spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမြန်မာပြည်တွင် စစ်တပ်အဓမ္မပြုကျင့်မှု အများဆုံး ၃ ပြည်နယ်ရှိ

    မြန်မာပြည်တွင် စစ်တပ်အဓမ္မပြုကျင့်မှု အများဆုံး ၃ ပြည်နယ်ရှိ

    -

    မြန်မာနိုင်ငံအစိုးရသစ်သက်တမ်းကာလအတွင်း ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း တို့တွင် အမျိုးသမီးငယ်များကို မြန်မာစစ်တပ်မှအဓမ္မပြုကျင့်မှု အများဆုံးဖြစ်ပေါ်ခဲ့ကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) မှ တွဲဖက်အတွင်းရေးမှူး-၂ မဂျုလီယာမာရစ်က လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

    “ဒါက ကျမတို့အဖွဲ့လက်လှမ်းမီသလောက်ပေါ့နော်၊ တချို့စစ်ပွဲတွေဖြစ်နေသေးတဲ့ ဒေသတွေမှာတော့ ကျမတို့သွားပြီး စားရင်းမကောက်နိုင်ခဲ့ဘူး ဒီထက်လည်းများပါတယ်” ဟုလည်း မဂျုလီယာမာရစ်က ဆက်ပြောသည်။

    တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ၄င်းတို့အဖွဲ့မှ လက်လှမ်းမီသ၍ စားရင်းကောက်ယူနိုင်မှုမှာ ၂၀၁၁ -၂၀၁၃ ခုနှစ်အတွင်း လိင်ပိုင်းဆိုင်ရာအဓမ္မပြုကျင့်မှုခံနေရသော အမျိုးသမီး ၁၀၄ ဦးဖြစ်စဉ်ကို အတည်ပြနိုင်ခဲ့ပြီးအဆိုပါ ပြည်နယ် ၃ ခုတွင် အဖြစ်အများဆုံးဟု ဆိုသည်။

    မြန်မာပြည်တောင်ပိုင်းတွင် အဓမ္မပြုကျင့်မှုနှင့်ပတ်သက်၍ လှုပ်ရှားဆောင်ရွက်နေသော အမျိုးသမီးနှင့် ကလေးအခွင့်အရေး တာဝန်ခံ (WCRP) မှ မိထောချမ်းကလည်း ပြုကျင့်ခံရသော အမျိုးသမီးအများစု၏ လူမှုရေးအခြေအနေနှင့် ခြိမ်းခြောက်မှုများကြောင့် ၄င်းတို့၏ ဖြစ်စဉ်ကို မထုတ်ဖော်ရဲကြကြောင်းပြောသည်။

    မိထောချမ်းက “ရေးမြို့နယ်က အမျိုးသမီးကလေးငယ်တစ်ယောက်ကို စစ်တပ်က အဓမ္မပြုကျင့်ပြီးတော့ ကျမတို့ အဖွဲ့တွေက လိုက်ပြီးကူညီပေးပေမယ့် သူတို့က အစိုးရကိုကြောက်ရတာနဲ့ စစ်တပ်ကိုကြောက်ရတာနဲ့ သူတို့ ကိုအရေးယူရင် ကိုယ့်ကိုပြန်ပြီးရန်ရှာမှာကို ကြောက်နေကြတာကိုတွေ့ရတယ် သူတို့မသွားရဲကြဘူး ဒီအတိုင်းပဲနေလိုက်ရတယ်” ဟု ၄င်းအတွေ့အကြုံကို ပြောသည်။

    မွန်ပြည်နယ်တွင် အမျိုးသမီးများအား အကြမ်းဖက်မှုဖြစ်စဉ်များစွာ ဖြစ်သော်လည်း ရေးမြို့နယ်နှင့် မွန်လူထု အများအပြား နေထိုင်သော တနင်္သာရီတိုင်း ရေဖြူမြို့နယ်တို့တွင် အဖြစ်များပြီး အမျိုးသမီးများနှင့် ဆိုင်သော အဖွဲ့အစည်းများ ထိထိရောက်ရောက် ကိုင်တွယ်ပေး သောအဖွဲ့အစည်းများ မရှိသေးသည်ကို တွေ့ရပြီး၂၀၁၃ – ၁၄ ခုနှစ်အတွင်း အဓမ္မပြုကျင့်မှု ၈ ခုကိုသာ အတည်ပြုနိုင်ခဲ့သည်။

    “အစိုးရထုတ်ထားတဲ့ ဥပဒေတော့ရှိပါတယ် အဓမ္မပြုကျင့်ခံရပြီးဆိုရင် ဘယ်မှာတိုင်ရမလဲ ဘာတွေ လုပ်ရမလဲဆိုတာ လူထုတွေတော့သေချာမသိသေးပါဘူး သိတဲ့သူတွေကျတော့လည်း ပြုကျင့်သူက ငွေအားနဲ့ အမှုကို ပိတ်လိုက်တာရှိတယ်” ဟု မိထောချမ်းက ဆိုသည်။

    ကမ္ဘာတစ်ဝှမ်းတွင် အမျိုးသမီးငယ်များ သန်း ၁၂၀ အဓမ္မပြုကျင့်ခံနေရကြောင်း ယူနီဆက်ဖ် အစီရင်ခံစာ ထုတ်ပြန်ထားခြင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတွင်မူ ပွင့်လင်းစဖြစ်လာသည့်အတွက် အစိုးရသစ် တက်လာပြီးသည့် နောက်ပိုင်းတွင် ပိုမိုတွေ့ရသည်ကို မိထောချမ်းက ဆက်ပြောသည်။

    အမျိူးသမီးများနှင့် အမျိုးသမီးကလေးငယ်များကို အဓမ္မပြုကျင့်သူများအား နိုင်ငံတကာတွင်ပြဌာန်း အရေးယူမှုများတွင် မလေးရှား၊ စင်္ကာပ၊ူ တရုတ်နှင့် ထိုင်းနိုင်ငံများတွင် ဥပဒေအရ ပြစ်ဒဏ်ပေးစီရင်မှုမှာ ထောင်ဒဏ်အနှစ် ၂၀မှ သေဒဏ်အထိ အပြစ်ပေးခြင်းရှိသော်လည်း မြန်မာနိုင်ငံတွင်မူ ဥပဒေအရ အရေးယူမှုများ အားနည်းနေသည်ကို တွေ့ရသည်။

    ထိုအဖြစ်များဆုံးနိုင်ငံများမှာ ဆင်းရဲလွန်းပြီး တရားဥပဒေအရ အမျိုးသမီးများကို လုံခြုံမှုမပေးနိုင်သော နိုင်ငံများသောအားဖြင့် အာဖရိကနိုင်ငံများဖြစ်ပြီး အသက်မပြည့်သေးသော မိန်းကလေး ကလေးငယ်များ အဓမ္မပြုကျင့်ခံရမှုမှာ တစ်နှစ်ထက်တစ်နှစ်ပိုများလာသည်ကို အစီရင်ခံစာတွင် ထောက်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks