spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်း မြန်မာနိုင်ငံ အမျိုးသမီး ဦးရေ အမျိုးသားထက်ပိုများ

    မြန်မာနိုင်ငံ အမျိုးသမီး ဦးရေ အမျိုးသားထက်ပိုများ

    -

    ရှေ့ပြေးလူဦးရေ စာရင်းအရ မြန်မာနိုင်ငံရှိ အမျိုးသမီးဦးရေသည် အမျိုးသားများထက် ၁.၇ သန်းခန့် ပိုများနေသည်ဟု

    ပြည်သူ့အင်အား ဦးစီးဌာန ဗဟိုသန်းခေါင်စားရင်းကော်မတီက ထုတ်ပြန်ထားသည်။

    ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့ ညသန်းခေါင်ယံအချိန်ထိ မြန်မာနိုင်ငံအတွင်း နေထိုင်နေသူ ရှေ့ပြေးလူဦးရေစာရင်း တစ်နိုင်ငံလုံး တွက်ချက်မှုအရ လူဦးရေ ၅၁.၄၁ သန်းရှိပြီး၊ အမျိုးသားဦးရေ ၂၄.၈ သန်း၊ အမျိုးသမီး လူဦးရေ ၂၆.၅ သန်း ခန့်ရှိသည်။

    တိုင်းနှင့် ပြည်နယ် မြို့ကြီးများအနက် လူဦးရေ အများဆုံးမြို့မှာ ရန်ကုန်တိုင်းဒေသကြီး ၇.၅၅ သန်း၊ ဒုတိယ ဧရာဝတီတိုင်းဒေသကြီး ၆.၁၇၅ သန်း နှင့် တတိယ မန္တလေးတိုင်းဒေသကြီး ၆.၁၄၅ သန်း တို့ဖြစ်ပြီး၊ ကယာပြည်နယ်တွင် လူဦးရေ အနည်းဆုံးဖြစ်သည်။

    လူဦးရေ သိပ်သည်းဆအရ ၁ စတုရန်းကီလိုမီတာတွင် ၇၆ ဦးဖြစ်၍ လူဦးရေ အထူထပ်ဆုံးမှာ ရန်ကုန်မြို့ဖြစ်ပြီး၊ လူဦးရေ အကျဲပါးဆုံးဒေသမှာ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့ ဖြစ်သည်။

    တိုင်းနှင့် ပြည်နယ် မြို့ကြီးများအနက် လူဦးရေ အများဆုံးမြို့မှာ ရန်ကုန် ၅.၂ သန်း၊ ဒုတိယ မန္တလေး ၁.၂ သန်း နှင့် တတိယ နေပြည်တော် ၁.၁ သန်း တို့ဖြစ်ပြီး၊ ကယားပြည်နယ်တွင် လူဦးရေ အနည်းဆုံးဖြစ်သည်။

    ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် ရှေ့ပြေး လူဦးရေ စာရင်းများအရ ထုတ်ပြန်လိုက်သော မြန်မာနိုင်ငံအတွင်း လူဦးရေ ၅၁.၄၁ သန်းကျော်တွင် ပြည်ပရောက် မြန်မာသံရုံးဝန်ထမ်းများကလွဲပြီး ရွှေ့ပြောင်းလုပ်ကိုင်နေကြသူများ မပါဝင်သေးကြောင်း သိရသည်။

    သန်းခေါင်စာရင်းကောက်ယူစဉ်က မေးမြန်းခဲ့သည့် မေးခွန်း (၄၁) ချက်ပါ အချက်အလက်များကို ၂၀၁၅ မေလတွင် ထုတ်ပြန်နိုင်မည်ဟု သြဂုတ်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ပြောကြားခဲ့ပြီးဖြစ်သည်။

    လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ကျော် သန်းခေါင်စာရင်းကောက်ခံချက်တွင် သေစာရင်း မွေးစာရင်း အချက်သာ ကောက်ခံနိုင်ခဲ့ပြီး ပြည့်စုံမှန်ကန်မှုမရှိဟု ဦးခင်ရီက ဆိုသည်။

    ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်မှ ဧပြီ ၁၀ ရက်နေ့ အထိ ၁၂ ရက်သာကာလတွင် ကောက်ကွက်ပေါင်း (၈၀၅၅၇) ကွက် စာရင်းစစ် ၂၅၀ဝ၀၊ စားရင်းကောက် ၉၀ဝ၀ဝ ရှိပြီး၊ ရန်ခိုင်ပြည်နယ် မောင်တော၊ မြောက်ဦး၊ စစ်တွေခရိုင်တွင် စာရင်ကောက်ခံရန်ငြင်းဆိုခဲ့သည်။

    တိုင်းပြည်ဖွံ့ဖြိုးမှုနှင့် လူဦးရေတိုးတက်မှုကို တိုင်းတာရန်အတွက် နိုင်ငံအသီးသီးအား(၁၀)နှစ်လျှင်တစ်ကြိမ် သန်းခေါင်စာရင်းကောက်ယူရန် ကမ္ဘာ့ကုလသမဂ္ဂမှ အကြံပြုထားသည်။

    ကုလသမဂ္ဂ၏ ကမ္ဘာ့သန်းခေါင်စာရင်းကောက်ယူမှု အစီအစဉ်အရ ၂၀ဝ၅ ခုနှစ်မှစ၍ နိုင်ငံပေါင်း (၂၀ဝ)တွင် သန်းခေါင်စာရင်းကောက်ယူပြီး ဖြစ်သည်ဟုသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks