spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းDVB လှိုင်းတိုရေဒီယိုအစီအစဉ် ရပ်နားပြီ

    DVB လှိုင်းတိုရေဒီယိုအစီအစဉ် ရပ်နားပြီ

    -

    ၂၂ နှစ်ကြော် ထုတ်လွှင့်လာသည့် DVB လှိုင်းတိုရေဒီယို မြန်မာပိုင်းနှင့် တိုင်းရင်းသားအစီအစဉ်များကိုအောက်တိုဘာလ ၂၆ ရက်နေ့မှစ၍ ရပ်နားလိုက်သည်။

    တိုင်းရင်းသားအစီအစဉ်တာဝန်ခံ မနန်းမြနဒီက “ရေဒီယိုအစီအစဉ် နားဆင်တဲ့ပရိသာတ် ရာခိုင်နှုန်း နည်းလာတယ်၊ လွှင့်နေတဲ့ အသံလှိုင်းနေရာကလည်း တော်တော်ဝေးတဲ့ နေရာဖြစ်နေတော့ အသံမကြည်တဲ့ ပြဿနာဖြစ်လာတယ်၊ ဒါကြောင့် ပရိသတ် အင်အားပိုများတဲ့ TV အစီအစဉ်ဘက်ကို ပြောင်းလိုက်တာ” ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ပြောသည်။

    ဆက်လက်၍ ဒီဗွီဘီ ရေဒီယို အစီအစဉ်ကို ပြည်တွင်း FM လိုင်းရရှိရန်အတွက် ကြိုးပမ်းလျှက်ရှိကြောင်း၊ သတင်းများကို မိုဘိုင်းဖုန်း များဖြင့် Message ပေးဖို့ခြင်းအစီအစဉ်များကို ပြုလုပ်သွားမည်ဆိုသော်လည်း တိုင်းရင်းသားအစီအစဉ်အတွက် ပြောကြားခြင်းမရှိ သေးကြောင်း သိရသည်။

    ကရင်တိုင်းရင်းသားအစီအစဉ် တာဝန်ခံ Saw Friday က “ကျနော်တို့ တိုင်းရင်းသား ဒေသတွေမှာ TV မပြောနဲ့ ရေဒီယို တစ်လုံးဝယ် နိုင်ဖို့က အတော်ကိုခက်ခဲပါတယ်၊ ဒီလို TV လိုင်း ပြောင်းလိုက်မယ် ဆိုရင် တိုင်းရင်းသားပရိသာတ်တွေအတွက် အတော်လေးကို အခက်အခဲဖြစ်လာမယ်” ဟု ပြောသည်။

    ရေဒီယိုလိုင်းကိုသာ အားသန်သဖြင့် ရုပ်သံလိုင်းပြောင်းလဲရန်အခက်အခဲများစွာ ရှိနိုင်ကြောင်း Saw Friday က ဆက်ပြောသည်။

    ဒီဗွီဘီ လှိုင်းတိုရေဒီယို ထုတ်လွှင့်မှုသည် လွန်ခဲ့သည့် ၁၉၉၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် စတင် ထုတ်လွှင့်ခဲ့ရာ ယခုအချိန်တွင် သက်တမ်း ၂၂ နှစ် ၃ လကျော်လာသည့်အချိန်တွင် ရပ်တန့်ခဲ့ခြင်းဖြစ်သည်။

    မြန်မာနိုင်ငံတွင် လှိုင်းတိုရေဒီယို နားဆင်မှုနှင့် ပတ်သက်ပြီး အမေရိကန်အခြေစိုက် စစ်တမ်းကောက်ယူရေး အဖွဲ့မှ လှိုင်းတိုရေဒီယို နားဆင်မှု အခြေအနေစစ်တမ်းကောက်ယူရာ BBC, RFA, VOA, DVB ရေဒီယို သတင်းဌာန ၄ ခုအနက် ဒီဗွီဘီ လှိုင်းတို နားဆင်မှု ၂ ရာခိုင်နှုန်းသာရှိပြီး အနည်းဆုံးဖြစ်သည်ဟု ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks