spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းကြားဖြတ်ရွေးကောက်ပွဲမကျင်းပဖြစ်၊ တိုင်းရင်းသားပါတီများကြိုဆို

    ကြားဖြတ်ရွေးကောက်ပွဲမကျင်းပဖြစ်၊ တိုင်းရင်းသားပါတီများကြိုဆို

    -

    ၂၀၁၄ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပမည်မဟုတ်ဟု စက်တင်ဘာလ ၇ ရက်နေ့တွင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ရန်ကုန်မြို့၌ နိုင်ငံရေးပါတီများနှင့်တွေ့ဆုံစဉ် ထုတ်ဖေါ်ပြောကြားခဲ့သည်ကို တိုင်းရင်းသားပါတီများက ကြိုဆိုလိုက်သည်။

    ကြားဖြတ်ရွေးကောက်ပွဲအတွက် နိုင်ငံတော်ဘဏ္ဍာငွေ ကျပ်ငွေ ၂ ဘီလီယံ ကျော်ခန့် ကုန်ကျနိုင်သည်အတွက်ကြောင့် ငွေကုန်လူပင်ပန်းဖြစ်နိုင်၍ ရွေးကောက်ပွဲမကျင်းပဖို့ ကော်မရှင်ဥက္ကဌက ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း စက်တင်ဘာ လ ၈ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။
    မွန်အမျိုးသားပါတီ MNP ဒုဥက္ကဌ(၁) နိုင်သက်လွင်က “ဒီကြားဖြတ်ပွဲမလုပ်ဖြစ်ရင် လာမယ့် ၂၁၀၅ ရွေးကောက်ပွဲအတွက် အားကောင်းမယ်လို့ယုံကြည်တယ်၊ အဲ့ဒါကြောင့် ကျနော်တို့ ပါတီက သဘောတူတယ် ထောက်ခံကြိုဆိုတယ်၊ တခြားပါတီတွေလဲ သဘောတူနေတာ တွေ့ရတယ်၊ လာ မယ့်ရွေးကောက်ပွဲအတွက် စည်းရုံးရေးလုပ်ငန်းတွေ အချိန်အများကြီးရရှိနိုင်တယ်” ဟု ပြောသည်။

    ကြားဖြတ်ရွေးကောက်ပွဲမပြုလုပ်ခြင်းဖြင့် ၂၀၁၅ ရွေးကောက်ပွဲအတွက် မွဲဆွယ်စည်းရုံးရေး ကြိုတင်ပြင်ဆင်မှု အားကောင်းအောင် လုပ်ဆောင်နိုင်မည်ဟု မျှော်လင့် ကြောင်း ဖက်ဒရယ်ပြည်ထောင်စုပါတီ (FUP) မှ ဦးစောသန်းမြင့်က ပြောသည်။

    ၎င်းက “ကြားဖြတ်ရွေးကောက်ပွဲမလုပ်တာ ကျနော်တို့ပါတီ အသစ်အနေနဲ့ ဘာပြသနာမှမရှိဘူး၊ ရှင်းရှင်း ပြော ရရင်နှစ်ခါမမောရဘူး၊ ကြားဖြတ်ရွေးကောက်ပွဲမလုပ်ဖြစ်တာ ကျနော်တို့ သဘောတူတယ်၊ ဒီနွေပေါက်ရင် ပါတီ အတွက် မဲဆွယ်ရေး လုပ်ငန်းတွေ စလုပ်တော့မယ်” ဟု ပြောသည်။
    ၂၀၁၄ ခုနှစ်တွင် တစ်နိုင်ငံလုံး လစ်လပ်မဲဆန္ဒနေရာ ၃၅ နေရာအတွက် လာမည့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်မည်ဟု ရွေးကောက်ပွဲကော်မရှင်မှ ကြိုတင်အသိပေးထားသဖြင့်ဖြင့် ပါတီအများအစုက ပြင်ဆင်ထားကြောင်း သိရသည်။

    ၂၁၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၄၅ ခုအနက် ၄၃ နေရာနှင့် အပြတ်အသတ် အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကလည်း ကြားဖြတ်ရွေးကောက်ပွဲ ဖျက်သိမ်းလိုက် သည်ကို လက်ခံကြောင်း ပြည်တွင်,သတင်းစာများတွင် ဖော်ပြထားသည်။

    အလားတူ မွန်အမျိုးသားပါတီ MNP နှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP တို့ကလည်း ၂၀၁၄ ရွေးကောက်ပွဲကိုပါဝင်ယှဉ်ပြိုင်မည်မဟုတ်ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ အတိအလင်း ပြောကြားခဲ့ပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks