spot_img
Sunday, January 18, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသမီးများ ပါတီတည်ထောင်ပြီ

    မွန်အမျိုးသမီးများ ပါတီတည်ထောင်ပြီ

    -

    အမျိုးသမီးအင်အားစုဖြင့် ပေါင်းစည်းထားသည့် အမျိုးသမီးပါတီ Women Party ကို ယခုလ ၈ ရက်နေ့တွင် စတင်တည်ထောင်လိုက်ကြောင်းပါတီတည်ထောင်သူ မိသန်းရှင် (ခ) မိလယိုင်မွန် က လွတ်လပ် သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

    မိသန်းရှင်က “အဓိကရည်ရွယ်ချက်ကတော့ အမျိုးသမီးတွေ နိုင်ငံရေးအခန်း ကဏ္ဍပါဝင်မှုကို မြှင့်တင်ချင်တာရယ်၊ ကျမတို့ အမျိုးသမီး တွေ အခုလို ပါတီမတည်ထောင်ဘူး မဖွဲ့စည်းဘူးဆိုရင် ရာထူးမြင့်တဲ့ နေရာတွေမှာ ကျမတို့မိန်းကလေးတွေ မရနိုင်ဘူး၊ ရာခိုင်းနှုန်း သတ်မှုတ်ချက်နဲ့ပဲ ပါဝင်ခွင့်ရနေမှာပါ” ဟု ပြောသည်။

    ယခုကဲ့သို့ အမျိုးသမီးပါတီ တည်ထောင်ခြင်းအားဖြင့် မိမိတို့အမျိုးသမီးအနေနှင့် ရာခိုင်းနှုန်း မည်မျှပါဝင်ရမည်ဆိုသည့် အချက်ကို ပြောစရာမလိုကြောင်း၊ နိုင်ငံရေး လှုပ်ရှားမှုတွင် မိမိတို့ အပြည့်အဝ လှုပ်ရှားနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    မိသန်းရှင်းက “ မကြာမီ Register ကျမတို့တင်ဖို့ပြင်ဆင်နေပါပြီ၊ Register တင်တာ မတင်တာထက် ပါတီ တည်ထောင်နိုင်သွားပြီး ဆိုတာက ပိုပြီးအရေးကြီးပါတယ်” ဟု ဆိုသည်။

    ယခုတည်ထောင်လိုက်သည့် အမျိုးသမီးပါတီ Women Party သည် မွန်ပြည်နယ် တစ်ခုတည်အတွက် ကိုယ်စားပြုသည့် ပါတီမဟုတ် ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြစ် တိုင်းရင်းသားဒေသတိုင်းတွင်လည်း ဆက်လက်တည်ထောင်သွားမည်ဟု ဆိုသည်။

    အမျိုးသမီးပါတီ Women Party တွင် ဗဟိုကော်မတီ ၁၅ ဦး အနက် အလုပ်အမှုဆောင်ကော်မတီ (၉) ဦး တို့ကို ရွေးချယ်ထားရာ ဥက္ကဌ မိသန်းရှင်၊ ဒုဥက္ကဌ မိနီနီ၊ အတွင်းရေးမှူး မိစိုက်ခမာချမ်း၊ တွဲဖက်အတွင်းရေးမှူး မိသဇင်မွန်တို့ ပါဝင်သည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဗဟိုအလုပ်မှုဆောင် ကော်မတီအဖွဲ့ဝင် နိုင်အောင်ဘ (ခ) နိုင်အံက်သာက “အမျိုးသမီးတွေ အနေနဲ့ ပါတီတည်ထောင်တာ လုပ်သင့်ပါတယ်” ဟု ပြောသည်။

    ၄င်းပါတီ၏ ရည်ရွယ်ချက်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ထွက်ရှိလာမှသာလျှင် မိမိတို့ သုံးသပ်နိုင်မည်ဖြစ်ကြောင်း ယခုအချိန်သည် မည်သည့် အကြောင်းတစုံတရာမျှ မကြားထားသည့်အတွက် မသုံးသပ်နိုင်သေးကြောင်း နိုင်အောင်ဘ က ဆက်ပြောသည်။

    မွန်အမျိုးသားပါတီ MNP တွဲဖက်အတွင်းရေးမှူး ဒေါက်တာမင်းကြည်ဝင်းကလည်း “အမျိုးသမီးပါတီ တည်ထောင်လိုက်တယ် ဆိုတာကို တော့ ကျနော်တို့သတင်း မကြားသိရသေးဘူး” ဟု ဆိုသည်။

    မွန်ပြည်နယ်အတွင်း လက်ရှိ အခြေစိုက် လှုပ်ရှားလျှက်ရှိသည့် နိုင်ငံရေးပါတီများမှာ မွန်အမျိုးသားပါတီ (MNP)၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ (AMDP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (NUP) တို့ ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts