spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းKNU ပြန်လာမည်ဟု UNFC မျှော်လင့်

    KNU ပြန်လာမည်ဟု UNFC မျှော်လင့်

    -

    တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်မှ ယာယီရပ်ဆိုင်းထားသော ကရင်အမျိုးသားအစည်းအရုံး KNU သည် အဖွဲ့အတွင်း ညှို့နှိုင်မှုပြီးစီးပါက တပ်ပေါင်းစုအတွင်း ပြန်လည်ဝင်ရောက်လာမည်ဟု

    UNFC အနေဖြစ် မျှော်လင့်ကြောင်း UNFC အထွေထွေ အတွင်းရေးမှူး ခူးဦးရယ်က ပြောသည်။

    ကရင်အမျိုးသားအစည်းအရုံး (KNU) က UNFC က အပြီးအပိုင်နှုတ်ထွက်ခြင်းမဟုတ်ဘဲ UNFC ၏ ဗဟိုအလုပ်မှုဆောင်ကော်မတီ ရွေးချယ်မှုတွင် KNU ကိုယ်စားလှယ်၂ နေရာ ချန်လှပ်ထားကြောင်း၊ KNU ၏ ဗဟိုကော်မတီအစည်းအဝေး ညှိုနှိုင်းမှု ပြီးစီးပါက UNFC အဖွဲ့ဝင်အဖြစ် ပြန်လည် ဝင်ရောက်လာမည်ဟုလည်း မျှော်လင့်သည်ဟု ဆိုသည်။

    ခူးဦးရယ် က “UNFC ကို KNU က ကိုယ်စားလှယ်လွှယ်မယ်၊ မလွှတ်ဘူးဆိုတာကတော့ သူတို့ ဗဟိုကော်မတီအစည်းဝေးပြီးမှသိမယ်၊ ပြီးတော့ UNFC စတင် ဖွဲ့စည်းတဲ့ အချိန်မှာ အဓိက ၆ ဖွဲ့မှာ သူတို့ပါတယ်၊ သူတို့ရဲ့ အခန်းကဏ္ဍ တာဝန် ဝတ္တရား မကုန်းဆုံးသေးဘူးလို့ မှတ်ယူတယ်၊ ဒါကြောင့် ကျနော်တို့ လျာထားခြင်းဖြစ်တယ်” ဟုပြောသည်။

    UNFC ညီလာခံ၌ ရွေးကောက်တင်မြှောက်ထားသော အဆိုပါ နှစ်နေရာကို KNU ပြန်လည်ရောက်ရှိသည့် အချိန်တွင် ဝင်ရောက်တာဝန်ထမ်းဆောင်နိုင်ရန် သတ်မှတ်လျာထား ခဲ့ခြင်းဖြစ်သည်ဟု UNFC ၏ ပထမအကြိမ်ညီလာခံ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

    ကရင်အမျိုးသားအစည်းအရုံး၏ ဒု-ဥက္ကဌ နော်စီဖိုးရာစိန် က“ကျမတို့ KNU အချင်းချင်းညှိရမှာပေါ့၊ UNFC အဖွဲ့ဝင်အဖြစ် ပြန်ဝင်မယ် မဝင်ဘူးဆိုတာကို ဗဟိုကော်မတီအစည်းဝေးမှာ ပြန်ပြီးဆွေးနွေးရမှာဖြစ်တယ်” ဟုပြောသည်။

    KNU က သြဂုတ်လ ၃၁ ရက်တွင် UNFC နှင့် ညီလာခံမှ နုတ်ထွက်ခဲ့ပြီး၊ စက်တင်ဘာလ ၁ ရက်တွင် UNFC အဖွဲ့ဝင်အဖြစ် ယာယီရပ်ဆိုင်းပြီးဖြစ်ကြောင်း တရားဝင် စာပေးပို့အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

    ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသော ပထမဆုံးအကြိမ် UNFC ၏ ညီလာခံ ကျင်းပပြီးနောက် ဖက်ဒရယ်ကောင်စီဝင် (၄၂) ဦးအနက်မှ ဗဟိုအလုပ်မှုဆောင်ကော်မတီ ၁၂ ဦးကို ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခဲ့သည်။

    ၂၀၁၄-၂၀၁၆ ခုနှစ်တွင်အတွက် UNFC ဥက္ကဌအဖြစ် KIO အဖွဲ့မှ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ဒုဥက္ကဌ (၁) အဖြစ် နိုင်ဟံသာ ၊ ဒုဥက္ကဌ (၂) KNU(လစ်လပ်) ၊ အထွေထွေ အတွင်းရေးမှူး ခူးဦးရယ်၊ တွဲဘက်အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ တွဲဘက်အတွင်းရေးမှူး(၂) ဆလိုင်း ထလာဟေး၊ ဒေါက်တာလဂျာ (KIO)၊ ဗိုလ်ချုပ် ဘီထူး၊ ဒူဝါ ဘောမ်ဝမ်လရော်၊ ဗိုလ်မှူးကြီး စိုင်းထူး၊ ဒေါက်တာခင်မောင်နှင့် KNU တို့ကို ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များအဖြစ် UNFC ပထမအကြိမ်ညီလာခံက ရွေးချယ်အတည်ပြုခဲ့သည်။

    ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်မှ စက်တင်ဘာ ၂ ရက်နေ့ထိ ခုနှစ်ရက်ကြာ ကျင်းပသော UNFC ပထမအကြိမ်ညီလာခံတွင် အဖွဲ့ဝင် ၁၂ ဖွဲ့နှင့် ဆက်စပ်ဖွဲ့အစည်း ၅ ဖွဲ့မှ ကိုယ်စားလှယ်ပေါင်း ၉၀ ဦး တက်ရောက် ဆွေးနွေးခဲ့ကြသည်။

    UNFC ကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဖွဲ့ခဲ့ပြီး ကချင်လွတ်လပ် ရေးအဖွဲ့ (KIO)၊ ကရင် အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ် ပါတီ (MNSP)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PSLF/TNLA)၊ ‘ဝ’ အမျိုသား အစည်း အရုံး (WNO) နှင့် မြန်မာနိုင်ငံ အမျိုးသား မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့် အဖွဲ့တို့ ၁၂ ဖွဲ့မှ ကိုယ်စားလှယ်များ ပါဝင်သည်။

    UNFC ပထမအကြိမ်ညီလာခံသို့ ဆက်စပ်အဖွဲ့ဝင်များ ဖြစ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ရခိုင်တပ်မတော် (AA)နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ KNU-KNLA-PC တို့၏ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks