spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းခေါဇာမြို့ခံများအား ပြန်ပေးအဖွဲ့ ကျပ်သိန်း ၇၅၀ တောင်းခံထား

    ခေါဇာမြို့ခံများအား ပြန်ပေးအဖွဲ့ ကျပ်သိန်း ၇၅၀ တောင်းခံထား

    -

    ပြီးခဲ့သည့် သောကြာနေ့တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ခေါဇာမြို့ခံ ၄ ဦး အား ပြန်ပေးဆွဲခဲ့ရာ ငွေကျပ် သိန်း ၇၅၀ ဖြင့် ပြန်လည်ရွေးယူရန် တောင်းခံထားသည်ဟုဆွေမျိုးနီးစပ်သူတစ်ဦးက လွတ် လပ်သောမွန် သတင်းအေဂျင်စီ (IMNA) သို့ပြောသည်။

    သူက “စက်တင်ဘာ ၂၄ ရက် မှာ သိန်း ၇၅၀ ပေးဖို့ တစ်ဆင့်ခံ လာပြောထားတယ်၊ ပေးဖို့လည်း အဆင်မပြေသေးဘူး” ဟုပြောသည်။

    ယင်းကိစ္စဖြေရှင်နိုင်းရန် ခေါဇာကျောင်းထိုင်ဆရာတော်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကာယကံရှင်ဆွေမျိုးများက ခေါဇာဘုန်းတော် ကြီးကျောင်း၌ ဆွေးနွေးတိုင်ပင် နေဆဲဖြစ်သည်ဟု ဆိုသည်။

    ပြန်ပေးဆွဲခံရမိသားစုဝင်တစ်ဦးက “ ငွေပေးဖို့အကြောင်းကြားပြီးကတည်းက ဘာသတင်းမှလည်း ထပ်မကြားတော့ဘူး၊ သူတို့ရဲ့ ကျန်းမာရေးရော အသက်အန္တရာယ်ပါ တစ်ခုခုဖြစ်မှာ စိုးရိမ်နေရတယ်” ဟု ပြောသည်။

    အဆိုပါ အမည်မသိလက်ကိုင်ပြန်ပေးအဖွဲ့သည် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းနယ်နိမိတ်စပ်ကြား ရေး – ထားဝယ် ကားလမ်းအနီးတွင် လှို့ဝှက်စခန်းချလျှက်ရှိသည်ဟု ကာယကံရှင်နှင့်နီးစပ်သူဆွေမျိုးများက ခန့်မှန်းပြောဆိုနေသည်။

    ခေါဇာရဲစခန်း တာဝန်ကျသူ ရဲတစ်ဦးက “ဒီပြန်ပေးကိစ္စကို ကျနော်တို့ဆီ လာရောက်တိုင်ကြားတာ မရှိပါဘူး၊ ဒီသတင်းလည်း မကြားမိ ဘူး” ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ဖုန်းဖြင့် ဖြေဆိုခဲ့သည်။

    စက်တင်ဘာလ ၁၉ ရက် ည ၈ နာရီခန့်တွင် ခေါဇာမြို့ ဘုန်းတော်ကြီးကျောင်း၌ မဟာဒုက်ဆွမ်းကိစ္စဝေယျာဝစ္စများ စီစဉ်နေသည့် အချိန်တွင် ခေါဇာမြို့ခံ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦးတို့ကို အမည်မသိလက်နက်ကိုင်အဖွဲ့က ပြန်ပေးဆွဲခဲ့ပြီး အသက် ၆၀ အရွယ် လူကြီးတစ်ဦးနှင့် နို့စို့အရွယ်ခလေးမိခင်တစ်ဦးတို့အား တစ်ရက်အကြာတွင် ပြန်လွှတ်ပေးခဲ့သည်။

    ပြီးခဲ့သည့်မေလတွင် မွန်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ခေါဇာမြို့ခံများအနေဖြင့် ငွေကျပ်သိန်း ၄၀ဝ ဆက်ကြေးပေးဆောင်ရန် ခေါဇာမြို့ ရှိ ဘုန်းတော်ကြီးကျောင်းနှစ်ကျောင်းထံသို့ ငွေတောင်းခံစာများ ပေးပို့ခဲ့သည်။

    ရေးမြို့နယ် တောင်ပိုင်းနှင့် နယ်မြေထိစပ်နေသော ရေဖြူမြို့နယ် မြောက်ပိုင်းဒေသတဝိုက်တွင် နိုင်ဆောင်း၊ နိုင်ချမ်းဒိန်းနှင့် နိုင်လွန် ဦးဆောင်သည့် လက်နက်ကိုင်အဖွဲ့ငယ်များ လှုပ်ရှားလျက်ရှိပြီး ဒေသခံများကို ဖမ်းဆီးကာ ငွေကြေးတောင်းခံခြင်းများ ပြုလုပ်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks