Monday, April 13, 2026
More
    spot_img
    Homeသတင်းသေဆုံးသူမြန်မာအလုပ်သမား နစ်နာကြေး ဘတ်တစ်သိန်းရမည်ဟုဆို

    သေဆုံးသူမြန်မာအလုပ်သမား နစ်နာကြေး ဘတ်တစ်သိန်းရမည်ဟုဆို

    -

    ထိုင်းနိုင်ငံ၊ ဆမုတ်ပရာကန်ခရိုင် လျှပ်စစ်ရေနွေး ဘွိုင်လာအိုးပေါက်ကွဲဒဏ်ရာရရှိခဲ့သည့် မြန်မာအလုပ်သမားတစ်ဦး သေဆုံးမှုလျော်ကြေး ထိုင်းဘတ်ငွေတစ်သိန်း (မြန်မာ ကျပ်ငွေ သိန်း ၃၀ ခန့်) ရရှိမည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ အလုပ်သမား သံအရာရှိ ဦးသိန်းနိုင်က ပြောသည်။

    “ဘွိုင်လာ ပေါက်တဲ့စက်ရုံက သေဆုံးသူကို လျောကြေးငွေ ဘတ်တစ်သိန်း နစ်နာကြေး ပေးမယ်လို့ ကျတော် တို့ကို ကတိပြု ထားတာ ရှိတယ်။ ဒါ့အပြင် လူမှု ဖူလုံရေး အာမခံကြေး စုဆောင်းငွေ (၁၁၈၇၃) လည်း ထုတ်ပေး မယ်လို့ ကျနော်တို့ကို ပြောထားပါတယ်” ဟု ဦးသိန်းနိုင်က ဆိုသည်။

    မြန်မာ အလုပ်သမား အများအပြား အလုပ်လုပ်ကိုင်နေသည့် စမုတ်ပရာကန် ခရိုင်၊ ပါ့နန်း မြို့နယ် ထိုင်းဘန်း အရပ်ရှိ WONGPASIT Printing Co.Ltd ချည်ထည် ဆေးဆိုးပန်းရိုက် စက်ရုံ၌ ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက်နေ့တွင် လုပ်ငန်းခွင်သုံး လျှပ်စစ်ရေနွေး ဘွိုင်လာအိုး အပူလွန်ကဲရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

    ထိုပေါက်ကွဲမှုတွင် မြန်မာ နိုင်ငံသား (၁၈) ဦး နှင့် ထိုင်းနိုင်ငံသား (၄) ဦး ဒဏ်ရာရခဲ့သည့်အနက် သြဂုတ်လ (၁၉) ရက်နေ့က မအေးခိုင် ဆုံးပါးခဲ့ခြင်း ဖြစ်သည်။

    သို့ရာတွင် စက်ရုံက ပေးမည့် လျော်ကြေး ပမာဏ နည်းပါးလွန်းသည်ဟု မြန်မာ အလုပ်သမားအရေး ကူညီ ဆောင်ရွက် ပေးနေသည့် ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများအဖွဲ့ (MTA) ဒါရိုက်တာ ဦးကျော်သောင်းက ပြောသည်။

    “ထိုင်းအလုပ်သမား ဥပဒေ အရ ဆိုရင် လုပ်ငန်းခွင် အတွင်း လက်တစ်ဆစ်လောက် ပြတ်တာတောင်မှ နစ်နာကြေး ဘတ်ငွေ ၁ သိန်း ပေးရ တယ်၊ ကားတိုက် သေတာတို့ လုပ်ငန်းခွင် ထဲမှာ သေတာတို့က အနည်းဆုံး ဘတ်ငွေ ခြောက်သိန်း ရအောင် ကျနော်တို့ ကူညီ လုပ်ဆောင် ပေးခဲ့ဖူးပါတယ်၊ အခုက ဘတ်ငွေ တစ်သိန်းပဲ ရမယ် ဆိုတာတော့ အလွန်နည်းလွန်း ပါတယ်” ဟု ဦးကျော်သောင်းက ဆိုသည်။

    သေဆုံးသွားသူ မအေးခိုင်အတွက် လျော်ကြေး ဘတ်ငွေ တစ်သိန်းမှာ မပြောပ လောက်သော ပမာဏဖြစ်ပြီး ဥပဒေကြောင်း နှင့်လည်း ညီညွတ်မှု မရှိကြောင်း ဦးကျော်သောင်းက ဆက်ပြောသည်။

    အဆိုပါ လျော်ကြေးငွေ ထိုင်းဘတ် တစ်သိန်းကို လက်ခံလက်ခံရယူ၍ သက်ဆိုင်ရး မိဘထံသို့ ပေးပို့မည် ဟုလည်း ဦးသိန်းနိုင်က ဆိုသည်။

    “လျော်ကြေး ပေးနိုင်ဖို့ သူ့မိဘတွေကို ဆက်သွယ်ဆဲပဲ ဖြစ်ပါတယ်၊ အဆက် အသွယ် တော့ရပါပြီ၊ အိမ်ထောင်စု မှန်မမှန် စီစစ်နေပါတယ်” ဦးသိန်းနိုင်က ပြောသည်။

    မြန်မာနိုင်ငံ အလုပ်သမား ဝန်ကြီး ဌာနမှလည်း ထိုပေါက်ကွဲ မှုကြောင့် ဒဏ်ရာ ရထားသည့် မြန်မာ နိုင်ငံသား လူနာ များထဲမှ စိုးရိမ် ရသောလူနာ ၂ ဦး အတွက် တစ်ဦးလျှင် ဘတ် ၅၀ဝ၀ နှုန်း၊ အရေးကြီး လူနာ ၄ ဦးအတွက် တစ်ဦးလျှင် ဘတ် ၃၀ဝ၀ နှုန်း၊ ကျန်လူနာ များအတွက်တစ်ဦးလျှင် ဘတ် ၂၀ဝ၀ နှုန်း ထောက်ပံ့ကြေး ပေးအပ်သွားမည် ဖြစ်ကြောင်း သြဂုတ်လ (၁၇) ရက်နေ့တွင် ထိုင်းနိုင်ငံ အလုပ်သမားသံအရာရှိမှ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန နေပြည်တော်သို့ တင်ပြသော အစီရင်ခံစာဖော်ပြပါရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks