spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းမွန်သမိုင်းသုတေသီ နိုင်ခင်မောင်လေး ကွယ်လွန်

    မွန်သမိုင်းသုတေသီ နိုင်ခင်မောင်လေး ကွယ်လွန်

    -

    ရှေးဟောင်းသုတေသန ဦးစီးဌာန၊ မွန်ပြည်နယ် ယဉ်ကျေးမှုနှင့် အမျိုးသား စာကြည့်တိုက် အငြိမ်းစား လက်ထောက်ညွှန်ကြားရေးမှူး၊ မွန်သမိုင်း သုတေသနပညာရှင် နိုင်ခင်မောင်လေးသည် နှလုံးရောဂါဖြင့် အောက်တိုဘာလ ၁၆ ရက်နေ့တွင်မော်လမြိုင်မြို့ရှိ မြိုင်သာယာ နေအိမ်၌ကွယ်လွန်ပြီး ၁၈ ရက်နေ့တွင် မီးသင်္ဂြိုလ်ပြီးဖြစ် ကြောင်း သိရသည်။

    မွန်သမိုင်းသုတေသနအဖွဲ့ ဥက္ကဋ္ဌ နိုင်မောင်တိုးက “အလွန်ပဲ စိတ်မကောင်းဖြစ်မိပါတယ်၊ ဘာလို့လည်းဆိုတော့ ကျနော်တို့ မွန်ပညာရှင် တွေ အရေအတွက်နည်းတယ်၊ ပညာတတ်ပေမယ့် ပညာရှင်ဖြစ်ဖို့က မလွယ်ဘူး၊ သူ့လိုသုတေသနလုပ်နိုင်တဲ့လူ မွန်သမိုင်းကြောင်းရေး နိုင်တဲ့ သူတစ်ယောက်အတွက်တော့ တန်ဖိုးဖြတ်မရတဲ့ ဆုံးရှုံးမှုတစ်ရပ်ပါပဲ” ဟု ဆိုသည်။

    နိုင်ခင်မောင်လေးသည် မွန်ပြည်နယ်၊ ဘီလူကျွန်း၊ ကွမ်ရိုက်ရွာဇာတိ အဖဦးကျော်၊ အမိ ဒေါ်အေးသင်တို့က ၁၉၅၀ ခုနှစ်တွင် မွေးဖွားခဲ့ ရာ မော်လမြိုင်တက္ကသိုလ်မှ B.A သမိုင်းအဓိကဘွဲ့ရပြီးနောက် ၁၉၈၀ တွင် ရေးမြို့တောင်ပိုင်း၊ ခေါဇာဒေသတွင် မွန်အမျိုးသားကျောင်း ဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ထိုမှတဆင့် စာကြည့်တိုက်မှူး၊ ရှေးဟောင်းသုတေသနဦးစီးဌာနမှ လက်ထောက် ညွန်ကြား ရေးမှူး အဖြစ်တာဝန်ယူခဲ့ကြောင်း နိုင်မောင်တိုးက ဆက်ပြောသည်။

    မွန်တိုင်းရင်းသားယဉ်ကျေးမှု ဆိုကရေးတီ ကျင်းပရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး မင်းအောင်ထူးက “သူလို့လူ ကျနော်တို့ မွန်မှာ နောက်ထပ်တစ်ယောက် မရနိုင်တော့ဘူး၊ ပညာရပ်တစ်ခုကို သေချာလေ့လာလိုက်စားတယ်၊ သူယုံကြည့်တဲ့အတိုင်းလုပ်သွားတယ်၊ သူသိ သလောက် သူတတ်မြောက်သလောက် မလျှိုထားဘဲ အားလုံးသိအောင် ချပြတယ်၊ အဓိကကတော့ မွန်ယဉ်ကျေးမှုဘက်မှာပေါ့နော်၊ သူ့နောက်မှာ သူ့လို မျိုးဆက်မရှိတော့ ဆုံးရှုံးမှုတစ်ခုပဲ” ဟု ပြောသည်။

    နိုင်ခင်မောင်လေးသည် မွန်ယဉ်ကျေးမှုပြတိုက်တွင် တာဝန်ထမ်းဆောင်စဉ် စာပေယဉ်ကျေးမှု များနှင့် အခြားတစ်ဖက်တွင်လည်း မွန်သမိုင်းနှင့် ပတ်သက်သော အကြောင်းအရာများကို မြန်မာဘာသာဖြင့် သမိုင်းစာအုပ်များ ရေးသားခဲ့ကြောင်း နိုင်မောင်တိုးက ဆက်ပြောသည်။

    ရှေးဟောင်းသုတေသနဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဖြင့် အငြိမ်းစားယူခဲ့ပြီးနောက် “ပျောက်ဆုံးနေသော မွန်တို့၏မြို့ ပြနိုင်ငံများ” “မွန်သမိုင်းပုံရိပ်” နှင့် မွန်သမိုင်းသုတေသနစာစောင် (တွဲ-၁) တို့ကို ရေးသားခဲ့ပြီး ဂျာနယ်နှင့် မဂ္ဂဇင်းတို့တွင်လည်း သမိုင်းနှင့်ပတ်သက်သည့်ဆောင်းပါးများ ရေးသားခဲ့သည်။

    နိုင်ခင်မောင်လေးသည် ၂၀၁၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် မွန်သမိုင်းသုတေသနအဖွဲ့တွင် အတွင်းရေးမှူးတာဝန်ထမ်းဆောင်လျှက်စဉ် ကွယ်လွန်ခဲ့ပြီး ဇနီး မိတင်မြနှင့် သားသမီး ၄ ဦးကျန်ရစ်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts