spot_img
Tuesday, January 20, 2026
More
    spot_img
    Homeသတင်းကျိုက်မရော - ကော့ကရိတ် နယ်စပ်တံတားအနီး အမျိုးသမီအလောင်းတစ်ခုတွေ့ရှိ

    ကျိုက်မရော – ကော့ကရိတ် နယ်စပ်တံတားအနီး အမျိုးသမီအလောင်းတစ်ခုတွေ့ရှိ

    -

    ကျိုက်မရောမြို့နယ်မှ ကော့ပလိုင်ကျေးရွာမှ ကော့ကရိတ်မြို့နယ် ကော့ကရွတ်/မင်းရွာကျေးရွာသို့ ဖားဖျောက်ချောင်းအားဖြတ်ကျော်၍ဆက်သွယ်ထားသော မွန်-ကရင်ပြည်နယ်၊ နယ်စပ်တံတား အနီး၌ အောက်ပိုင်းအဝတ် အစားမဲ့လျက်

    ခြေထောက်ရင်းတွင် ဘောင်းဘီတိုလုံးထွေးနေသော အမျိုးသမီးမိန်းမပျိုတစ်ဦး၏ အလောင်းတစ်ခု အားတွေ့ရှိထားကြောင်း သိရသည်။

    ထိုသေဆုံးသူအား တံတားအနီးရှိ မြောင်းထဲတွင်တွေ့ရှိထားပြီး ထိုအရပ်ထိုဒေသမှ မိန်းကလေးတစ်ဦး မဟုတ်ကြောင်း၊ အခင်းဖြစ်ပွားပုံ အလောင်း၏လက္ခဏာအရ ထိုမိန်းကလေးကိုသတ်ဖြတ်ပြီးမှ ကား ဖြစ်သယ်ဆောင်လာပြီး တံတားအနီးပတ်ဝန်းကျင်၌စွန့်ပစ်ထားပုံရှိကြောင်း ကော့ပလိုင်ဒေသခံဆရာ တော်ဘုရားကြီး ကေသုမာလာ ကမိန့်သည်။

    ဆရာတော်ဘုရားကြီးက “အခင်းဖြစ်ပွားပုံနဲ့ အခင်းဖြစ်ပွားတဲ့နေရာအနီးတစ်ဝိုတ်မှလူတွေပြောကြား ချက်အရ အလောင်းကိုကားနဲ့သယ်လာပြီး အဲ့ဒီနေရာမှာပစ်ထားတာပါ၊ အခင်းမဖြစ်ပွားခင် ည ၁၀ နာ ရီခန့်က အစိမ်းရောင်ဖင်ကောက် ကားတစ်စင်းက အရှေ့မီးအနောက်မီးများပိတ်ထားပြီးတံတားပေါ်မှာ ရပ်နေတာကို အနီးအနားကလူတွေကမြင်ခဲ့ရပါတယ်” ဟု မိန့်ကြားသည်။

    အဆိုပါ ကော့ပလိုင်ရွာ ကော့ကရွတ်ရွာသို့ဆက်သွားရာ တံတားနှင့် လမ်းတစ်လျှောက်လုံးသည် ရွာ၏ အပြင်ဘက်တွင် တည်ရှိ၍ လမ်းသွားလမ်းလာ ဒေသခံများသွားလာမှုပျက်လပ်သောနေရာတစ်ခုဖြစ်ပြီး ဒေသခံလူငယ်များ မူးယစ်ဆေးသုံးစွဲရာနေရာဖြစ်သောကြောင့် အဆိုပါရပ်ထားသည့်ကားကိုလည်း ထို ကဲ့သို့ထင်မြင်မိ၍ သတိမထားမိကြောင်း၊ မှုခင်းအချက်အလက်များနှင့်ပတ်သက်၍ နယ်မြေခံရဲစခန်းမှ တာဝန်ရှိသူများက လက်ဆက်စစ်ဆေးနေလျက်ရှိကြောင်း မှုခင်းဖြစ်စဉ်နေရာအနီးအနားရှိ ဒေသခံများ ကပြောသည်။

    အထက်ပါမှုခင်းဖြစ်စဉ်များနှင့် ပက်သက်၍ တရနာကျေးရွာရဲစခန်းအား ဆက်သွယ်မေးမြန်းသော် လည်း လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ။ ထို့နောက် ကျိုက်မရော- ကော့ကရိတ် သို့ဆက်သွယ်ထားသောတံတား၌ ထိုကဲ့သို့သော အလားတူမှုခင်း ဖြစ်စဉ်မျိုးမဖြစ်ပွားခဲ့ဖူးကြောင်း ဒေသခံများက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts