Monday, April 13, 2026
More
    spot_img
    Homeသတင်းလျှပ်စစ်ဓာတ်အားမီတာနှင့် ထရန်စဖော်မာများ လျှောက်ထားမှုအတွက် ဖြေလျော့ပေးနေ

    လျှပ်စစ်ဓာတ်အားမီတာနှင့် ထရန်စဖော်မာများ လျှောက်ထားမှုအတွက် ဖြေလျော့ပေးနေ

    -

    လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မီတာနှင့် ထရန်စဖော်မာများ တပ်ဆင်ရန် လျှောက်ထားမှုများအတွက် ဖြေလျော့မှုများ ပြုလုပ်ပေးနေပြီ ဖြစ်သည်။

    ကိုယ်ပိုင်ထရန်စဖော်မာ/ ကျေးရွာမီးလင်ရေးထရန်စဖော်မာများလျှောက်ထားရာတွင် သတ်မှတ်ချက်များ ပြည့်စုံပါက မြို့နယ်/ခရိုင်ရုံးတွင် ရက်သတ္တပတ် ၁ ပတ်၊ ပြည်နယ်ရုံးတွင် ၁ ပတ်၊ ရုံးချုပ်တွင် ၂ ပတ် စုစုပေါင်း ရက်သတ္တပတ် ၄ ပတ်အတွင်း တည်ဆောက်ခွင့်ပြုမိန့် ထုတ်ပေးပါမည်ဟု မွန်ပြည်နယ်လျှပ်စစ်တာဝန်ရှိသူတစ်ဦးက ဆိုသည်။

    “ဒါကတကယ် အကောင်အထည်လည်းဖော်နေပါပြီ။ အိမ်သုံးမီတာကို တစ်ရက် အပြီးလုပ်မယ်။ စက်သုံး/ပါဝါတွေကို ငါးရက်နဲ့ လုပ်ပေးမယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စလုပ်နေပြီ။ နိုင်ငံတော်အစိုးရက သတ်မှတ်ထားနဲ့ဈေးနှုန်းနဲ့ပဲ” ဟု အဆိုပါလျှပ်စစ်တာဝန်ရှိသူက ပြောသည်။

    သံဖြူဇရပ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးတွင်လည်း အဆိုပါ ဖြေလျော့ရေးနှင့်ပတ်သက်၍ လျှပ်စစ်နှင့်စက်မှုဝန်ကြီးဌာနတို့မှ မြို့နယ်ကော်မတီများကို သွားရောက်ရှင်းပြခဲ့သည်ဟု လျှပ်စစ်နှင့်စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    အလားတူ အဆိုပါဖြေလျော့ရေးနှင့်ပတ်သက်ပြီး အခြားမြို့နယ်များသို့လည်း သွားရောက်ဖြေရှင်းရန်ရှိကြောင်း သိရသည်။

    “ကျနော်တို့အိမ်သုံးမီတာလျှောက်တုန်းက တစ်ပတ်ကြာတယ် ။ ၇၅ဝဝဝ ကျပ်ပဲ ကုန်တယ်။ မီတာဘောက်အိမ်အတွက်က ၂ဝဝဝဝ နဲ့ မီတာက ၅၅ဝဝဝ ပေးရတယ်” ဟု အိမ်သုံးလျှပ်စစ်မီတာတပ်ဆင်ခဲ့သည့် မုဒုံမြို့ခံ ကိုလင်းက ပြောသည်။

    ၄င်းတို့အိမ်သုံးမီတာလျှောက်ရာတွင်လည်း လျှပ်စစ်ရုံးသို့သာ တိုက်ရိုက်လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း၊ လျှောက်ထားစဉ်တွင်လည်း အစိုးရလျှပ်စစ်ရုံးသို့သာ လျှောက်ထားနိုင်ကြောင်း အဆိုပါမြို့ခံ ကပြောသည်။

    “အိမ်သုံးမီတာက တော်တော်များများ လျှောက်တာ ကျလာပြီးဆိုတာ့ လျှောက်တဲ့သူ နည်းလာလို့လည်း ဖြစ်နိုင်ပါတယ်” ဟု ကိုလင်းက ပြောသည်။

    ထိုသို့ မီတာများလျှောက်ထားရာတွင် မည်သည့်ထောက်ခံချက်များကို တောင်းခံခြင်းမပြုတော့ဘဲ သတ်မှတ်ချက်ပြည့်စုံပါက တစ်ရက်အတွင်း အပြီးတပ်ဆင်ပေးပြီး၊ မီတာများကို မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ထုတ်ယူနိုင်ရန် ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks