတ်သော တိုင်ရင်သားလူမျိူးများ မပာမိတ် အဖွဲ့ UNA တို့တွင် ပါဝင်လှုပ်ရှားခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးလုပ်ငန်းများ တွဲဖက်လုပ်ကိုင်ခဲ့သည်။

    ဆရာ နိုင်ထွန်းသိန်းသည် နိုင်ငံရေးတွင်သာမက မွန်ကျောက်စာ၊ သမိုင်းနှင့် စာပေယဉ်ကျေးမှုတွင်လည်း ကျော်ကြားသူ တစ်ဦး ဖြစ်ကာ မွန်အမျိုးသားနေ့ ဖြစ်မြောက်ရေးကော်မတီနှင့် ရန်ကုန်၊ မော်လမြိုင် မွန်ဓမ္မာရုံထိန်းသိမ်းရေး ကော်မတီတို့တွင်လည်း နာယက ဖြစ်ခဲ့သည်။

    “မွန်စာပေနဲ့ သမိုင်း ပညာရှင် မျိုးချစ် ပုဂ္ဂိုလ် တစ်ယောက် ဆုံရှုံးခဲ့တဲ့အတွက် တစ်မျိုးသားလုံးအတွက် နစ်နာပါတယ်” ဟု ၆၈ ကြိမ် မြောက် မွန်အမျိူးသားနေ့ ကျင်းပရေးကော်မတီမှ နိုင်စိုးကြည်က ပြောသည်။

    ဆရာ နိုင်ထွန်းသိန်းသည် မွန်းသမိုင်းနှင့် ပတ်သက်၍ မွန်-မြန်မာနှစ်ဘာသာ စာပေရေးသားထုတ်ဝေခဲ့ပြီး ဆောင်းပါးများ၊ မွန်-မြန်မာ အဘိဓါန် သဒ္ဒါနှိုင်းယှဉ်ချက်များနှင့် သုတေသနစာတမ်းများစွာ ရေးသားခဲ့သူ ဖြစ်သည်။

    နိုင်ထွန်းသိန်းသည် ရန်ကုန်၊ သုဝဏ္ဏမြို့ရှိ နေအိမ်၌ နိုဝင်ဘာလ ၇ ရက်နေ့တွင် (အယ်ဇိုင်းမား) အတိတ်မေ့ရောဂါဖြင့် ကွယ်လွန်ခဲ့ကာ အလောင်းကို ရေဝေးသုဿာန်ရေခဲတိုက်တွင်ထားရှိပြီး ယမန်နေ့တွင် မီးသင်္ဂြိုလ်ခဲ့ခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks