spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းကျိုက်မရောမြို့နယ်တစ်ဝိုက်တွင် လုံခြုံရေးတင်းကြပ်ထား

    ကျိုက်မရောမြို့နယ်တစ်ဝိုက်တွင် လုံခြုံရေးတင်းကြပ်ထား

    -

    ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော် DKBA နှင့် မြန်မာစစ်အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းအစိုးရစစ်တပ်က လုံခြုံရေးတင်းကြပ်စွာချထားသည်။

    အနီးကပ်စောင့်ကြည့်နေသည့် မွန်ပြည်သစ်ပါတီ အရာရှိတစ်ဦးက “လုံခြုံရေးကိုတော့ မော်လမြိုင်မြို့ ပေါ်ကအစချထားတာရှိတယ်၊ နောက် တိုက်ပွဲဖြစ်တဲ့နေရာ ရွာအပြင် ရွာထဲမှာရော တပ်ကင်းချထား တာတွေ့နေရတယ်၊ လောလောဆယ်မှာ စစ်ဘေးရှောင်သူတွေ အိမ်မပြန်နဲ့ဦးလို့ အစိုးရတပ်က တားထားတယ်” ဟု ပြောသည်။

    စစ်အစိုးရတပ်မှ တိုက်ပွဲဖြစ်ပွားသည့် ကျေးရွာအနီးတဝိုက်တွင် ည ၆ နာရီနောက်ပိုင်း ဖြတ်သန်း သွားလာခွင့် ပိတ်ပင်ထား၍ အတ္ထရံမြစ် တွင်း ဖြတ်သန်းသွားလာနေသော ခရီးသည် တင်လှေများ ကိုလည်း ပြေးဆွဲခွင့် ပိတ်ပင်ထားခဲ့သည်ဟု သူက သည်။

    ထို့အပြင် တိုက်ပွဲကြောင့် ကျိုက်မရောမြို့နယ် ရွှေဝါချောင်းကျေးရွာအနီးအနားရှိ ကျေးရွာပေါင်း ၉ ရွာကို စာသင် ကျောင်းများပိတ်ထား ခဲ့သည်ဟု သေခံများက ပြောသည်။

    “အစိုးရတပ်က အင်အားအများကြီးလာချတော့ တိုက်ပွဲဖြစ်မှာကိုစိုးရိမ်လို့ စာသင်ကျောင်း တွေ ပိတ်ထားတယ်၊ ရွာထဲက အိမ်တွေအား လုံး တခါးပိတ်ပြီးပုန်းအောင်းနေရတယ်” ဟု စစ်ဘေးရှောင် ကျားခတ်ကုန်း ကျေးရွာမှ ဒေသခံတဦးက ပြောသည်။

    ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော် DKBA ကလို့ထူးဘောအဖွဲ့နှင့် မြန်မာစစ်အစိုးရတပ်ဖွဲ့ဝင်တို့ စက်တင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ရွှေဝါချောင်း ကျေးရွာ အနီး၌လည်းကောင်း၊ စက်တင်ဘာ ၂၆ ရက်နေ့တွင် ကလိုင်းကနိုင်ကျေးရွာအုပ်စု ကရင်တောကျေး ရွာ၌လည်းကောင်း ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

    “မနေ့က ကျနော်တို့တပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်တယ်လို့သတင်းထွက်နေတယ် အဲဒါမဟုတ်ဘူး ကျနော်တို့ တပ်နဲ့ တိုက်ပွဲဖြစ်တာမရှိပါဘူး၊ ဒါပေမယ့် ကျနော်တို့တပ်ထဲကို လက်နက်ကြီး နှစ်လုံးပစ်ထည့် လာတာတွေ့တယ်၊ ဘယ်သူ့လက်နက်လဲတော့ အတိအကျမပြော နိုင်သေးဘူး” ဟု BGF တပ်ဖွဲ့ဝင်ဗိုလ်မှူး နိုင်မောင်ဇော်က ပြောသည်။

    ထို့အပြင် ကရင်ပြည်နယ်၊ ကျုံဒိုးနှင့် သာမညကြား၌ စက်တင်ဘာ ၂၉ ရက်မွန်းလွဲပိုင်းတွင် ခရီးတင်ယာဉ်တစ်စီးကို RPG လက်နက် ပစ်ခတ်ခံရသဖြင့် ခရီးသည်လေးဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး ကော့ဂရိတ်ဆေးရုံသို့ ပို့ဆောင်လိုက်သည်ဟု သူကဆိုသည်။

    ယခုဖြစ်ပေါ်နေသည့် တိုက်ပွဲများနှင့်ပတ်သက်၍ အပစ်အခတ်ရပ်စဲရေး ညှိုနှိုင်းရေးအဖွဲ့ခေါင်းဆောင် နိုင်ဟံသာက လက်မှတ်ထိုးပြီး နောက်ပိုင်းတွင် တပ်ပိုင်းဆိုင်ရာ စောင့်ထိမ်းရမည့် ကျင့်ဝတ်များကို ပြန်လည်အစီအစဉ်ချရမည်ဖြစ်ကြောင်း၊ သို့ရာတွင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးရသေးသည့်အတွက် ယခုလိုတိုက်ပွဲများ ဖြစ်ပေါ်တတ်ကြောင်း၊ သက်ဆိုင်ရာတပ်ဖွဲ့ အသီးသီး အနေဖြင့် လက်နက်ကိုင်ပဋိပက္ခထိပ်တိုက်မပေါ်ပေါက်စေရန် ထိန်းသိမ်းစေလိုကြောင်း လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြော သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks