spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းသံလွင်ဂေဟစနစ်ပြောင်းလဲခြင်း စာတမ်းဖတ်ပွဲကျင်းပ

    သံလွင်ဂေဟစနစ်ပြောင်းလဲခြင်း စာတမ်းဖတ်ပွဲကျင်းပ

    -

    မြန်မာနိုင်ငံတွင် ရေစီးအသန်ဆုံးမြစ်တစ်ခုဖြစ်သည့် သံလွင်မြစ်ပေါ် ရေကာတာတည်ဆောက်ခြင်းနှင့် ပတ်သက်သည့် စာတမ်းဖတ်ပွဲနှင့်အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို စက်တင်ဘာ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပနေသည်။

    ယင်းစာတမ်းဖက်ပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲကို မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မော်လမြိုင်တက္ကသိုလ်ဘွဲ့ နှင်းသဘင်ခန်းမတွင်ကျင်းပရာ ထိုင်းနိုင်ငံသဘာဝပတ်ဝန်းကျင်အဖွဲ့များနှင့် တရုတ်နိုင်ငံမှပညာရှင်များ၊ တက္ကသိုလ်ကျောင်းအသီးသီးမှ ပညာရှင်များ၊ ပါမောက္ခဆရာကြီးများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာရှင်များနှင့် မွန်လူမှုအဖွဲ့အစည်းများ စုစုပေါင်း လူဦးရေ ၂၃၀ ကျော်ခန့် တက်ရောက်လျက် ရှိသည်။
    စာတမ်းဖတ်ပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် ဦးမင်းမင်းနွယ်က “ပညာရှင်တွေဆွေးနွေးဖြစ်တာက ဒီသံလွင်မြစ်ကြောင်းတစ်လျှောက်လုံးကို ပိတ်ထားတဲ့ရေကာတာ ၁၆ ခု အကြောင်းတွေကိုပေါ့၊ ဒီမြစ်ရေတွေကိုပိတ်လိုက်ခြင်းအားဖြင့် ဖြစ်ပေါ်လာမယ့် နောက်ဆက်ဆွဲအကျိုး ရလဒ်တွေကို အဓိကထားပြီး စာတမ်းဖတ်သွားတာဖြစ်တယ်” ဟု ပြောသည်။

    အဆိုပါစာတမ်းရှင်များနှင့် ကိုယ်စားလှယ်တို့သည် လာမည့် စက်တင်ဘာ ၅ ရက်နေ့တွင် သံလွင်မြစ်ဝှမ်းတစ်လျှောက်ပြောင်းလဲနေသည့် ဂေဟစနစ် များနှင့် ယင်းဒေသ၌ နေထိုင်လျက်ရှိသော ဒေသခံတို့၏ လူနေမှုဘဝပြောင်းလဲနေပုံများကို သွားရောက်လေ့လာမည်ဖြစ်ပြီး ဒေသခံများနှင့် တွေ့ဆုံမေးမြန်မှုများ ထပ်မံပြုလုပ်သွားမည်ဟုလည်း ဦးမင်းမင်းနွယ်က ဆိုသည်။

    အဆိုပါအခမ်းအနားသည် မြန်မာ့ပြန်ပြည့်မြဲစွမ်းအင်အသင်းနှင့် ထိုင်းနိုင်ငံ Towards Ecological Reco very & Regional Alliance တို့ပူပေါင်းပြီး သံလွင်မြစ်၏ ဂေဟစနစ်ဆိုင်ရာ သဃံဇာတများအပေါ် တက္ကသိုလ်များမှ သုတေသီတို့၏ တွေ့မြင်ချက်များကို ဆွေးနွေးရန်အတွက် ရည်ရွယ်ထားကြောင်း သိရသည်။

    ယင်းအခမ်းအနားတက်ရောက်ခဲ့သည့် ကိုကြည်ဇော်လွင်က “သံလွင် မြစ်နဲ့ပတ်သက်ပြီးအထူးလေ့လာထားတဲ့ပညာရှင်တစ်ယောက် ဖတ်ပြသွားတဲ့စာတမ်းမှာ သံလွင်မြစ်ပေါ် ရေကာတာ ဆောက်လုပ်ဖို့က လုံးဝမဖြစ်သင့်ဘူးလို့ ပြောသွားပါတယ် ” ဟု ဆိုသည်။
    သံလွင်မြစ်ပေါ် ရေကာတာစီမံကိန်းများ အကောင်အထည်ဖေါ်မည်ဆိုပါက ဒေသခံပြည်သူများ၏ ကျေးရွာများ၊ ထွန်ယက်စိုက်ပျိုးလျက်ရှိသည့် လယ်ယာများ ဆုံးရှုံးမည်ဖြစ်သကဲ့သို့ လက်ရှိဆောင်ရွက်နေဆဲဖြစ်သည့် တစ်နိုင်ငံလုံးအတိုင်းအတာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များကိုပါ ထိခိုက်နိုင်သည်ဟု မြန်မာနိုင်ငံ မြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့က ဆိုသည်။

    သံလွင်မြစ်ပေါ် ရေကာတာ စီမံကိန်းများကို Generating Authority of Thailand (EGAT) ကုမ္ပဏီ၊ China Three Gorges Project Development Corporation (CTGPDC) ကုမ္ပဏီ၊ မြန်မာနိုင်ငံဘက်မှ Shwe Taung Hydropower Company နှင့် Myanmar Electric Power Enterprise ကုမ္ပဏီတို့က တည်ဆောက်မှုနှင့် ပတ်သက်၍ ဆိုးကျိုးများကို ဒေသခံများအား အသိပေးခြင်း မရှိဟု မြန်မာ မြစ်ချောင်းများ ဆိုင်ရာ ကွန်ရက် မှတ်တမ်းများတွင် ဖော်ပြ ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks